[Zawgyi]
တရားရုံးကို စတင်ဦးတိုက်လျှောက်ထားစဉ်က Third-Party လက်လီအရောင်းဆိုင်အချို့မှာ ဆက်လက်ရောင်းချနေဆဲဖြစ်ပေမယ့် တရားရုံးဆုံးဖြတ်ချက် ချမှတ်ပြီးချိန်မှာတော့ Apple အနေနဲ့ ဂျာမနီနိုင်ငံတွင်းမှာ iPhone 7 နဲ့ iPhone 8 တွေကို ကိုယ်ပိုင်စတိုးဆိုင်တွေရဲ့ Online ရော၊ Offline ပါ ရောင်းချခွင့် မရှိတော့တာပဲ ဖြစ်ပါတယ်။
ဒီ iPhone 7 နဲ့ iPhone 8 Model နှစ်မျိုးဟာ Qualcomm ရဲ့ Power Savings in Smartphones နဲ့ဆက်နွယ်တဲ့ ဉာဏအားဖြင့်တီထွင်ဖန်တီးမှုဆိုင်ရာမူပိုင်ခွင့် နဲ့ငြိစွန်းနေတာကြောင့် ရောင်းချခွင့် ပိတ်ပင်ရခြင်းဖြစ်တယ်လို့ တရားရုံးက အမိန့်ချမှတ်မှုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာက iPhone တွေကို Third-Party ဆိုင်တွေမှာ ရောင်းချလို့ ရနိုင်မရနိုင်ဆိုတာပါပဲ။ Qualcomm ကတော့ တရားရုံးမှာ ဦးတိုက်လျှောက်ထားကတည်းက Third-Party ဆိုင်တွေပါမချန် ရောင်းချခွင့်ပိတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒီဇင်ဘာလတုန်းက Apple ရဲ့ ထုတ်ပြန်ကြေညာမှုထဲမှာ iPhone Model အားလုံးကို ဂျာမနီတစ်ဝန်းက Carriers နဲ့ Resellers ပေါင်း ၄၃၀၀ မှာ ဝယ်ယူရရှိနိုင်တယ်လို့ ပါဝင်ခဲ့ပါတယ်။
Ref: The Verge
တရားရုံးမှာ Qualcomm က အနိုင်ရသွားလို့ ဂျာမနီမှာ iPhone 7 နဲ့ 8 တွေ အရောင်းရပ်ဆိုင်းလိုက်ရ
[Unicode]
နှစ်ဟောင်းက မကောင်းတာတွေချန်ထားပြီး နှစ်သစ်ကိုခရီးဆက်ရတဲ့ထဲမှာ Apple ကတော့ မပါဝင်တော့ဘူးလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ စတုတ္ထပတ်အစလောက်မှာ စပြီးတိုက်ခိုက်ခဲ့တဲ့ Qualcomm အနေနဲ့ တရားရုံးရဲ့ အဆုံးအဖြတ်အရ Apple ကို အနိုင်ရရှိသွားပါတယ်။ ဒါကြောင့် ဂျာမနီမှာ iPhone 7 နဲ့ 8 တွေ ရောင်းချလို့မရတော့ပါဘူး။
တရားရုံးကို စတင်ဦးတိုက်လျှောက်ထားစဉ်က Third-party လက်လီအရောင်းဆိုင်အချို့မှာ ဆက်လက်ရောင်းချနေဆဲဖြစ်ပေမယ့် တရားရုံးဆုံးဖြတ်ချက် ချမှတ်ပြီးချိန်မှာတော့ Apple အနေနဲ့ ဂျာမနီနိုင်ငံတွင်းမှာ iPhone 7 နဲ့ iPhone 8 တွေကို ကိုယ်ပိုင်စတိုးဆိုင်တွေရဲ့ Online ရော၊ Offline ပါ ရောင်းချခွင့် မရှိတော့တာပဲ ဖြစ်ပါတယ်။
ဒီ iPhone 7 နဲ့ iPhone 8 model နှစ်မျိုးဟာ Qualcomm ရဲ့ Power savings in smartphones နဲ့ဆက်နွယ်တဲ့ ဉာဏအားဖြင့်တီထွင်ဖန်တီးမှုဆိုင်ရာမူပိုင်ခွင့် နဲ့ငြိစွန်းနေတာကြောင့် ရောင်းချခွင့် ပိတ်ပင်ရခြင်းဖြစ်တယ်လို့ တရားရုံးက အမိန့်ချမှတ်မှုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီချမှတ်မှုသတင်းထွက်ပေါ်လာစဉ်ကစပြီး Apple ရဲ့ German site မှာ အသစ်တွေဖြစ်တဲ့ iPhone XR, XS, နဲ့ XS Max တွေကိုပဲ တွေ့မြင်ရတော့ပါတယ်။ iPhone 7 နဲ့ 8 model နှစ်မျိုးကိုတော့ တွေ့မြင်ရခြင်း မရှိတော့ပါဘူး။ Apple ကတော့ ဒီတရားစွဲဆိုမှု ဖြစ်ပေါ်နေစဉ်ကတည်းက ဂျာမနီနိုင်ငံတွင်းက Apple ရဲ့ ကိုယ်ပိုင် လက်လီဆိုင်အချို့ကို ရောင်းချမှု ရပ်တန့်ပေးထားဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာက iPhone တွေကို Third-party ဆိုင်တွေမှာ ရောင်းချလို့ ရနိုင်မရနိုင်ဆိုတာပါပဲ။ Qualcomm ကတော့ တရားရုံးမှာ ဦးတိုက်လျှောက်ထားကတည်းက Third-party ဆိုင်တွေပါမချန် ရောင်းချခွင့်ပိတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒီဇင်ဘာလတုန်းက Apple ရဲ့ ထုတ်ပြန်ကြေညာမှုထဲမှာ iPhone model အားလုံးကို ဂျာမနီတစ်ဝန်းက Carriers နဲ့ Resellers ပေါင်း ၄၃၀၀ မှာ ဝယ်ယူရရှိနိုင်တယ်လို့ ပါဝင်ခဲ့ပါတယ်။
Ref: The Verge