[Zawgyi]

Apple နဲ႔ Qualcomm တို႔ ျဖစ္ပြားၾကတဲ့ မူပိုင္ခြင့္ဆိုင္ရာ ျပႆနာေၾကာင့္ တ႐ုတ္ႏိုင္ငံ တရား႐ုံးက iPhone 6s, iPhone 8, 8 Plus အပါအဝင္ iPhone X စတာေတြကို တင္သြင္းေရာင္းခ်ခြင့္ ပိတ္ပင္ခဲ့ပါတယ္။ ဒါေပမယ့္ တရား႐ုံးရဲ႕ ပိတ္ပင္မႈထဲမွာ မပါဝင္တဲ့ ၂၀၁၈ ထုတ္ iPhone အခ်ိဳ႕ကိုလည္း Qualcomm က ပိတ္ပင္ေစဖို႔ ႀကိဳးပမ္းေနတာပါ။

Apple ကေတာ့ ပိတ္ပင္တားဆီးခံရတဲ့ ျပႆနာကို ေျဖရွင္းဖို႔ Software Update လုပ္မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ မူပိုင္ခြင့္ ခ်ိဳးေဖာက္တယ္လို႔ သတ္မွတ္ခံရတာက Software ပိုင္းဆိုင္ရာ ျဖစ္ပါတယ္။ Apple ကေတာ့ Resizing photos and navigating Apps on Touchscreen ျပႆနာကို Software Update ေပးျခင္းနဲ႔ အလြယ္တကူ ေျဖရွင္းႏိုင္တယ္လို႔ ယူဆထားပုံပါပဲ။

ဒီနည္းလမ္းကေတာ့ တ႐ုတ္ႏိုင္ငံ တရား႐ုံးက တားျမစ္ခ်က္ကို လိုက္နာတဲ့သေဘာျဖစ္ပါတယ္။ ဒီလိုေျဖရွင္းမႈက တရား႐ုံးရဲ႕ တားျမစ္မႈကေန ေရွာင္လႊဲႏိုင္မယ္ဆိုရင္ေတာ့ သိပ္မၾကာခင္အခ်ိန္အတြင္း မူလအတိုင္း ျပန္လည္ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။ ဒီ Update Pitch ကိုလည္း လာမယ့္ သီတင္းပတ္ အေစာပိုင္းမွာ ထုတ္လႊတ္သြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Apple ရဲ႕ ၂၀၁၈ iPhone သစ္ေတြရဲ႕ အေျခအေနကလည္း မရွင္းမလင္း ျဖစ္ေနေသးတဲ့အေျခအေနပါ။ ဒါေၾကာင့္ Apple ဟာ iPhone XR, XS နဲ႔ XS Max တို႔အတြက္လည္း Update ေတြ ထုတ္ေပးသြားဦးမယ္လို႔ ယူဆရပါတယ္။ Qualcomm ကလည္း Update ေပးျခင္းနဲ႔ ေရွာင္လႊဲသြားမယ့္ Apple ရဲ႕ လုပ္ရပ္အတြက္ ထပ္မံၿပီး တုံ႔ျပန္မႈေတြ ျပဳလုပ္သြားဖြယ္ ရွိေနပါတယ္။

Ref: GSMarena

[Unicode]

Apple နဲ့ Qualcomm တို့ ဖြစ်ပွားကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာကြောင့် တရုတ်နိုင်ငံ တရားရုံးက iPhone 6s, iPhone 8, 8 Plus အပါအဝင် iPhone X စတာတွေကို တင်သွင်းရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးရဲ့ ပိတ်ပင်မှုထဲမှာ မပါဝင်တဲ့ ၂၀၁၈ ထုတ် iPhone အချို့ကိုလည်း Qualcomm က ပိတ်ပင်စေဖို့ ကြိုးပမ်းနေတာပါ။

Apple ကတော့ ပိတ်ပင်တားဆီးခံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ Software Update လုပ်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ မူပိုင်ခွင့် ချိုးဖောက်တယ်လို့ သတ်မှတ်ခံရတာက Software ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ Apple ကတော့ Resizing photos and navigating apps on touch screen ပြဿနာကို Software update ပေးခြင်းနဲ့ အလွယ်တကူ ဖြေရှင်းနိုင်တယ်လို့ ယူဆထားပုံပါပဲ။

ဒီနည်းလမ်းကတော့ တရုတ်နိုင်ငံ တရားရုံးက တားမြစ်ချက်ကို လိုက်နာတဲ့သဘောဖြစ်ပါတယ်။ ဒီလိုဖြေရှင်းမှုက တရားရုံးရဲ့ တားမြစ်မှုကနေ ရှောင်လွှဲနိုင်မယ်ဆိုရင်တော့ သိပ်မကြာခင်အချိန်အတွင်း မူလအတိုင်း ပြန်လည်ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။ ဒီ Update Pitch ကိုလည်း လာမယ့် သီတင်းပတ် အစောပိုင်းမှာ ထုတ်လွှတ်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ရဲ့ ၂၀၁၈ iPhone သစ်တွေရဲ့ အခြေအနေကလည်း မရှင်းမလင်း ဖြစ်နေသေးတဲ့အခြေအနေပါ။ ဒါကြောင့် Apple ဟာ iPhone XR, XS နဲ့ XS Max တို့အတွက်လည်း Update တွေ ထုတ်ပေးသွားဦးမယ်လို့ ယူဆရပါတယ်။ Qualcomm ကလည်း Update ပေးခြင်းနဲ့ ရှောင်လွှဲသွားမယ့် Apple ရဲ့ လုပ်ရပ်အတွက် ထပ်မံပြီး တုံ့ပြန်မှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

Ref: GSMarena