ဖုန်းသုံးနေတာချင်း အတူတူ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်လာစေဖို့အတွက် ကူညီပေးမယ့် App လေးတွေ ထည့်ထားရင် ပိုမိုအကျိုးရှိစေပါလိမ့်မယ်။

ဦးနှောက်ကို သုံးပြီး စဉ်းစားရတဲ့ ဂိမ်းတွေ ဆော့ပေးခြင်းအားဖြင့် မှတ်ဥာဏ်အားသာမက ဖြတ်ထိုးဥာဏ်ပါ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

သင့်ဥာဏ်ရည် တိုးတက်လာဖို့ ဒီ App တွေက ကူညီပေးမှာပါ။

Peak

Brain Training Game တွေထဲမှာ ထိပ်ဆုံးက တစ်ပြေးနေတဲ့ Peak ပါ။ မှတ်ဥာဏ် ဘာသာစကား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စတာတွေကိုပါ စစ်ဆေးပေးနိုင်မယ့် Game လည်းဖြစ်ပါတယ်။ အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။

Elevate

Peak နဲ့ပြိုင်နိုင်တဲ့ App ကတော့ Elevate ဖြစ်ပါတယ်။ သူကလည်း မှတ်ဥာဏ်အား အာရုံစိုက်မှု သင်္ချာ နားလည်မှုစွမ်းရည် နဲ့ စိတ်ဓာတ်အားကို စစ်ဆေးပေးမယ့် အခန်းလေးတွေ ပါဝင်ပါတယ်။

Lumosity

မိမိနေ့စဉ်ဖြတ်သန်းနေကျ အမှတ်မထင် ပုံစံလေးတွေကို Mini Games လေးတွေ အနေနဲ့ တွေ့ရမှာပါ။ ဖုန်းနဲ့သာမက ကွန်ပျူတာနဲ့လည်း ချိတ်ဆက်ဆော့နိုင်မှာ ဖြစ်ပါတယ်။

Fit Brains Trainer 

သူကတော့ IQ တင်မကဘဲ EQ ပေါ်မှာ အခြေခံထားတဲ့ Game ဖြစ်လို့ ဆော့ရတဲ့အခါ ကွာခြားမှုကို တွေ့ရမှာပါ။ တခြား Game တွေထက် ပိုမိုပြီး ဆွဲဆောင်မှုရှိတာ တွေ့ရပါမယ်။