Apple အနေနဲ့ သိပ်မကြာသေးခင် အချိန်က MacBook Pro မော်ဒယ် အသစ်တွေကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဒါ့အပြင် MacBook Pro မော်ဒယ် အသစ်တွေမှာ အသုံးပြုထားတဲ့ True Tone နည်းပညာ ကို အသုံးပြု ထားတယ်လို့ သိရပါတယ်။

True Tone နည်းပညာ ဆိုတာကတော့ အခန်းတွင်း အလင်းရောင် ကို တွက်ချက်ပြီး Apple Device တွေမှာ သင့်တော်တဲ့ Color Balance ကို ပြသပေးသွားမယ့် နည်းပညာ ပဲ ဖြစ်ပါတယ်။ True Tone နည်းပညာကြောင့် Display တွေမှာ Harsh ဖြစ်သွားတာ လျော့နည်းသွားမှာ ဖြစ်ပြီး အသုံးပြုသူတွေ အနေနဲ့ Display ကို အာရုံ စူးစိုက် ကြည့်နေစရာ မလိုပဲ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ Apple အနေနဲ့ MacBook Pro မော်ဒယ် အသစ်တွေမှာ ပါဝင်တဲ့ Ture Tone နည်းပညာ ကို External Display အချို့မှာသာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာ သွားခဲ့ပါတယ်။ ဒါ့အပြင် True Tone နည်းပညာ ကို အသုံးပြုနိုင်မယ့် External Display အချို့ရဲ့ နာမည်ကိုလည်း ဖော်ပြ ပေးခဲ့ပါတယ်။

လက်ရှိ အချိန်မှာ MacBook Pro မော်ဒယ် အသစ်တွေရဲ့ True Tone နည်းပညာ ကို အသုံးပြုနိုင်မယ့် External Display တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

1. Apple Thunderbolt Display


2. LG UltraFine 5k


3. LG UltraFine 4k


လက်ရှိ အချိန်မှာ Display မော်ဒယ် သုံးမျိုးမှာသာ True Tone Support ပါဝင်မှာ ဖြစ်ပြီး အခြား External Display တွေမှာလည်း တဖြေးဖြေး နဲ့ True Tone Support ပါဝင်လာနိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်များက ခန့်မှန်း ထားကြပါတယ်။


Apple ရဲ့ True Tone နည်းပညာကို MacBook Pro မော်ဒယ် အသစ်တွေ အပြင် iPhone X, iPhone 8, iPhone 8 Plus, iPad Pro တို့မှာလည်း အသုံးထားတယ် လို့ သိရပါတယ်။ ဒ့ါအပြင် MacBook Pro တွေရဲ့ Display မှာပဲ True Tone Support ပါဝင်တာ မဟုတ်ပဲ Touch Bar တွေမှာလည်း True Tone Support ပါဝင်တယ်လို့ သိရပါတယ်။

REF: The Verge