[Zawgyi]
Apple ဟာ iOS 12.1.3 Developer Beta Update ကို မနေ့တုန်းက ထုတ်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ လာမယ့်ရက်မှာလည်း macOS 10.14.3 နဲ့ tvOS 12.1.2 Beta တွေကို ဆက်လက် ထုတ်လွှတ်ပေးသွားဦးမယ်လို့ ဆိုပါတယ်။ WatchOS 5.1.3 Beta 2 နဲ့ iOS နဲ့ tvO တို့ အတွက် Public betas တွေကတော့ ရရှိပြီးသား ဖြစ်တယ်လို့ သိရပါတယ်။
Ref: GAMarena
[Unicode]
Apple ဟာ iOS 12.1.3 developer beta Update ကို မနေ့တုန်းက ထုတ်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ လာမယ့်ရက်မှာလည်း macOS 10.14.3 နဲ့ tvOS 12.1.2 beta တွေကို ဆက်လက် ထုတ်လွှတ်ပေးသွားဦးမယ်လို့ ဆိုပါတယ်။ WatchOS 5.1.3 beta 2 နဲ့ iOS နဲ့ tvO တို့ အတွက် Public betas တွေကတော့ ရရှိပြီးသား ဖြစ်တယ်လို့ သိရပါတယ်။
Apple ရဲ့ ဒီ Update တွေဟာ တရုတ်မှာ iPhone ရောင်းချမှု ပိတ်ပင်ခံရပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထွက်လာခြင်း ဖြစ်ပါတယ်။ Qualcomm နဲ့ ဖြစ်ပွားတဲ့ မူပိုင်ခွင့်ပြဿနာဟာ Software Update တင်လိုက်ရင် ကင်းလွတ်သွားမယ်လို့ Apple က အခိုင်အမာ ပြောခဲ့ပြီးနောက် အခုလို Update တွေ တစ်ဆင့်ချင်း ပေးလာတာလည်း ဖြစ်ပါတယ်။
iOS 12 ဟာ ဒီနှစ်ထဲမှာ Group FaceTime, Dual SIM support , Real time Depth control နဲ့ New emoji တွေအပါအဝင် အခြား ပြောင်းလဲမှုတွေပါဝင်တဲ့ Update တွေ ပေးခဲ့ပါတယ်။ ဒီ ပြောင်းလဲမှုတွေဟာ iOS 12.1 နဲ့ iOS 12.1.1 တွေရဲ့ အစိတ်အပိုင်းတွေလို့ ပြောရင်လည်း ရပါတယ်။ အခုနောက်ဆုံး iOS Update က အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း 12.1.3 ဖြစ်ပါတယ်။
iOS 12.1.2 မှာတုန်းကတော့ Apple ဟာ Multitasking animation ကို ပြောင်းလဲလိုက်ပါတယ်။ ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး Reposition ကို ဖယ်ရှားခဲ့ပါတယ်။ ဒါကြောင့် Qualcomm နဲ့ ဖြစ်ပွားခဲ့တဲ့ မူပိုင်ခွင့်ပိုင်းဆိုင်ရာ ကိစ္စက လွတ်ကင်းသွားပြီလို့ ဆိုရမှာပါ။ အခုပေးလိုက်တဲ့ iOS 12.1.3 မှာလည်း စိတ်ဝင်စားစရာ တွေပါဝင်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။
Ref: GAMarena