Apple ရဲ႕ထုတ္ကုန္သစ္မိတ္ဆက္ပြဲမွာ လူေတြအာရုံစုိက္မိခဲ့တဲ့ နည္းပညာအသစ္တစ္ခုက Watch Series 4 နာရီေတြမွာ လူေတြရဲ႕ ႏွလုံးခုန္ခ်က္ကို တုိင္းတာေပးမယ့္ ECG စနစ္နဲ႔ ဆင္ဆာအသစ္ေတြပါ။ ဒီ Feature ဟာ Smartwatch ေတြထဲမွာလည္း ပထမဆုံးထည့္သြင္းလာျခင္းျဖစ္ျပီး စကၠန္႔သုံးဆယ္အတြင္း ကိုယ့္ရဲ႕ ECG ကို ဖတ္ရႈႏုိင္မယ္ဆုိတာ ဆြဲေဆာင္မႈျပင္းပါတယ္။

ေၾကျငာခ်က္ေနာက္ပိုင္းမွာ Apple ဟာ ECG လုပ္ေဆာင္ခ်က္ပါဝင္တဲ့ Update ကို ယခုႏွစ္ေႏွာင္းပိုင္းမွာ ထပ္မံထုတ္လႊင့္ေပးသြားမွာ ျဖစ္တယ္လို႔ ထည့္ေျပာခဲ့တဲ့အတြက္ မၾကာခင္ထြက္လာမယ့္ Apple Watch Series 4 ေတြမွာ ECG Feature ကို ထြက္ထြက္ခ်င္း အသုံးျပဳႏုိင္ဦးမွာ မဟုတ္ပါဘူး။

ဒါ့အျပင္ Apple က ထည့္သြင္းမေၾကျငာခဲ့တဲ့ ေနာက္ထပ္အခ်က္တစ္ခုကေတာ့ ေလာေလာဆယ္မွာ အေမရိကန္ေစ်းကြက္ကို ျဖန္႔ခ်ိမယ့္ Apple Watch Series 4 ေတြအတြက္ပဲ ECG လုပ္ေဆာင္ခ်က္ကို ထည့္သြင္း ထားေသးတာ ျဖစ္ပါတယ္။ အေမရိကန္ေစ်းကြက္ အျပင္ဘက္က Apple ရဲ႕အေရာင္းဝက္ဆုိက္ေတြမွာေတာ့ အဆုိပါ စမတ္လက္ဝတ္ထုတ္ကုန္အသစ္မွာ ECG Feature ထည့္သြင္းေၾကျငာထားတာ မေတြ႕ရေသးပါဘူး။ ဒါ့အျပင္ Apple Watch အသစ္အတြက္ တရားဝင္ သတင္းထုတ္ျပန္ခ်က္မွာလည္း ECG App ကို အေမရိကန္ စတုိး သီးသန္႔မွာပဲ သုံးႏုိင္ဦးမယ္လို႔ ပါဝင္ခဲ့ပါတယ္။

ဒီအခ်ိန္မွာအေကာင္းဆုံးေမွ်ာ္လင့္ႏုိင္တာကေတာ့ Apple ဟာ အေမရိကန္ျပင္ပ ေစ်းကြက္ေတြမွာ ECG Feature ထည့္သြင္းဖို႔အတြက္ FDA အဖြဲ႕အစည္းရဲ႕ အတည္ျပဳခ်က္ကို ေစာင့္ေမွ်ာ္ေနတာလဲ ျဖစ္ႏုိင္ပါတယ္။ ယုံၾကည္စိတ္ခ်ရတဲ့ ECG ဆင္ဆာထည့္သြင္းဖို႔အတြက္ သူတုိ႔ရဲ႕ခြင့္ျပဳခ်က္ လိုအပ္လုိ႔ပါ။ ဒါကလည္း ေတာ္ေတာ္ ၾကာျမင့္ႏုိင္ပါေသးတယ္။ ဒီေတာ့ အေမရိကန္ျပင္ပေစ်းကြက္က ECG လုပ္ေဆာင္ရည္ေၾကာင့္ ဝယ္ခ်င္စိတ္ ေပါက္ေနသူေတြအတြက္ ခဏေတာ့ ေစာင့္ဆုိင္းရဦးမွာပါ။

