Gaming | Mobile Phones

ချစ်သူစုံတွဲတွေကို ရေရှည်ခိုင်မြဲစေမယ့် App များ

August 27, 2017

ချစ်သူစုံတွဲတွေကို ရေရှည်ခိုင်မြဲစေမယ့် App များ


Share this on:

ချစ်သူနှစ်ယောက်ရဲ့ ကမ္ဘာလေးကို ပိုပြီးပြည့်စုံစေဖို့ လိုအပ်တဲ့အရာလေးတွေ ရှိပါတယ်။ LDRS လို့ခေါ်တဲ့ Long Distance Relationship အနေဝေးချစ်သူများအတွက် ဒီ App လေးတွေ ရှိနေမယ်ဆိုရင် မဝေးတော့ဘူးရယ်လို့ ခံစားစေရမှာပါ။

Fix A Fight

ချစ်သူနှစ်ယောက်အတွက် မရှိမဖြစ် App ပါ။

အကြီးအကျယ်ရန်ဖြစ်ပြီးတဲ့အခါတိုင်း သင့်ဘက်က ဘာတွေ ပြုပြင်ဖို့လိုလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အကယ်၍ သင်အရမ်းဒေါသထွက်နေတယ် ဆိုရင်တောင် ဒီ App က သင့်ကို သင်ပြပေးမှာပါ။

Avocado

ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံ ဗီဒီယို Messages စတာတွေကို တစ်စုတစ်စည်းတည်း သိမ်းပေးထားနိုင်မယ့် နေရာလေးပါ။ အမှတ်တရလေးတွေကို အလွယ်တကူ ပြန်ကြည့်လို့ရတာပေါ့။

69 Places

ဒါလေးကတော့ 18+ App ပါ။ Adult တွေအတွက်ပဲ သင့်တော်မယ်လို့ အကြံပေးချင်ပါတယ်။ အထဲက Step တော်တော်များများကတော့ စုံတွဲတွေ သဘောကျစေမှာပါ။ သိချင်ရင်တော့ Download ဆွဲကြည့်ကြပါလို့။

Kouply

သူကတော့ ချစ်သူနှစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို Game အဖြစ် အသွင်ပြောင်းပေးတဲ့ App ပါ။ သူက သင့်ကို ပန်းစည်းဝယ်လာပေးရင် သူ့ကို အမှတ်ပေးထားလို့ရပါတယ်။ သင်က သူ့ကို အော်မိရင်တော့ သူက သင့်ကို အမှတ်ပြန်လျှော့မှာပေါ့။

I Just Made Love

ဒါလည်း Adult App ပါပဲ။ သင်တို့နှစ်ယောက်ရဲ့ ချစ်မှုရေးရာ တစ်ခုတည်းအပေါ် အာရုံမထားဘဲ သင်ဘယ်လို ပြုစုဆက်ဆံတယ်ဆိုတာတွေပါ သင်ဖော်ပြလို့ရနိုင်တဲ့ App လေးပါ။

Review

User Rating

4 (11 Votes)
error: Alert: Copyright © 2018. MyTech Myanmar