[Zawgyi]

Apple က ၂၀၁၉ ထုတ္ iPhone ေတြအတြက္ Qualcomm modem အစား Intel ဒါမွဟုတ္ Samsung နဲ႔ MediaTek တစ္ခုခုကို အစားထိုးဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းကိုၾကားရေတာ့ Apple ဟာ Qualcomm ကို အႀကီးအက်ယ္ စိတ္နာသြားတယ္လို႔ ထင္ေကာင္း ထင္ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္က Apple ဘက္ကေန ဖြင့္ဟလိုက္တဲ့ သတင္းကေတာ့ တစ္မ်ိဳးျဖစ္ပါတယ္။ Apple ဟာ ၂၀၁၈ ထုတ္ကုန္ေတြျဖစ္တဲ့ iPhone XS, XS Max နဲ႔ XR တို႔မွာ Qualcomm modems ေတြကို အသုံးျပဳခ်င္ေပမယ့္ Qualcomm ဘက္က ေရာင္းခ်ဖို႔ ျငင္းပယ္ခဲ့တယ္ဆိုတာပါပဲ။

“အဆုံးသတ္မွာေတာ့ သူတို႔က ကြၽန္ေတာ္တို႔ကို ဆက္ၿပီးေထာက္ပံ့ေပးတာတို႔ Chip ေတြေရာင္းေပးတာတို႔ လုပ္မွာ မဟုတ္ေတာ့ပါဘူး” လို႔ Apple ရဲ႕ Chief operating officer ျဖစ္သူ Jeff Williams က ေျပာဆိုလိုက္ပါတယ္။ William ဟာ ဒီစကားကို အေမရိကန္ဖက္ဒရယ္ကုန္သြယ္ေရး ေကာ္မရွင္ကို သက္ေသခံခ်က္တစ္ခုအျဖစ္ ထြက္ဆိုစဥ္မွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

Qualcomm ဟာ လက္ရွိအခ်ိန္မွာ မူပိုင္ခြင့္ပိုင္းဆိုင္ရာ မေလ်ာ္ညီစြာျပဳမူမႈ (အလြဲသုံးမႈ) အတြက္ တရားရင္ဆိုင္ေနရာတာ ျဖစ္ပါတယ္။ Qualocmm ရဲ႕ ဒီလုပ္ရပ္ကို တရားတေဘာင္နဲ႔ ေျဖရွင္းဖို႔ ႀကိဳးစားေနတာဟာ အေမရိကန္ ဖက္ဒရယ္ကုန္သြယ္ေရး ေကာ္မရွင္ တစ္ခုတည္းကေတာ့ မဟုတ္ပါဘူး။

Qualcomm ရဲ႕ မူပိုင္ခြင့္ကိုအသုံးခ်ၿပီး ေဈးကြက္ကို တစ္ဦးတည္းခ်ဳပ္ကိုင္လိုတဲ့ လုပ္ေဆာင္မႈအတြက္ ၂၀၁၅ ခုႏွစ္တုန္းက တ႐ုတ္အစိုးရက အေမရိကန္ေဒၚလာ ၉၇၅ မီလီယံ ဝန္းက်င္ ဒဏ္ေၾကးခ်မွတ္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ ေတာင္ကိုရီးယားက အေမရိကန္ေဒၚလာ ၈၅၄ မီလီယံဝန္းက်င္ ဒဏ္ေၾကးသတ္မွတ္ခဲ့ျပန္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာေတာ့ ဥေရာပသမဂၢက Apple နဲ႔ သီးသန႔္သေဘာတူညီမႈကို ဖ်က္ပစ္ခဲ့တဲ့အတြက္ အေမရိကန္ေဒၚလာ ၁.၂ ဘီလီယံ ဒဏ္ေၾကးခ်မွတ္ခဲ့ဖူးတာ ျဖစ္ပါတယ္။

Qualcomm ဟာ သူ႔နဲ႔ ခ်ဳပ္ဆိုထားတဲ့ ကုမၸဏီေတြအေနနဲ႔ အျခား Chip ေတြကို အသုံးျပဳခြင့္မရေအာင္ ကန႔္သတ္ခဲ့ပါတယ္။ Apple ဟာ သူ႔ရဲ႕ ေနာက္ဆုံးထြက္ iPhone ေတြမွာ Intel နဲ႔ Qualcomm တို႔ရဲ႕ Chip ေတြကို မွ်သုံးဖို႔ ရည္႐ြယ္ထားခဲ့ေပမယ့္ Qualcomm ရဲ႕ ကန႔္သတ္ခ်က္ေၾကာင့္ Intel ေတြကိုပဲ သုံးခဲ့ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Apple အေနနဲ႔ Qualcomm modem တစ္ခုကို ၁.၅၀ ေဒၚလာနဲ႔ ေပးေခ်ဖို႔ ညႇိႏႈိင္းခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ Qualcomm က ေတာင္းတဲ့ ေဈးအတိုင္း ၇.၅၀ ေဒၚလာနဲ႔ပဲ ဝယ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Qualcomm modem ေတြက Intel modem ေတြထက္ ျမန္ႏႈန္းျမင့္တာကေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

