Zawgyi

သင္ဟာ စမတ္ဖုန္း ေစ်းကြက္ကို စိတ္ဝင္စားျပီး စမတ္ဖုန္းေတြအေၾကာင္းေလ့လာေနသူတစ္ေယာက္ဆိုရင္ ကမၻာ့ ထိပ္တန္း စမတ္ဖုန္း ထုတ္လုပ္သူေတြထဲမွာ ASUS မပါဝင္ဘူးဆိုတာ သိႏိုင္ပါတယ္။ အရင္ ASUS ဖုန္းေတြတုန္းကဆိုရင္ Intel ရဲ႕ Mobile SoC ေတြကိုအသံုးျပဳထားခဲ့တဲ့ အတြက္ တစ္ခ်ိဳ႕ Android App ေတြအတြက္ ကိုက္ညီမွုမရွိတဲ့ ျပႆနာေတြၾကံဳေတြ႔ခဲ့ရသလို Android Developer ေတြအတြက္လည္း Custom ROM ေတြထုတ္ေပးဖို႔ အခက္ေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Zenfone 5 နဲ႔ 5Z လို စမတ္ဖုန္းေတြထုတ္လုပ္ျပီး လူအမ်ားရဲ႕ အာရံုစိုက္မွုကို ရယူလာႏိုင္ပါတယ္။ စြမ္းေဆာင္ရည္ အရမ္းျမင့္မားတဲ့ ASUS ROG ဖုန္းကိုပါထုတ္လုပ္ျပီး Mobile Gaming ဘက္ကိုပါ နယ္ခ်ဲ႕လာပါတယ္။ ROG ဖုန္းဆိုတာ Republic of Gamers လို႔ေခၚတဲ့ ASUS ကိုယ္ပိုင္ Gaming Laptop Brand ျဖစ္ျပီး Razer Phone လိုပဲ Android စမတ္ဖုန္းဘက္ကိုပါ ျမွားဦးလွည့္လာခဲ့တာ့ပါ။ ေနာက္ဆံုးရ သတင္းေတြအရ ASUS ဟာ Budget ဖုန္းေတြထက္ Mobile Gamer ေတြနဲ႔ Power Users ေတြအတြက္ အာရံုစိုက္ေတာ့မယ္လို႔သိရပါတယ္။

ASUS ရဲ႕ CEO အျဖစ္ ဆယ္ႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Jerry Shen ဟာ CEO ေနရာကေန ဆင္းေပးျပီး လက္ေထာက္ CEO ေတြျဖစ္တဲ့ S.Y. Hsu နဲ႔ Samson Hu တို႔ကို CEO အျဖစ္ခန္႔အပ္ေတာ့မွာပါ။ အဆိုပါ ရာထူးအေျပာင္းအလဲဟာ ၂၀၁၉ ႏွစ္အစပိုင္းမွာ စတင္မျဖစ္ျပီး ASUS ဟာ သူ႔ရဲ႕ စမတ္ဖုန္းထုတ္လုပ္ေရးအပိုင္းကို အၾကီးအက်ယ္ေျပာင္းလဲေတာ့မွာပါ။ ASUS ရဲ႕ေျပာစကားအရ ေရွ႕ေလ်ာက္ Zenfone Series ေတြကို သိပ္ေတြ႔ရေတာ့မွာမဟုတ္ပဲ ROG ဖုန္းလို Gaming ဖုန္းေတြကိုပဲ အာရံုစိုက္ျပီး ထုတ္လုပ္ေတာ့မွာပါ။ Gaming ဖုန္းအျပင္ Power User ေတြအတြက္ပါ အာရံုစိုက္မယ္လို႔ေျပာထားတဲ့အတြက္ OnePlus လို RAM ပမာဏ ျမင့္ျပီး Stock UI မ်ိဳးနဲ႔ဖုန္းေတြပါ ထြက္ေပၚလာႏိုင္ပါတယ္။

