Zawgyi Font Version

Apple ရဲ႕ September 12 Event နီးလာတာနဲ႔အမွ် iPhone အသစ္အေၾကာင္းေကာလဟလေတြကေတာ့ မရိုးႏိုင္ေအာင္ ေပၚထြက္လာပါတယ္။ အဲ့ဒီ ပြဲမွာ iPhone သံုးလံုးထြက္လာမယ္ဆိုတာကေတာ့ အေသအခ်ာပဲျဖစ္ျပီး တန္ဖိုးျမင့္ iPhone ႏွစ္လံုးနဲ႔ တန္ဖိုးနိမ့္ iPhone တစ္လံုးကိုပြဲထုတ္မွာပါ။

ေစ်းနည္းတဲ့ iPhone ကိုအရင္က iPhone 9 လို႔နာမည္ေပးမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ iPhone ရဲ႕ နာမည္အသစ္ျဖစ္တဲ့ “X” ဆိုတာနဲ႔ ကိုက္ညီမယ့္ နာမည္ျဖစ္တဲ့ “XC” ဆိုျပီး နာမည္ေပးမွာပါ။ အရင္ထြက္ထားတဲ့သတင္းအရ XC ကို အေရာင္အသစ္ေတြနဲ႔ပြဲထုတ္ႏိုင္ပါတယ္။

တရုတ္ Social Website ျဖစ္တဲ့ Weibo ကေန အဆိုပါ သတင္းေတြပ်ံ႕ႏွံ႔ေနတာပါ။ တန္ဖိုးၾကီး iPhone ႏွစ္လံုးကို XS နဲ႔ XS Plus လို႔ေခၚမွာျဖစ္ျပီး OLED Diplay ကိုသံုးထားမွာပါ။

XS နဲ႔ XS Plus ႏွစ္လံုးစလံုးမွာ Dual Camera System ပါျပီး တန္ဖိုးနည္း XC မွာေတာ့ Single Len နဲ႔ပဲ ပြဲထုတ္မွာပါ။ ေစ်းႏွုန္းေတြကေတာ့ iPhone XC က ေဒၚလာ (၇၀၀)၊ iPhone XS က ေဒၚလာ (၉၀၀) နဲ႔ iPhone XS Plus က ေဒၚလာ (၁,၀၀၀) စီက်သင္​့မွာပါ။

အဆိုပါ အခ်က္​အလက္​ေတြက တရုတ္​ Social Media ေပၚမွာ ပ်ံ႕ေနတာျဖစ္​ၿပီး တစ္​ရာ ရာခိုင္​ႏွုန္းေတာ့ ယံုၾကည္လို႔မရေသးပါဘူး။ ဒါေပမယ့္လည္း Apple ရဲ႕ ပစၥည္းသစ္မိတ္ဆက္ပြဲဟာ ေတာ္ေတာ္ကို နီးကပ္ေနျပီမို႔လို႔ အဆိုပါ သတင္းေတြက မွန္ႏိုင္ေျခမ်ားပါတယ္။ မွန္လား မမွန္လားဆိုတာေတာ့ ေစာင့္ၾကည့္ရပါမယ္။

ျဖည့္ေျပာခ်င္တာေလးတစ္ခုကေတာ့ Apple ရဲ႕ တန္ဖိုးအနည္းဆံုးဖုန္းက ေဒၚလာ (၇၀၀) ေက်ာ္တဲ့အတြက္ ျမန္မာေငြ ဆယ့္ႏွစ္သိန္းနီးပါးရွိပါတယ္။ အျမတ္တင္တဲ့ေစ်းနဲ႔ဆိုရင္ေတာ့ လက္ထဲအေရာက္ကို ဆယ့္ေလးသိန္းေလာက္ထိရွိပါတယ္။ ဒါဟာ Laptop ေကာင္းေကာင္းတစ္လံုးတန္ဖိုးေလာက္ရွိပါတယ္။

Unicode Version

 

Apple ရဲ့ September 12 Event နီးလာတာနဲ့အမျှ iPhone အသစ်အကြောင်းကောလဟလတွေကတော့ မရိုးနိုင်အောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီ ပွဲမှာ iPhone သုံးလုံးထွက်လာမယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပြီး တန်ဖိုးမြင့် iPhone နှစ်လုံးနဲ့ တန်ဖိုးနိမ့် iPhone တစ်လုံးကိုပွဲထုတ်မှာပါ။

ဈေးနည်းတဲ့ iPhone ကိုအရင်က iPhone 9 လို့နာမည်ပေးမယ်လို့ သတင်းထွက်ခဲ့ပေမယ့် iPhone ရဲ့ နာမည်အသစ်ဖြစ်တဲ့ “X” ဆိုတာနဲ့ ကိုက်ညီမယ့် နာမည်ဖြစ်တဲ့ “XC” ဆိုပြီး နာမည်ပေးမှာပါ။ အရင်ထွက်ထားတဲ့သတင်းအရ XC ကို အရောင်အသစ်တွေနဲ့ပွဲထုတ်နိုင်ပါတယ်။

တရုတ် Social Website ဖြစ်တဲ့ Weibo ကနေ အဆိုပါ သတင်းတွေပျံ့နှံ့နေတာပါ။ တန်ဖိုးကြီး iPhone နှစ်လုံးကို XS နဲ့ XS Plus လို့ခေါ်မှာဖြစ်ပြီး OLED Diplay ကိုသုံးထားမှာပါ။

XS နဲ့ XS Plus နှစ်လုံးစလုံးမှာ Dual Camera System ပါပြီး တန်ဖိုးနည်း XC မှာတော့ Single Len နဲ့ပဲ ပွဲထုတ်မှာပါ။ ဈေးနှုန်းတွေကတော့ iPhone XC က ဒေါ်လာ (၇၀၀)၊ iPhone XS က ဒေါ်လာ (၉၀၀) နဲ့ iPhone XS Plus က ဒေါ်လာ (၁,၀၀၀) စီကျသင့်မှာပါ။

အဆိုပါ အချက်အလက်တွေက တရုတ် Social Media ပေါ်မှာ ပျံ့နေတာဖြစ်ပြီး တစ်ရာ ရာခိုင်နှုန်းတော့ ယုံကြည်လို့မရသေးပါဘူး။ ဒါပေမယ့်လည်း Apple ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲဟာ တော်တော်ကို နီးကပ်နေပြီမို့လို့ အဆိုပါ သတင်းတွေက မှန်နိုင်ခြေများပါတယ်။ မှန်လား မမှန်လားဆိုတာတော့ စောင့်ကြည့်ရပါမယ်။

ဖြည့်ပြောချင်တာလေးတစ်ခုကတော့ Apple ရဲ့ တန်ဖိုးအနည်းဆုံးဖုန်းက ဒေါ်လာ (၇၀၀) ကျော်တဲ့အတွက် မြန်မာငွေ ဆယ့်နှစ်သိန်းနီးပါးရှိပါတယ်။ အမြတ်တင်တဲ့ဈေးနဲ့ဆိုရင်တော့ လက်ထဲအရောက်ကို ဆယ့်လေးသိန်းလောက်ထိရှိပါတယ်။ ဒါဟာ Laptop ကောင်းကောင်းတစ်လုံးတန်ဖိုးလောက်ရှိပါတယ်။

Ref: The Verge