[Zawgyi]

Apple ရဲ႕ iPhone ေတြအတြက္ LCD panels ေတြကို ေထာက္ပံ့ေပးေနတဲ့ ကုမၸဏီေတြထဲမွာ JDI (Japan Display Inc.) က အဓိကကုမၸဏီတစ္ခုျဖစ္ပါတယ္။ အေမရိကန္ကုမၸဏီႀကီးအတြက္ အဓိက LCD ေထာက္ပံ့သူျဖစ္ေပမယ့္လည္း အခုအခါမွာေတာ့ ေပါ့ေပါ့ပါးပါး ရပ္တည္ဖို႔ ႐ုန္းကန္ေနရတဲ့ အေျခအေနပါ။

အခုလိုမ်ိဳး ဘ႑ာေရးအက်ပ္အတည္းနဲ႔ ႀကဳံေတြ႕ရတဲ့ အဓိကအေၾကာင္းရင္းက JDI ဟာ OLED ထုတ္လုပ္မႈကို ကူးေျပာင္းတဲ့ေနရာမွာ ေႏွးေကြးတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေဈးကြက္ဟာ OLEDs ေတြဆီကို ေရွးရႈေျပာင္းလဲေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ LCD နဲ႔ လက္မေထာင္ႏိုင္ခဲ့တဲ့ ဂ်ပန္ကုမၸဏီအတြက္ အခက္ေတြ႕ခဲ့ရတာဆိုရင္လည္း မမွားပါဘူး။

JDI ရဲ႕ အဓိက ေဖာက္သည္ျဖစ္တဲ့ Apple ဟာ iPhone XR အတြက္ LCD သုံးခဲ့ေပမယ့္လည္း OLED ဆီကို ေ႐ြ႕လ်ားေနၿပီျဖစ္ပါတယ္။ ၂၀၁၉ မွာထုတ္မယ့္ iPhone XR ေတြကို LCD ဆက္သုံးဦးမွာ ျဖစ္ေပမယ့္ ဒါကလည္း ေနာက္ဆုံးအေနနဲ႔ သုံးမွာ ျဖစ္ပါတယ္။ ၂၀၂၀ ထုတ္ iPhone ေတြအားလုံးမွာေတာ့ OLED ပဲ အသုံးျပဳေတာ့မယ္လို႔ Apple က တရားဝင္ ေျပာဆိုထားၿပီး ျဖစ္ပါတယ္။

ဒါေၾကာင့္ JDI ဟာ ေဈးကြက္ထဲမွာ တစ္ခါျပန္ၿပီး ႀကီးထြားလာဖို႔အတြက္ OLED ထုတ္လုပ္မႈ ပိုမိုေကာင္းမြန္တိုးတက္လာေစမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူအခ်ိဳ႕ကို ရွာေဖြေနတယ္လို႔ သိရပါတယ္။ အတြင္းသတင္းေတြအရေတာ့ JDI ဟာ တ႐ုတ္နဲ႔ ထိုင္ဝမ္ ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီကေန စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံေငြ $723 သန္းဝန္းက်င္ေလာက္ ရရွိမယ္လို႔ သိရပါတယ္။

ဒီသတင္းအတိုင္း အမွန္တကယ္သာဆိုရင္ေတာ့ တ႐ုတ္ေက်ာေထာက္ေနာက္ခံအဖြဲ႕နဲ႔ ထိုင္ဝမ္ကုမၸဏီျဖစ္တဲ့ TPK Holding တို႔ဟာ JDI ရဲ႕ ရွယ္ယာပမာဏ ၃၀% ကေန ၅၀% ၾကားကို ပိုင္ဆိုင္သြားၾကမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တရုတ်နဲ့ ထိုင်ဝမ်ကုမ္ပဏီတို့ Apple ရဲ့ LCD Supplier ကြီးဖြစ်တဲ့ JDI မှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိနေ

Apple ရဲ့ iPhone တွေအတွက် LCD panels တွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေထဲမှာ JDI (Japan Display Inc.) က အဓိကကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီကြီးအတွက် အဓိက LCD ထောက်ပံ့သူဖြစ်ပေမယ့်လည်း အခုအခါမှာတော့ ပေါ့ပေါ့ပါးပါး ရပ်တည်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေပါ။

အခုလိုမျိုး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ကြုံတွေ့ရတဲ့ အဓိကအကြောင်းရင်းက JDI ဟာ OLED ထုတ်လုပ်မှုကို ကူးပြောင်းတဲ့နေရာမှာ နှေးကွေးတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဈေးကွက်ဟာ OLEDs တွေဆီကို ရှေးရှုပြောင်းလဲနေပြီဖြစ်ပါတယ်။ ဒါကြောင့် LCD နဲ့ လက်မထောင်နိုင်ခဲ့တဲ့ ဂျပန်ကုမ္ပဏီအတွက် အခက်တွေ့ခဲ့ရတာဆိုရင်လည်း မမှားပါဘူး။

JDI ရဲ့ အဓိက ဖောက်သည်ဖြစ်တဲ့ Apple ဟာ iPhone XR အတွက် LCD သုံးခဲ့ပေမယ့်လည်း OLED ဆီကို ရွေ့လျားနေပြီဖြစ်ပါတယ်။ ၂၀၁၉ မှာထုတ်မယ့် iPhone XR တွေကို LCD ဆက်သုံးဦးမှာ ဖြစ်ပေမယ့် ဒါကလည်း နောက်ဆုံးအနေနဲ့ သုံးမှာ ဖြစ်ပါတယ်။ ၂၀၂၀ ထုတ် iPhone တွေအားလုံးမှာတော့ OLED ပဲ အသုံးပြုတော့မယ်လို့ Apple က တရားဝင် ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် JDI ဟာ ဈေးကွက်ထဲမှာ တစ်ခါပြန်ပြီး ကြီးထွားလာဖို့အတွက် OLED ထုတ်လုပ်မှု ပိုမိုကောင်းမွန်တိုးတက်လာစေမယ့် ရင်းနှီးမြှုပ်နှံသူအချို့ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ အတွင်းသတင်းတွေအရတော့ JDI ဟာ တရုတ်နဲ့ ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူတွေဆီကနေ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ $723 သန်းဝန်းကျင်လောက် ရရှိမယ်လို့ သိရပါတယ်။

ဒီသတင်းအတိုင်း အမှန်တကယ်သာဆိုရင်တော့ တရုတ်ကျောထောက်နောက်ခံအဖွဲ့နဲ့ ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ TPK Holding တို့ဟာ JDI ရဲ့ ရှယ်ယာပမာဏ ၃၀% ကနေ ၅၀% ကြားကို ပိုင်ဆိုင်သွားကြမှာ ဖြစ်ပါတယ်။

Ref: GSMArena