[Zawgyi]

Apple အေနနဲ႔သူတို႔ကိုယ္တိုင္Modem ေတြထုတ္လုပ္ဖို႔လုပ္ေဆာင္ေနတယ္လို႔သတင္းထြက္ေပၚလာပါတယ္။ဒါဟာQualcomm ကိုယွဥ္ၿပိဳင္ဖို႔ျဖစ္ႏိုင္သလို၊Intel ကိုထားခဲ့ဖို႔လည္းျဖစ္ႏိုင္ပါတယ္။Apple ရဲ႕အလုပ္အကိုင္သစ္စာရင္းမွာCellular Modem Systems Architects အတြက္ေခၚယူထားတာကိုေတြ႕ရပါတယ္။

လက္ရွိေခၚယူထားတဲ့အလုပ္အကိုင္ရာထူးေတြအရApple အေနနဲ႔ကိုယ္တိုင္Modem ထုတ္လုပ္ႏိုင္ဖို႔တစ္ခုတည္းမကဘူးလို႔သုံးသပ္ရပါတယ္။ဒါေၾကာင့္ကာလၾကာရွည္လက္တြဲခဲ့တဲ့Intel နဲ႔လည္းလက္တြဲျဖဳတ္ၿပီးအနာဂတ္iPhone ေတြမွာApple ရဲ႕ကိုယ္ပိုင္Modem ေတြပဲသုံးသြားေတာ့မယ္ဆိုတာကေသခ်ာသေလာက္ရွိေနၿပီလို႔ဆိုရမွာပါ။

လက္ရွိအခ်ိန္အထိေတာ့Apple အေနနဲ႔2020 မွာထုတ္လုပ္မယ့္5G iPhone ေတြမွာIntel ရဲ႕8161 5G Modem Chip ကိုပဲအသုံးျပဳသြားဖြယ္ရွိပါတယ္။ဒါမွမဟုတ္ရင္လည္းဒုတိယဦးစားေပးအျဖစ္လ်ာထားတဲ့MediaTek ရဲ႕Chip ေတြကိုပဲသုံးသြားဖြယ္ရွိဦးမွာပါ။ကိုယ္တိုင္ထုတ္လုပ္ႏိုင္ဖို႔ေတာ့ႏွစ္အနည္းငယ္ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။

လက္ရွိကမာၻ႔အႀကီးဆုံးModem Supplier ေတြထဲမွာIntel နဲ႔ Qualcomm တို႔ႏွစ္ခုကအႀကီးမားဆုံးျဖစ္ပါတယ္။Qualcomm နဲ႔ကတရားတေဘာင္ကိစၥနဲ႔ဆက္ဆံေရးပ်က္ခဲ့ရသလို Intel နဲ႔ကလည္းလက္ရွိ 5G Modem တပ္ဆင္ေရးကိစၥမွာအေျခအတင္ညႇိႏႈိင္းေနရတုန္းျဖစ္ပါတယ္။ဒီအေၾကာင္းေတြအျပင္ေနာက္ထပ္အေရးပါတဲ့အေၾကာင္းရင္းက Apple အေနနဲ႔ Modem Supplier ေတြအတြက္ကုန္က်စရိတ္မ်ားေနတာေၾကာင့္ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Apple အနေနဲ့သူတို့ကိုယ်တိုင်Modem တွေထုတ်လုပ်ဖို့လုပ်ဆောင်နေတယ်လို့သတင်းထွက်ပေါ်လာပါတယ်။ဒါဟာQualcomm ကိုယှဉ်ပြိုင်ဖို့ဖြစ်နိုင်သလို၊Intel ကိုထားခဲ့ဖို့လည်းဖြစ်နိုင်ပါတယ်။Apple ရဲ့အလုပ်အကိုင်သစ်စာရင်းမှာCellular Modem Systems Architects အတွက်ခေါ်ယူထားတာကိုတွေ့ရပါတယ်။

လက်ရှိခေါ်ယူထားတဲ့အလုပ်အကိုင်ရာထူးတွေအရApple အနေနဲ့ကိုယ်တိုင်Modem ထုတ်လုပ်နိုင်ဖို့တစ်ခုတည်းမကဘူးလို့သုံးသပ်ရပါတယ်။ဒါကြောင့်ကာလကြာရှည်လက်တွဲခဲ့တဲ့Intel နဲ့လည်းလက်တွဲဖြုတ်ပြီးအနာဂတ်iPhone တွေမှာApple ရဲ့ကိုယ်ပိုင်Modem တွေပဲသုံးသွားတော့မယ်ဆိုတာကသေချာသလောက်ရှိနေပြီလို့ဆိုရမှာပါ။

လက်ရှိအချိန်အထိတော့Apple အနေနဲ့2020 မှာထုတ်လုပ်မယ့်5G iPhone တွေမှာIntel ရဲ့8161 5G modem chip ကိုပဲအသုံးပြုသွားဖွယ်ရှိပါတယ်။ဒါမှမဟုတ်ရင်လည်းဒုတိယဦးစားပေးအဖြစ်လျာထားတဲ့MediaTek ရဲ့chip တွေကိုပဲသုံးသွားဖွယ်ရှိဦးမှာပါ။ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့တော့နှစ်အနည်းငယ်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့အကြီးဆုံးModem Supplier တွေထဲမှာIntel နဲ့Qualcomm တို့နှစ်ခုကအကြီးမားဆုံးဖြစ်ပါတယ်။Qualcomm နဲ့ကတရားတဘောင်ကိစ္စနဲ့ဆက်ဆံရေးပျက်ခဲ့ရသလိုIntel နဲ့ကလည်းလက်ရှိ5G Modem တပ်ဆင်ရေးကိစ္စမှာအခြေအတင်ညှိနှိုင်းနေရတုန်းဖြစ်ပါတယ်။ဒီအကြောင်းတွေအပြင်နောက်ထပ်အရေးပါတဲ့အကြောင်းရင်းကApple အနေနဲ့Modem Supplier တွေအတွက်ကုန်ကျစရိတ်များနေတာကြောင့်ဖြစ်ပါတယ်။

Ref: The Verge