Sony ရဲ့ Xperia Phone တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ Xperia XZ2 Premium ကတော့ ဒီဇိုင်းအသစ်နဲ့ Dual Camera အပါအဝင် ပိုကောင်းတဲ့ Specification တွေနဲ့ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ လက်ရှိမှာတော့ Sony ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်လာနိုင်တဲ့ Sony Xperia Model Number H8616 ရဲ့ Concept ပုံတွေထွက်ရှိလာပါပြီ။ တော်တော်များများကတော့ ဒီဖုန်းက Sony Xperia XZ3 Premium ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။Source: deccanchronicle.com

ဒီဇိုင်းပိုင်းကနေစပြောရမယ်ဆိုရင်တော့ Premium Metallic Body နဲ့ Bezel-Less ဖြစ်နိုင်ပြီး Notch လဲပါဝင်လာနိုင်ပါတယ်။ Screen-to-body Ratio ကတော့ 18:9 ဖြစ်ပြီးဖုန်းရဲ့အောက်ခြေမှာ Stereo speaker ၂ခုနဲ့ In-Display Ultrasonic Fingerprint Sensor ကိုထည့်သွင်းထားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Display ကိုတော့ 6.2 inch 4K AMOLED Display သုံးထားမယ်လို့ မျှော်လင့်ရပါတယ်။ Processing  ပိုင်းအနေနဲ့တော့ Snapdragon 855 ကိုသုံးထားပြီး RAM 6GB /128GB Storage နဲ့ RAM 8GB/256GB Storage ဆိုပြီး Versionနှစ်မျိုးထွက်ရှိလာနိုင်ပါတယ်။ IP68 Water and Dust resistant လဲ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

Source: techradar.com

Camera ပိုင်းအနေနဲ့တော့ 21MP+13MP Dual Camera နဲ့ 13MP Front Camera ဖြစ်ဖို့များပြီး  Super Slow-Motion Video တွေကို 960fps နဲ့ ရိုက်ကူးနိုင်မှာပါ။ 4000mAh Battery ကိုလဲ သုံးထားနိုင်ပါတယ်။

Sony ကတော့ ဒီကောလဟာလတွေကို တရားဝင်အတည်မပြုသေးပေမယ့် Sony Fan တွေကတော့ အတော်လေးစိတ်ဝင်စားနေကြပါပြီ။ သိပ်မကြာခင်မှာပဲ Sony Xperia XZ3 Premium ကိုမြင်တွေ့နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။