Apple ဟာ မနေ့တုန်းက မနှစ်တုန်းက နောက်ဆုံးအနေနဲ့ ထွက်ရှိထားတဲ့ MacBook Pro 2017 Model တွေကို Intel ကနေ နောက်ဆုံးထွက်ရှိထားတဲ့ 8th Generation Processor တွေနဲ့ အစားထိုးခဲ့ပါတယ်။ အခုလိုမျိုး Upgrade လုပ်ပေးလိုက်တဲ့အပြင် Intel Core i9 Processor ကိုပါ MacBook Pro 15″ 2018 Model မှာ ရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Apple ကနေ MacBook အသစ်တွေကို ထုတ်လုပ်လိုက်တဲ့အပြင် လက်ရှိရောင်းချနေတဲ့ Model အနိမ့်တွေဖြစ်တဲ့ 2015 Model MacBook Pro Laptop တွေကို အခုအချိန်မှာ ရောင်းချနေမှုကို လုံးဝရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ရဲ့ 2015 MacBook Pro တွေက သက်တမ်းအရ ၂ နှစ်ကျော်ပဲ ခံခဲ့တယ်လို့ ပြောရမှာပါ။

အခု 2015 MacBook Pro ဟာ Apple အတွက်တော့ ထူးခြားတဲ့ MacBook Pro Lineup တစ်ခုဖြစ်ခဲ့ပြီးတော့ အဲ့ဒါကလည်း အဆိုပါ MacBook တွေက လက်ရှိ Apple MacBook တွေမှာ အသုံးပြုနေတဲ့ Butterfly Keyboard မဟုတ်တဲ့ သာမန် Keyboard ကို အသုံးပြုထားတာဖြစ်ပြီးတော့ USB-A Port ၊ HDMI Port နဲ့ SD Card Slot တွေပါ ပါဝင်ခဲ့တဲ့ MacBook Pro တစ်ခုလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ MacBook Pro မှာရော၊ သာမန် MacBook 12″ မှာပါ အဆိုပါ USB-A Port ၊ HDMI Port တွေနဲ့ SD Card Slot တွေကို လုံးဝဖြုတ်ပစ်လိုက်ပြီးတော့ USB-C Ports တွေနဲ့ပဲအစားထိုးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ အဆိုပါ Ports တွေကို အသုံးပြုချင်တယ်ဆိုရင် Model အဟောင်း MacBook Pro တွေကို ဝယ်ယူလို့မရနိုင်တဲ့အတွက် MacBook Pro အသစ်တွေကိုပဲ Dongle နဲ့ အသုံးပြုရတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Apple MacBook Pro 2015 Model တွေကို ဆက်လက်ရောင်းချမှာမဟုတ်တော့တာက Apple အနေနဲ့ နောက်ပိုင်းမှာ အခြားသော USB Ports တွေအစား USB-C ကိုပဲ အသားပေးသွားတော့မယ်ဆိုတာကို ဖော်ပြနေသလိုပါပဲ။