ASUS ဘက္ကေန Zenfone Series ကိုေတာင္ အာရံုမစိုက္ေတာ့ဘူးဆိုရင္ Budget ဖုန္းေတြ ဆက္ထုတ္ဖို႕ မေသခ်ာေတာ့ပါဘူး။ ဒါေပမယ့္လည္း Zenfone 5 ဟာ DxO Mark မွာ အေတာ္ေလးအေျခအေနေကာင္းျပီး ျပည္တြင္းေစ်းကြက္ကို ဝင္ေရာက္လာျခင္းမရွိတဲ့ Zenfone 5Z ဟာဆိုရင္လည္း OnePlus 6 နဲ႔ POCO F1 လို တစ္ျခား Snapdragon 845 သံုးဖုန္းေတြနဲ႔ ပုခံုးျခင္းယွဥ္ႏိုင္တဲ့ဖုန္းတစ္လံုးပါ။ Asus ရဲ႕ Budget ဖုန္းျဖစ္တဲ့ Max Pro M1 ဟာဆိုရင္လည္း ေရာင္းအားအေကာင္းဆံုးဖုန္းတစ္လံုးျဖစ္ခဲ့ျပီး ျပည္တြင္းမွာလည္း Redmi ဖုန္းေတြကို ယွဥ္ဖိုက္ႏိုင္တဲ့ ဖုန္းတစ္လံုးအျဖစ္ နာမည္ၾကီးခဲ့ပါတယ္။ အခုထြက္လာခဲ့တဲ့ Max Pro M2 ဟာဆိုရင္လည္း တစ္ျခား Budget/Mid-Range ေတြနဲ႔ယွဥ္ရင္ စြမ္းေဆာင္ရည္ အေတာ္ေလးေကာင္းတယ္လို႔ေျပာလို႕ရတဲ့ အေနအထားမွာရွိပါတယ္။ ROG Gaming ဖုန္းကေတာ့ ေစ်းအေတာ္ေလးကို ျမင့္မားေနတဲ့အတြက္ ျပည္တြင္းမွာ ဝယ္သူအသံုးျပဳသူ မေတြ႔ရသေလာက္ပါပဲ။ တစ္ကယ္လို႔သာ ASUS က ေရာင္းအား အရမ္းေကာင္းေနတဲ့ Zenfone Series နဲ႔ Max/Max Pro Series ကိုသာ ျဖဳတ္ခ်မယ္ဆိုရင္ေတာ့ အေတာ္ေလးကို မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ျဖစ္လာမွာပါ။ ဒါေပမယ့္လည္း OnePlus လို စြမ္းေဆာင္ရည္ ျမင့္တဲ့ ဖုန္းေတြ ထုတ္လုပ္ႏိုင္မယ္ဆိုရင္ေတာ့ Budget Flagship စမတ္ဖုန္းေစ်းကြက္မွာ ေနရာတစ္ေနရာ ရႏိုင္မွာပါ။

Ref: Engadget

Unicode

သင်ဟာ စမတ်ဖုန်း ဈေးကွက်ကို စိတ်ဝင်စားပြီး စမတ်ဖုန်းတွေအကြောင်းလေ့လာနေသူတစ်ယောက်ဆိုရင် ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူတွေထဲမှာ ASUS မပါဝင်ဘူးဆိုတာ သိနိုင်ပါတယ်။ အရင် ASUS ဖုန်းတွေတုန်းကဆိုရင် Intel ရဲ့ Mobile SoC တွေကိုအသုံးပြုထားခဲ့တဲ့ အတွက် တစ်ချို့ Android App တွေအတွက် ကိုက်ညီမှုမရှိတဲ့ ပြဿနာတွေကြုံတွေ့ခဲ့ရသလို Android Developer တွေအတွက်လည်း Custom ROM တွေထုတ်ပေးဖို့ အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Zenfone 5 နဲ့ 5Z လို စမတ်ဖုန်းတွေထုတ်လုပ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ရယူလာနိုင်ပါတယ်။ စွမ်းဆောင်ရည် အရမ်းမြင့်မားတဲ့ ASUS ROG ဖုန်းကိုပါထုတ်လုပ်ပြီး Mobile Gaming ဘက်ကိုပါ နယ်ချဲ့လာပါတယ်။ ROG ဖုန်းဆိုတာ Republic of Gamers လို့ခေါ်တဲ့ ASUS ကိုယ်ပိုင် Gaming Laptop Brand ဖြစ်ပြီး Razer Phone လိုပဲ Android စမတ်ဖုန်းဘက်ကိုပါ မြှားဦးလှည့်လာခဲ့တာ့ပါ။ နောက်ဆုံးရ သတင်းတွေအရ ASUS ဟာ Budget ဖုန်းတွေထက် Mobile Gamer တွေနဲ့ Power Users တွေအတွက် အာရုံစိုက်တော့မယ်လို့သိရပါတယ်။

