Zawgyi

ေစ်းကြက္ ေလ့လာဆန္းစစ္ခ်က္ တစ္ခုအရ Apple ဟာ iPhone XR ကို စတင္ေရာင္းခ်ျပီး သတင္းပတ္ အနည္းငယ္အၾကာမွာပဲ iPhone XR ဆက္လက္ ထုတ္လုပ္မယ့္ အေရအတြက္ကို ေလ်ာ့ခ် လိုက္ျပီလို႔သိရပါတယ္။ အဲ့အျပင္ Apple ဟာ iPhone ေတြမွာ အသံုးျပဳတဲ့ ဆားကစ္ဘုတ္ေတြရဲ႕ အေရအတြက္ကိုပါ ေလွ်ာ့ခ်ျပီး ပိုမိုေစ်းသက္သာတဲ့ ဆားကစ္ဘုတ္ ေထာက္ပ့ံတဲ့သူေတြ (PCB Suppliers) ဆီက ဆားကစ္ဘုတ္ေတြကို ဝယ္ယူေနတယ္လို႔သိရပါတယ္။ အဆိုပါ ေလ့လာဆန္းစစ္သူတဲ့ သတင္းေပးပို႔ခ်က္ထဲမွာ Apple ဟာ iPhone XR ရဲ႕ ေရာင္းအားဟာ ထင္ထားသေလာက္ ေကာင္းမြန္ျခင္းမရွိတာကို ေတြ႔ရတယ္လို႔ ေဖာ္ျပထားပါတယ္။ အဆိုပါ ေရာင္းအားေလ်ာ့နည္းတဲ့ အခ်က္ေၾကာင့္ပဲ Apple ရဲ႕ ႏွစ္ကုန္ပိုင္း ထုတ္လုပ္မယ့္ iPhone XR အေရအတြက္ကို အေတာ္ေလး ေလွ်ာ့ခ်ေတာ့မွာပါ။ ေလ့လာဆန္းစစ္ခ်က္ေတြအရေတာ့ Apple ဟာ ႏွစ္ကုန္ပိုင္း iPhone XR ထုတ္လုပ္မွုႏွုန္းထားကို အလံုးေရ ေလးသန္းကေန ငါးသန္းအထိ ေလွ်ာ့ခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ iPhone XS ကေတာ့ အဲ့ေလာက္ထိ ေရာင္းအားက်မသြားပဲ ႏွစ္ကုန္ပိုင္း အားလပ္ရက္ေတြမွာ ေရာင္းအားေကာင္းလာမယ္လို႔ ယံုၾကည္တဲ့အတြက္ ဆက္လက္ ထုတ္လုပ္မယ့္ iPhone XS အေရအတြက္ကို အလံုးေရ တစ္သန္းပဲ ေလွ်ာ့ထုတ္မွာပါ။

Nikkei Asian Review ရဲ႕ သတင္းေပးပို႔ခ်က္အရလည္း Apple ရဲ႕ လက္တြဲဘက္ေတြျဖစ္တဲ့ Foxconn နဲ႔ Heshuo တို႔ဟာလည္း iPhone XR ရဲ႕ ေရာင္းအားဟာ ထင္သေလာက္ မမ်ားတဲ့အတြက္ ပစၥည္းတပ္ဆင္တဲ့ ေနရာေတြကို ေလ်ာ့ခ်ခဲ့တယ္လို႔ သိရပါတယ္။ iPhone တပ္ဆင္တဲ့ စက္ရံုျဖစ္တဲ့ Foxconn ဟာ iPhone XR တပ္ဆင္ဖို႔အတြက္ Production Line ေပါင္း ေျခာက္ဆယ္ထိ ျပင္ဆင္ဖားခဲ့ေပမယ့္ ေလးဆယ့္ငါးခုပဲ အသံုးျပဳခဲ့ရတယ္လို႔သိရျပီး အဆိုပါ အခ်က္အလက္အရ Foxconn ရဲ႕ ေန႔စဥ္ iPhone XR တပ္ဆင္တဲ့အေရအတြက္ဟာ အလံုးေရ တစ္သိန္းထိ ေလ်ာ့က်ေနတာကို ေတြ႔ႏိုင္ပါတယ္။

