Apple ဟာ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ Event တစ်ခုကို ပြုလုပ်သွားမယ့်အကြောင်း Media Invitation တွေထုတ်ပြန်လိုက်ပါတယ်။ အခု Even ဟာ Lane Tech College Prep High School မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Apple ရဲ့ Invite မှာတော့ Let’s Take a Field Trip လို့ပဲ ရေးထားပြီး ဆရာတွေနဲ့ ကျောင်းသားတွေအတွက် အကြံညဏ်အသစ်တွေရရှိဖို့ကို ရည်ရွယ်တယ်လို့ ပြောခဲ့ပါသေးတယ်။

အဲ့ဒီအတွက် အဖြစ်နိုင်ဆုံးအရာကတော့ ကျောင်းသားတွေအတွက် ရည်ရွယ်ထားတဲ့ iPad အသစ်ဖြစ်လာဖို့များနေပါတယ်။ ပုံဆွဲထားတဲ့ Sketch ပုံကို ကြည့်ခြင်းအားဖြင့် ဈေးသက်သာတဲ့အပြင် Apple Pencil Support ပါရရှိလာမယ့် iPad တစ်ခုဖြစ်လာမယ်လို့ တောင်ပြောလို့ရပါတယ်။

Apple ရဲ့ ယခုအချိန်မှာ ရောင်းချနေတဲ့ ဈေးအသက်သာဆုံး iPad 2017 ဟာ ၃၂၉ ဒေါ်လာကနေ စတင်တာဖြစ်တဲ့အတွက် အခုအချိန်မှာ Apple ကနေ ဒီထက်ဈေးသက်သာတဲ့ iPad များထုတ်လာမလားကတော့ စောင့်ကြည့်ရမှာပါ။