Ref – https://www.gsmarena.com/apple_watch_series_4s_ecg_functionality_will_be_usonly_at_least_at_the_beginning-news-33242.php

Unicode

Apple ရဲ့ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ လူတွေအာရုံစိုက်မိခဲ့တဲ့ နည်းပညာအသစ်တစ်ခုက Watch Series 4 နာရီတွေမှာ လူတွေရဲ့ နှလုံးခုန်ချက်ကို တိုင်းတာပေးမယ့် ECG စနစ်နဲ့ ဆင်ဆာအသစ်တွေပါ။ ဒီ Feature ဟာ Smartwatch တွေထဲမှာလည်း ပထမဆုံးထည့်သွင်းလာခြင်းဖြစ်ပြီး စက္ကန့်သုံးဆယ်အတွင်း ကိုယ့်ရဲ့ ECG ကို ဖတ်ရှုနိုင်မယ်ဆိုတာ ဆွဲဆောင်မှုပြင်းပါတယ်။

ကြေငြာချက်နောက်ပိုင်းမှာ Apple ဟာ ECG လုပ်ဆောင်ချက်ပါဝင်တဲ့ Update ကို ယခုနှစ်နှောင်းပိုင်းမှာ ထပ်မံထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ ထည့်ပြောခဲ့တဲ့အတွက် မကြာခင်ထွက်လာမယ့် Apple Watch Series 4 တွေမှာ ECG Feature ကို ထွက်ထွက်ချင်း အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် Apple က ထည့်သွင်းမကြေငြာခဲ့တဲ့ နောက်ထပ်အချက်တစ်ခုကတော့ လောလောဆယ်မှာ အမေရိကန်ဈေးကွက်ကို ဖြန့်ချိမယ့် Apple Watch Series 4 တွေအတွက်ပဲ ECG လုပ်ဆောင်ချက်ကို ထည့်သွင်း ထားသေးတာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက် အပြင်ဘက်က Apple ရဲ့အရောင်းဝက်ဆိုက်တွေမှာတော့ အဆိုပါ စမတ်လက်ဝတ်ထုတ်ကုန်အသစ်မှာ ECG Feature ထည့်သွင်းကြေငြာထားတာ မတွေ့ရသေးပါဘူး။ ဒါ့အပြင် Apple Watch အသစ်အတွက် တရားဝင် သတင်းထုတ်ပြန်ချက်မှာလည်း ECG App ကို အမေရိကန် စတိုး သီးသန့်မှာပဲ သုံးနိုင်ဦးမယ်လို့ ပါဝင်ခဲ့ပါတယ်။

ဒီအချိန်မှာအကောင်းဆုံးမျှော်လင့်နိုင်တာကတော့ Apple ဟာ အမေရိကန်ပြင်ပ ဈေးကွက်တွေမှာ ECG Feature ထည့်သွင်းဖို့အတွက် FDA အဖွဲ့အစည်းရဲ့ အတည်ပြုချက်ကို စောင့်မျှော်နေတာလဲ ဖြစ်နိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ECG ဆင်ဆာထည့်သွင်းဖို့အတွက် သူတို့ရဲ့ခွင့်ပြုချက် လိုအပ်လို့ပါ။ ဒါကလည်း တော်တော် ကြာမြင့်နိုင်ပါသေးတယ်။ ဒီတော့ အမေရိကန်ပြင်ပဈေးကွက်က ECG လုပ်ဆောင်ရည်ကြောင့် ဝယ်ချင်စိတ် ပေါက်နေသူတွေအတွက် ခဏတော့ စောင့်ဆိုင်းရဦးမှာပါ။

Ref – https://www.gsmarena.com/apple_watch_series_4s_ecg_functionality_will_be_usonly_at_least_at_the_beginning-news-33242.php