Google ကတော့ သူတို့ရဲ့ Android OS ကို ကောင်းသထက်ကောင်းအောင်ပြုလုပ်နေပါတယ်။ Google 2018 I/O မှာမိတ်ဆက်ခဲ့တဲ့ Android P ကိုတော့ အရင်က Android Version တွေနဲ့မတူအောင် ပြုပြင်ပြောင်းလဲမှုတွေအများကြီးနဲ့ မိတ်ဆက်ပေးလာပါတယ်။

အရင်က Android Version တွေနဲ့မတူတဲ့ အတွေ့အကြံမျိုးတွေကို Android P ကယူလာပေးမှာပါ။ Android P မှာ AI ထည့်သွင်းပေးထားတဲ့အပြင် အခြား Feature တွေကိုပါ အသေးစိတ်ပြန်လည်ပြင်ဆင်ပေးထားတာကြောင့် Android သုံးရတဲ့ အတွေ့အကြုံက အရင်ကထက်ပိုပြီးကောင်းလာမှာပါ။

အဲ့ဒီလို အသေးစိတ်ပြုပြင်ပြောင်းလဲထားတဲ့ အထဲကသိသာတဲ့ပြောင်းလဲမှုတစ်ခုကတော့ App တွေနဲ့ပတ်သက်လာရင် အရင်ကလို အဆင်မပြေတာ၊ မျက်စိနောက်စရာ Notification တွေ Pop-up Window တွေတက်လာတော့မှာမဟုတ်ပါဘူး။ App တစ်ခုခုက Background မှာ အဆင်မပြေဖြစ်သွားတာ၊ Not Respond ဖြစ်နေတာမျိုးကို Noti တက်လာမှာမဟုတ်တော့ပါဘူး။

Noti တွေတက်လာတာက App ကိုကောင်းသွားစေတာမျိုးမဟုတ်တဲ့အပြင် အသုံးပြုသူတိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။ အဲ့ဒီအတွက် Google က အဆင်မပြေဖြစ်နေတဲ့ App ကို App Not Responding လို့မပြတော့ပဲ အလိုအလျောက် App ကို Kill ပေးသွားမှာဖြစ်ပါတယ်။ Developer တွေကိုလည်း အဆင်မပြေဖြစ်စေတဲ့ App တွေရှိရင် Google က အမြန်ဆုံး Error ရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ Android P ရဲ့ ပြောင်းလဲမှုတွေထဲကတစ်ခုဖြစ်တာကြောင့် Google က ဘယ်လောက်အထိ အသေးစိတ်ဂရုစိုက်ပြု့ပင်ပေးထားသလဲဆိုတာ သိသာပါတယ်။