Apple ကနေ AirPods Earphone ကို ထုတ်လုပ်ခဲ့သလိုပဲ အခုအချိန်မှာလည်း Apple ကနေ Headphone အသစ်တစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခုသတင်းဟာ Apple နဲ့ ပတ်သတ်ပြီး တိကျတဲ့သတင်းတွေကိုပဲပြောတတ်တဲ့ KGI Securities Analyst Ming-Chi-Kuo ကနေ ပြောကြားခဲ့တာဖြစ်သလို Bloomberg ကလည်း အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

Bloomberg ရဲ့ ပြောကြားချက်အရတော့ Apple ဟာ အခုထုတ်လုပ်မယ့် Wireless Headphones တွေကို အစကနေပြန်ပြီး ထုတ်လုပ်နေတာ အကြိမ်ရေမနည်းရှိနေပြီးတော့ အရည်အသွေးအရထိပ်တန်းအဆင့်ရှိတဲ့ Premium Noise Cancellation Headphone တစ်ခုကို ရရှိအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ယူဆရပါတယ်။

သေချာတာကတော့ Apple ဟာ အခု Wireless Headphones တွေကို AirPods တွေလိုပဲ Apple ရဲ့ Custom-made SOC နဲ့ ထွက်ရှိလာမှာဖြစ်ပြီး AirPods တွေမှာ အသုံးပြုထားတဲ့ W1 Chipset ကို အဆင့်မြှင့်ထားတဲ့ Version ကိုလည်း တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။

Apple ဟာ AirPods တွေကိုထုတ်လုပ်ခဲ့တဲ့အချိန်တုန်းက Wireless Earphones တွေကို တခေတ်ဆန်းသစ်စေခဲ့သလိုပဲ အခု Wireless Headphone တွေကိုလည်း လက်ရှိထုတ်လုပ်နေတဲ့ Headphones တွေနဲ့ ဘာတွေကွာခြားအောင်ထုတ်လုပ်ဦးမလဲဆိုတာက စိတ်ဝင်စားစရာပါ။