iPhone XR ဟာ Apple ရဲ႕ iPhone အသစ္သံုးလံုးထဲမွာ ေစ်းအသက္သာဆံုး iPhone ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေစ်းႏွုန္း ေဒၚလာ ၇၅၀ ကေန ၉၀၀ ထိရွိျပီး ျမန္မာေငြ ဆယ့္ေလးသိန္း ဝန္းက်င္ရွိတဲ့အတြက္ ေစ်းသက္သာတယ္လို႔ေတာ့ မေျပာႏိုင္ေသးပါဘူး။ iPhone XS တို႔လို Dual Camera မပါဝင္တာအျပင္ LCD Display ကိုပဲအသံုးျပဳထားတဲ့အတြက္ iPhone XR ကို စိတ္ဝင္စားတဲ့သူက အေတာ္ေလးနည္းပါတယ္။ ေသခ်ာ ေလ့လာၾကည့္ရင္ iPhone XR ဟာ iPhone XS တို႔ထက္ အားနည္းတဲ့အခ်က္ေတြ အေတာ္မ်ားပါတယ္။ iPhone XS မွာ Stainless Steel ကိုအသံုးျပဳထားျပီး XR မွာေတာ့ သာမာန္ Aluminum Frame ကိုပဲအသံုးျပဳထားပါတယ္။ ဒါ့အျပင္ iPhone XR ကို အေရာင္စံုထုတ္လိုက္တဲ့ အတြက္ ေစ်းေပါတဲ့ ဖုန္းတစ္လံုးလို႔ ထင္ျမင္မိသြားပါတယ္။ Apple ဟာ iPhone 5 Series တုန္းကလည္း iPhone 5C လို႔ေခၚတဲ့ အေရာင္စံု ပလတ္စတစ္ iPhone တစ္မ်ိဳးကိုထုတ္လုပ္ခဲ့ျပီး အဲ့တုန္းကလည္း ထင္ထားသေလာက္ ေရာင္းအားမေကာင္းခဲ့ပါဘူး။ အခုလည္း Apple ဟာ အဆိုပါ အမွားကိုပဲ ထပ္မံျပဳလုပ္မိ ျပန္ျပီလား?

Ref: Giz China

Unicode

ဈေးကွက် လေ့လာဆန်းစစ်ချက် တစ်ခုအရ Apple ဟာ iPhone XR ကို စတင်ရောင်းချပြီး သတင်းပတ် အနည်းငယ်အကြာမှာပဲ iPhone XR ဆက်လက် ထုတ်လုပ်မယ့် အရေအတွက်ကို လျော့ချ လိုက်ပြီလို့သိရပါတယ်။ အဲ့အပြင် Apple ဟာ iPhone တွေမှာ အသုံးပြုတဲ့ ဆားကစ်ဘုတ်တွေရဲ့ အရေအတွက်ကိုပါ လျှော့ချပြီး ပိုမိုဈေးသက်သာတဲ့ ဆားကစ်ဘုတ် ထောက်ပံ့တဲ့သူတွေ (PCB Suppliers) ဆီက ဆားကစ်ဘုတ်တွေကို ဝယ်ယူနေတယ်လို့သိရပါတယ်။ အဆိုပါ လေ့လာဆန်းစစ်သူတဲ့ သတင်းပေးပို့ချက်ထဲမှာ Apple ဟာ iPhone XR ရဲ့ ရောင်းအားဟာ ထင်ထားသလောက် ကောင်းမွန်ခြင်းမရှိတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ရောင်းအားလျော့နည်းတဲ့ အချက်ကြောင့်ပဲ Apple ရဲ့ နှစ်ကုန်ပိုင်း ထုတ်လုပ်မယ့် iPhone XR အရေအတွက်ကို အတော်လေး လျှော့ချတော့မှာပါ။ လေ့လာဆန်းစစ်ချက်တွေအရတော့ Apple ဟာ နှစ်ကုန်ပိုင်း iPhone XR ထုတ်လုပ်မှုနှုန်းထားကို အလုံးရေ လေးသန်းကနေ ငါးသန်းအထိ လျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ iPhone XS ကတော့ အဲ့လောက်ထိ ရောင်းအားကျမသွားပဲ နှစ်ကုန်ပိုင်း အားလပ်ရက်တွေမှာ ရောင်းအားကောင်းလာမယ်လို့ ယုံကြည်တဲ့အတွက် ဆက်လက် ထုတ်လုပ်မယ့် iPhone XS အရေအတွက်ကို အလုံးရေ တစ်သန်းပဲ လျှော့ထုတ်မှာပါ။

