[Zawgyi]
Ref: 9to5Macs
[Unicode]
Apple ကတော့ သူ့ရဲ့ အောက်တိုဘာလမှာကျင်းပမယ့်ပွဲကို Brooklyn Academy of Music မှာ Live Stream လုပ်သွားမယ့်အကြောင်း သူ့ရဲ့ဝဘ်ဆိုဒ်မှာ အတည်ပြုကြော်ငြာလိုက်ပါပြီ။ အချိန်ကတော့ 10AM EDT လို့ပြောထားပါတယ်။
Music Academy မှာပွဲကျင်းပတာ Apple အနေနဲ အသစ်အဆန်းဖြစ်နေပေမယ့် ဒီတစ်ခေါက်မှာတော့ အရင် ကျောင်းမှာလုပ်တဲ့ပွဲနဲ့မတူတာက Live Stream ပြမယ့်ကိစ္စပါ။ နယူးယော့ခ်မှာလုပ်မှာဆိုတော့ WWDC တို့ Apple Park မှာလုပ်ခဲ့တဲ့ပွဲတွေလို Pacific Time မဟုတ်ဘဲ Timezone က တူမှာမဟုတ်ပါဘူး။
ဒီတစ်ခေါက်ပွဲကလည်း မတ်လတုန်းကပွဲနဲ့ ဆင်တူတာလေးတွေ ရှိပါတယ်။ ဖန်တီးမှုကိုပေါ်လွင်အောင် Invite စာကို လက်ရေးလေးနဲ့ရေးထားပါတယ်။ အဲမှာ မတူညီတဲ့ Appl Logo တွေကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ Special Event Page ကို Refresh လုပ်လိုက်တိုင်း Logo မျိုးစုံပြောင်းနေတာ တွေ့ရမှာပါ။
အဲဒီပွဲမှာတော့ 11″ နဲ့ 12.9″ iPad Pro တွေကို Bezel တွေပိုပါးလာ Face ID Unlock သုံးလာဖို့ မျှော်လင့်မိပါတယ်။ MacBook Air တွေကိုလည်း 13 inch Retina Display နဲ့ထုတ်လာပြီး Mac mini တွေမှာလည်း အတွင်းပိုင်း Specification တွေကို ပြောင်းလဲလာမယ်လို့လည်း မျှော်လင့်ထားပါတယ။် ဒီတစ်ခေါက်ပွဲမှာ Mac တွေ iPad တွေနဲ့ပတ်သတ်ပြီး ဘာတွေဘယ်လောက်ပြောင်းလဲနိုင်မှာ မို့လို့လဲ?
Ref: 9to5Macs