[Zawgyi]

Apple ဟာ iPhone အေဟာင္းေတြရဲ႕ စြမ္းေဆာင္ရည္ေတြ ေႏွးေကြးလာျခင္းအေၾကာင္းရင္းကို ဝန္ခံခဲ့ၿပီးတဲ့ေနာက္ အသုံးျပဳသူေတြ စိတ္ေက်နပ္မႈရဖို႔အတြက္ ဘက္ထရီသစ္လဲလွယ္ျခင္းကို ေဈးေလွ်ာ့ေပးခဲ့ရပါတယ္။ အစပိုင္းကေတာ့ Apple က iPhone အေဟာင္းေတြ ေႏွးေကြးရျခင္းအေၾကာင္းကို ႏႈတ္ဆိတ္ေနခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ထုတ္ေဖာ္ဝန္ခံခဲ့ရပါတယ္။

ဒီေနာက္မွာေတာ့ ကုမၸဏီဟာ ဘက္ထရီသစ္ေတြကို ၂၉ ေဒၚလာႏႈန္းေလွ်ာ့ေဈးနဲ႔အတူ လဲလွယ္ခြင့္ျပဳခဲ့ပါတယ္။ ရလဒ္ကေတာ့ ၂၀၁၈ ခုႏွစ္အတြင္း ဘက္ထရီလဲလွယ္ခဲ့တဲ့ iPhone အလုံးေရက ၁၁ သန္းနီးပါးျဖစ္ခဲ့တာပါ။ ဒီကိန္းဂဏန္း အခ်က္အလက္ကို Tim Cook ကိုယ္တိုင္က ထုတ္ျပန္ေဝမွ်ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီလို ဘက္ထရီလဲလွယ္မႈေၾကာင့္ ကုမၸဏီအေနနဲ႔ iPhone သစ္ေတြ ေရာင္းခ်ရာမွာ အဟန႔္အတား ျဖစ္ခဲ့ေၾကာင္းလည္း Tim Cook က ေရာင္းအားက်ဆင္းမႈနဲ႔ပတ္သက္တဲ့ ေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပခဲ့ပါေသးတယ္။ တကယ္တမ္းမွာလည္း ၂၀၁၈ ထုတ္ iPhone ေတြျဖစ္ၾကတဲ့ iPhone XR, XS, XS Max တို႔ဟာလည္း ကုမၸဏီရဲ႕ ေမွ်ာ္မွန္းထားတဲ့ ပမာဏထက္ မ်ားစြာကို ေရာင္းအားက်ဆင္းခဲ့ရၿပီး ထုတ္လုပ္မႈေတြကိုလည္း ေလွ်ာ့ခ်ခဲ့ရတာ ျဖစ္ပါတယ္။

ဘက္ထရီစြမ္းေဆာင္ရည္ က်ဆင္းမႈ ျပႆနာကို ႀကဳံေတြ႕ခဲ့ရတဲ့ iPhone ေတြကေတာ့ iPhone 6, iPhone 6s နဲ႔ iPhone SE ေတြက အမ်ားဆုံးလို ျဖစ္ခဲ့ၾကေၾကာင္း သိရပါတယ္။ ဒီဖုန္းေတြအတြက္ Apple က ဘက္ထရီသက္တမ္းကို ရွည္ၾကာေစမယ့္ Feature ကို ထုတ္ေပးခဲ့ေပမယ့္လည္း အလုပ္မျဖစ္ခဲ့ပါဘူး။ iPhone 7 ဆိုရင္လည္း iOS 11.2 update မွာ ထည့္သြင္းေပးခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အသုံးျပဳသူေတြကေတာ့ ေလွ်ာ့ေဈးအစီအစဥ္နဲ႔ ဘက္ထရီသစ္လဲလွယ္ျခင္းကိုပဲ ေ႐ြးခ်ယ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း iPhone အသုံးပြုသူ ၁၁ သန်းခန့် ဘက်ထရီသစ် လဲလှှယ်ခဲ့ကြ

Apple ဟာ iPhone အဟောင်းတွေရဲ့ စွမ်းဆောင်ရည်တွေ နှေးကွေးလာခြင်းအကြောင်းရင်းကို ဝန်ခံခဲ့ပြီးတဲ့နောက် အသုံးပြုသူတွေ စိတ်ကျေနပ်မှုရဖို့အတွက် ဘက်ထရီသစ်လဲလှယ်ခြင်းကို ဈေးလျှော့ပေးခဲ့ရပါတယ်။ အစပိုင်းကတော့ Apple က iPhone အဟောင်းတွေ နှေးကွေးရခြင်းအကြောင်းကို နှုတ်ဆိတ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထုတ်ဖော်ဝန်ခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ ကုမ္ပဏီဟာ ဘက်ထရီသစ်တွေကို ၂၉ ဒေါ်လာနှုန်းလျှော့ဈေးနဲ့အတူ လဲလှယ်ခွင့်ပြုခဲ့ပါတယ်။ ရလဒ်ကတော့ ၂၀၁၈ ခုနှစ်အတွင်း ဘက်ထရီလဲလှယ်ခဲ့တဲ့ iPhone အလုံးရေက ၁၁ သန်းနီးပါးဖြစ်ခဲ့တာပါ။ ဒီကိန်းဂဏန်း အချက်အလက်ကို Tim Cook ကိုယ်တိုင်က ထုတ်ပြန်ဝေမျှခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ဘက်ထရီလဲလှယ်မှုကြောင့် ကုမ္ပဏီအနေနဲ့ iPhone သစ်တွေ ရောင်းချရာမှာ အဟန့်အတား ဖြစ်ခဲ့ကြောင်းလည်း Tim Cook က ရောင်းအားကျဆင်းမှုနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ တကယ်တမ်းမှာလည်း ၂၀၁၈ ထုတ် iPhone တွေဖြစ်ကြတဲ့ iPhone XR, XS, XS Max တို့ဟာလည်း ကုမ္ပဏီရဲ့ မျှော်မှန်းထားတဲ့ ပမာဏထက် များစွာကို ရောင်းအားကျဆင်းခဲ့ရပြီး ထုတ်လုပ်မှုတွေကိုလည်း လျှော့ချခဲ့ရတာ ဖြစ်ပါတယ်။

ဘက်ထရီစွမ်းဆောင်ရည် ကျဆင်းမှု ပြဿနာကို ကြုံတွေ့ခဲ့ရတဲ့ iPhone တွေကတော့ iPhone 6, iPhone 6s နဲ့ iPhone SE တွေက အများဆုံးလို ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။ ဒီဖုန်းတွေအတွက် Apple က ဘက်ထရီသက်တမ်းကို ရှည်ကြာစေမယ့် Feature ကို ထုတ်ပေးခဲ့ပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ iPhone 7 ဆိုရင်လည်း iOS 11.2 update မှာ ထည့်သွင်းပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အသုံးပြုသူတွေကတော့ လျှော့ဈေးအစီအစဉ်နဲ့ ဘက်ထရီသစ်လဲလှယ်ခြင်းကိုပဲ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref: 9To5Mac