iPhone သစ်တွေအတွက် Qualcomm က Chip မရောင်းလို့ Intel ပဲ သုံးရတာဖြစ်ကြောင်း Apple ဖွင့်ဟ

Apple က ၂၀၁၉ ထုတ် iPhone တွေအတွက် Qualcomm modem အစား Intel ဒါမှဟုတ် Samsung နဲ့ MediaTek တစ်ခုခုကို အစားထိုးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကိုကြားရတော့ Apple ဟာ Qualcomm ကို အကြီးအကျယ် စိတ်နာသွားတယ်လို့ ထင်ကောင်း ထင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်က Apple ဘက်ကနေ ဖွင့်ဟလိုက်တဲ့ သတင်းကတော့ တစ်မျိုးဖြစ်ပါတယ်။ Apple ဟာ ၂၀၁၈ ထုတ်ကုန်တွေဖြစ်တဲ့ iPhone XS, XS Max နဲ့ XR တို့မှာ Qualcomm modems တွေကို အသုံးပြုချင်ပေမယ့် Qualcomm ဘက်က ရောင်းချဖို့ ငြင်းပယ်ခဲ့တယ်ဆိုတာပါပဲ။

“အဆုံးသတ်မှာတော့ သူတို့က ကျွန်တော်တို့ကို ဆက်ပြီးထောက်ပံ့ပေးတာတို့ Chip တွေရောင်းပေးတာတို့ လုပ်မှာ မဟုတ်တော့ပါဘူး” လို့ Apple ရဲ့ Chief operating officer ဖြစ်သူ Jeff Williams က ပြောဆိုလိုက်ပါတယ်။ William ဟာ ဒီစကားကို အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေး ကော်မရှင်ကို သက်သေခံချက်တစ်ခုအဖြစ် ထွက်ဆိုစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

Qualcomm ဟာ လက်ရှိအချိန်မှာ မူပိုင်ခွင့်ပိုင်းဆိုင်ရာ မလျော်ညီစွာပြုမူမှု (အလွဲသုံးမှု) အတွက် တရားရင်ဆိုင်နေရာတာ ဖြစ်ပါတယ်။ Qualocmm ရဲ့ ဒီလုပ်ရပ်ကို တရားတဘောင်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာဟာ အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေး ကော်မရှင် တစ်ခုတည်းကတော့ မဟုတ်ပါဘူး။

Qualcomm ရဲ့ မူပိုင်ခွင့်ကိုအသုံးချပြီး ဈေးကွက်ကို တစ်ဦးတည်းချုပ်ကိုင်လိုတဲ့ လုပ်ဆောင်မှုအတွက် ၂၀၁၅ ခုနှစ်တုန်းက တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၉၇၅ မီလီယံ ဝန်းကျင် ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၈၅၄ မီလီယံဝန်းကျင် ဒဏ်ကြေးသတ်မှတ်ခဲ့ပြန်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာတော့ ဥရောပသမဂ္ဂက Apple နဲ့ သီးသန့်သဘောတူညီမှုကို ဖျက်ပစ်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ဒဏ်ကြေးချမှတ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

Qualcomm ဟာ သူ့နဲ့ ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေအနေနဲ့ အခြား Chip တွေကို အသုံးပြုခွင့်မရအောင် ကန့်သတ်ခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ နောက်ဆုံးထွက် iPhone တွေမှာ Intel နဲ့ Qualcomm တို့ရဲ့ Chip တွေကို မျှသုံးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် Qualcomm ရဲ့ ကန့်သတ်ချက်ကြောင့် Intel တွေကိုပဲ သုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Apple အနေနဲ့ Qualcomm modem တစ်ခုကို ၁.၅၀ ဒေါ်လာနဲ့ ပေးချေဖို့ ညှိနှိုင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ Qualcomm က တောင်းတဲ့ ဈေးအတိုင်း ၇.၅၀ ဒေါ်လာနဲ့ပဲ ဝယ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Qualcomm modem တွေက Intel modem တွေထက် မြန်နှုန်းမြင့်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

Ref: The Verge