[Zawgyi]

Apple ဟာ AirPower wireless charging mat နဲ႔ပတ္သက္တဲ့ကိစၥကို အခ်ိန္အေတာ္ၾကာ အသံတိတ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ရဲ႕ ႏွစ္ဦးပိုင္းမွာထြက္လာတဲ့ ေကာလာဟလတစ္ခုကေတာ့ ဒီ Wireless charting mat ေတြဟာ ထုတ္လုပ္မႈလုပ္ငန္းစဥ္ေပၚေတာင္ ေရာက္ေနၿပီ လို႔ဆိုေနၾကတာပါ။

ဒီသတင္းက MacRumors အျပင္ ChargerLAB လို နာမည္ေက်ာ္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ရင္းျမစ္ေတြဆီက ထြက္ေပၚလာတာေၾကာင့္ ေကာလာဟလလို႔ ယတိျပတ္ေျပာဖို႔ကလည္း ခက္ပါတယ္။ ဒီအတိုင္းအမွန္သာ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဒီပစၥည္းေတြဟာ သိပ္မၾကာခင္အခ်ိန္အေတာအတြင္းမွာပဲ အသုံးျပဳသူေတြရဲ႕ လက္ထဲကိုေရာက္လာမွာ ျဖစ္ပါတယ္။

Apple ဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလကတည္းက iPhone 8 နဲ႔ iPhone X တို႔ဟာ ႀကိဳးမဲ့အားသြင္းႏိုင္လိမ့္မယ္လို႔ ေၾကညာခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ကိုယ္ပိုင္ Wireless charging mat နဲ႔အတူ iPhone သာမက၊ Apple Watch, AirPods ေတြကိုပါ အားသြင္းႏိုင္ေၾကာင္း အသိေပးခဲ့ဖူးပါတယ္။ အဲသည္ေနာက္ပိုင္း ၂၀၁၈ ခုႏွစ္အတြင္းမွာလည္း ထြက္ေပၚလာျခင္း မရွိဘဲ တိတ္ဆိတ္ေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လတုန္းကလည္း Apple ရဲ႕ Wireless charging mat ေတြကို ေဈးကြက္ထဲတင္ပို႔ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေကာလာဟလ ထြက္ခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ ဒီကိစၥက သတင္းျဖစ္မသြားဘဲ ေကာလာဟလ အဆင့္မွာပဲ ၿပီးဆုံးသြားခဲ့ပါတယ္။

၂၀၁၈ ဇြန္လမွာေတာ့ Apple က Wireless charging mat ေတြမွာ အပူလြန္ကဲျခင္းျပႆနာနဲ႔ မတူညီတဲ့ ထုတ္ကုန္ေတြကို တစ္ၿပိဳင္နက္အားသြင္းေပးႏိုင္ဖို႔ အျခားနည္းပညာဆိုင္ရာ ေျဖရွင္းစရာေတြ ရွိေသးတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ၂၀၁၉ အေစာပိုင္းေလာက္မွာ ေဈးကြက္ထဲ ေရာက္ေတာ့မယ္ဆိုတာက ေနာက္ဆုံးသတင္းလို ျဖစ္ခဲ့တာပါပဲ။

Ref: The Verge

[Unicode]

Appel ရဲ့ AirPower Wireless Charging Mat တကယ်ထွက်လာတော့မှာလား

Apple ဟာ AirPower wireless charging mat နဲ့ပတ်သက်တဲ့ကိစ္စကို အချိန်အတော်ကြာ အသံတိတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ရဲ့ နှစ်ဦးပိုင်းမှာထွက်လာတဲ့ ကောလာဟလတစ်ခုကတော့ ဒီ Wireless charting mat တွေဟာ ထုတ်လုပ်မှုလုပ်ငန်းစဉ်ပေါ်တောင် ရောက်နေပြီ လို့ဆိုနေကြတာပါ။

ဒီသတင်းက MacRumors အပြင် ChargerLAB လို နာမည်ကျော်ပြီး ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေဆီက ထွက်ပေါ်လာတာကြောင့် ကောလာဟလလို့ ယတိပြတ်ပြောဖို့ကလည်း ခက်ပါတယ်။ ဒီအတိုင်းအမှန်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီပစ္စည်းတွေဟာ သိပ်မကြာခင်အချိန်အတောအတွင်းမှာပဲ အသုံးပြုသူတွေရဲ့ လက်ထဲကိုရောက်လာမှာ ဖြစ်ပါတယ်။

Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက iPhone 8 နဲ့ iPhone X တို့ဟာ ကြိုးမဲ့အားသွင်းနိုင်လိမ့်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကိုယ်ပိုင် Wireless charging mat နဲ့အတူ iPhone သာမက၊ Apple Watch, AirPods တွေကိုပါ အားသွင်းနိုင်ကြောင်း အသိပေးခဲ့ဖူးပါတယ်။ အဲသည်နောက်ပိုင်း ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ထွက်ပေါ်လာခြင်း မရှိဘဲ တိတ်ဆိတ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လတုန်းကလည်း Apple ရဲ့ Wireless charging mat တွေကို ဈေးကွက်ထဲတင်ပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ဒီကိစ္စက သတင်းဖြစ်မသွားဘဲ ကောလာဟလ အဆင့်မှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။

၂၀၁၈ ဇွန်လမှာတော့ Apple က Wireless charging mat တွေမှာ အပူလွန်ကဲခြင်းပြဿနာနဲ့ မတူညီတဲ့ ထုတ်ကုန်တွေကို တစ်ပြိုင်နက်အားသွင်းပေးနိုင်ဖို့ အခြားနည်းပညာဆိုင်ရာ ဖြေရှင်းစရာတွေ ရှိသေးတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ၂၀၁၉ အစောပိုင်းလောက်မှာ ဈေးကွက်ထဲ ရောက်တော့မယ်ဆိုတာက နောက်ဆုံးသတင်းလို ဖြစ်ခဲ့တာပါပဲ။

Ref: The Verge