ASUS ရဲ့ CEO အဖြစ် ဆယ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Jerry Shen ဟာ CEO နေရာကနေ ဆင်းပေးပြီး လက်ထောက် CEO တွေဖြစ်တဲ့ S.Y. Hsu နဲ့ Samson Hu တို့ကို CEO အဖြစ်ခန့်အပ်တော့မှာပါ။ အဆိုပါ ရာထူးအပြောင်းအလဲဟာ ၂၀၁၉ နှစ်အစပိုင်းမှာ စတင်မဖြစ်ပြီး ASUS ဟာ သူ့ရဲ့ စမတ်ဖုန်းထုတ်လုပ်ရေးအပိုင်းကို အကြီးအကျယ်ပြောင်းလဲတော့ပါမှာ။ ASUS ရဲ့ပြောစကားအရ ရှေ့လျောက် Zenfone Series တွေကို သိပ်တွေ့ရတော့မှာမဟုတ်ပဲ ROG ဖုန်းလို Gaming ဖုန်းတွေကိုပဲ အာရုံစိုက်ပြီး ထုတ်လုပ်တော့မှာပါ။ Gaming ဖုန်းအပြင် Power User တွေအတွက်ပါ အာရုံစိုက်မယ်လို့ပြောထားတဲ့အတွက် OnePlus လို RAM ပမာဏ မြင့်ပြီး Stock UI မျိုးနဲ့ဖုန်းတွေပါ ထွက်ပေါ်လာနိုင်ပါတယ်။

ASUS ဘက်ကနေ Zenfone Series ကိုတောင် အာရံမစိုက်တော့ဘူးဆိုရင် Budget ဖုန်းတွေဆိုရင် ဆက်ထုတ်ဖို့ မသေချာတော့ပါဘူး။ ဒါပေမယ့်လည်း Zenfone 5 ဟာ DxO Mark မှာ အတော်လေးအခြေအနေကောင်းပြီး ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာခြင်းမရှိတဲ့ Zenfone 5Z ဟာဆိုရင်လည်း OnePlus 6 နဲ့ POCO F1 လို တစ်ခြား Snapdragon 845 သုံးဖုန်းတွေနဲ့ ပုခုံးခြင်းယှဉ်နိုင်တဲ့ဖုန်းတစ်လုံးပါ။ Asus ရဲ့ Budget ဖုန်းဖြစ်တဲ့ Max Pro M1 ဟာဆိုရင်လည်း ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးဖြစ်ခဲ့ပြီး ပြည်တွင်းမှာလည်း Redmi ဖုန်းတွေကို ယှဉ်ဖိုက်နိုင်တဲ့ ဖုန်းတစ်လုံးအဖြစ် နာမည်ကြီးခဲ့ပါတယ်။ အခုထွက်လာခဲ့တဲ့ Max Pro M2 ဟာဆိုရင်လည်း တစ်ခြား Budget/Mid-Range တွေနဲ့ယှဉ်ရင် စွမ်းဆောင်ရည် အတော်လေးကောင်းတယ်လို့ပြောလို့ရတဲ့ အနေအထားမှာရှိပါတယ်။ ROG Gaming ဖုန်းကတော့ ဈေးအတော်လေးကို မြင့်မားနေတဲ့အတွက် ပြည်တွင်းမှာ ဝယ်သူအသုံးပြုသူ မတွေ့ရသလောက်ပါပဲ။ တစ်ကယ်လို့သာ ASUS က ရောင်းအား အရမ်းကောင်းနေတဲ့ Zenfone Series နဲ့ Max/Max Pro Series ကိုသာ ဖြုတ်ချမယ်ဆိုရင်တော့ အတော်လေးကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း OnePlus လို စွမ်းဆောင်ရည် မြင့်တဲ့ ဖုန်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ Budget Flagship စမတ်ဖုန်းဈေးကွက်မှာ နေရာတစ်နေရာ ရနိုင်မှာပါ။

Ref: Engadget