Apple ဟာ သူ့ရဲ့ Beats တံဆိပ် Smart Speaker အသစ်ကို အရင်ထက် သက်သာတဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ် ရောင်းချမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လက်ရှိ ထွက်ရှိထားတဲ့ Apple ရဲ့ HomePod ဟာ မျှော်လင့်ထားသလောက် ရောင်းအား မကောင်းခဲ့ပါဘူး။ ဒါ့ကြောင့် Apple ဟာ သူ့ရဲ့ Speaker အသစ်ကို Budget Friendly Smart Speaker အဖြစ် ပြောင်းလဲထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

Source: PhoneArena.com

ကောလဟာလတွေ အရတော့ ဒီ Speaker အသစ်ဟာ $199 ဝန်းကျင်လောက်နဲ့ စတင် ရောင်းချလာနိုင်ပြီး ဒီဈေးနှုန်းဟာ ဆိုရင် လက်ရှိထွက်ထားတဲ့ $349 တန် HomePod ထက် သိသိသာသာ သက်သာနေပါတယ်။ Apple ဟာ ဆိုရင် Speaker အတွက် Chip ကို သုံးဖို့ MediaTek နဲ့ ဆွေးနွေးဆဲဖြစ်တယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။

Source: beatsbydre.com

အရင်ထက် ပိုကောင်းမယ့် Beats Smart Speaker အသစ်ကို $199 လောက်နဲ့ သုံးရမယ်ဆိုရင်တော့ Apple Fan တွေ Beats Fan တွေတော့ ပျော်ကြရဦးမှာပါ။ ဒါပေမယ့် ဒီသတင်းဟာ အခုထိ ကောလဟာလ အဖြစ်သာ ရှိနေသေးပြီး ဘယ်တော့ ထွက်မလဲဆိုတာလဲ မသိရသေးပါဘူး။