Nikkei Asian Review ရဲ့ သတင်းပေးပို့ချက်အရလည်း Apple ရဲ့ လက်တွဲဘက်တွေဖြစ်တဲ့ Foxconn နဲ့ Heshuo တို့ဟာလည်း iPhone XR ရဲ့ ရောင်းအားဟာ ထင်သလောက် မများတဲ့အတွက် ပစ္စည်းတပ်ဆင်တဲ့ နေရာတွေကို လျော့ချခဲ့တယ်လို့ သိရပါတယ်။ iPhone တပ်ဆင်တဲ့ စက်ရုံဖြစ်တဲ့ Foxconn ဟာ iPhone XR တပ်ဆင်ဖို့အတွက် Production Line ပေါင်း ခြောက်ဆယ်ထိ ပြင်ဆင်ဖားခဲ့ပေမယ့် လေးဆယ့်ငါးခုပဲ အသုံးပြုခဲ့ရတယ်လို့သိရပြီး အဆိုပါ အချက်အလက်အရ Foxconn ရဲ့ နေ့စဉ် iPhone XR တပ်ဆင်တဲ့အရေအတွက်ဟာ အလုံးရေ တစ်သိန်းထိ လျော့ကျနေတာကို တွေ့နိုင်ပါတယ်။

iPhone XR ဟာ Apple ရဲ့ iPhone အသစ်သုံးလုံးထဲမှာ ဈေးအသက်သာဆုံး iPhone ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်း ဒေါ်လာ ၇၅၀ ကနေ ၉၀၀ ထိရှိပြီး မြန်မာငွေ ဆယ့်လေးသိန်း ဝန်းကျင်ရှိတဲ့အတွက် ဈေးသက်သာတယ်လို့တော့ မပြောနိုင်သေးပါဘူး။ iPhone XS တို့လို Dual Camera မပါဝင်တာအပြင် LCD Display ကိုပဲအသုံးပြုထားတဲ့အတွက် iPhone XR ကို စိတ်ဝင်စားတဲ့သူက အတော်လေးနည်းပါတယ်။ သေချာ လေ့လာကြည့်ရင် iPhone XR ဟာ iPhone XS တို့ထက် အားနည်းတဲ့အချက်တွေ အတော်များပါတယ်။ iPhone XS မှာ Stainless Steel ကိုအသုံးပြုထားပြီး XR မှာတော့ သာမာန် Aluminum Frame ကိုပဲအသုံးပြုထားပါတယ်။ ဒါ့အပြင် iPhone XR ကို အရောင်စုံထုတ်လိုက်တဲ့ အတွက် ဈေးပေါတဲ့ ဖုန်းတစ်လုံးလို့ ထင်မြင်မိသွားပါတယ်။ Apple ဟာ iPhone 5 Series တုန်းကလည်း iPhone 5C လို့ခေါ်တဲ့ အရောင်စုံ ပလတ်စတစ် iPhone တစ်မျိုးကိုထုတ်လုပ်ခဲ့ပြီး အဲ့တုန်းကလည်း ထင်ထားသလောက် ရောင်းအားမကောင်းခဲ့ပါဘူး။ အခုလည်း Apple ဟာ အဆိုပါ အမှားကိုပဲ ထပ်မံပြုလုပ်မိ ပြန်ပြီလား?

Ref: Giz China