[Zawgyi]

ဒီဘက္ေခတ္မွာ စမတ္ဖုန္းေတြက Gaming ဘက္ကို တစ္ျဖည္းျဖည္းေရာက္လာတာကို ေတြ႔ရပါတယ္။ ေျပာခဲ့ဖူးသလို Gaming Phone ေတြလည္း အျပိဳင္အဆိုင္ ထြက္ခဲ့သလို ထပ္လည္း ထြက္ေနဦးမွာပါပဲ။ မႏွစ္က Razer  ဖုန္းစထြက္ေတာ့ အရမ္းစိတ္လႈပ္ရွားခဲ့ရသလို Razer 2 ထြက္လာေတာ့လည္း Hype ခဲ့တာေတြနဲ႔ ထပ္တူက်ရဲ႔လား ရင္ေမာရျပန္ပါတယ္။ ေနာက္ေတာ့ ဟိုဟုိဒီဒီကေန Gaming ဖုန္းေတြထုတ္လာရင္းနဲ႔ PC Gaming ေလာကမွာ ဆရာျဖစ္ဆဲ Asus ကေန ROG ဖုန္းထုတ္ေတာ့လည္း အရမ္းေမွ်ာ္လင့္ခဲ့မိျပန္ပါတယ္။

Razer 2ကိုလည္း အၾကိဳက္တစ္မ်ိဳး ROG ကိုလည္း အၾကိဳက္တစ္မ်ိဳး၊ ဒီလိုမ်ိဳးနဲ႔ ႏုိင္ငံျခားမွာ Fan ခြဲၾကခ်ိန္မွာေတာ့ ဘယ္သူက လူၾကိဳက္အမ်ားဆံုး Gaming ဖုန္းျဖစ္ေနသလဲဆိုတာ အထင္းသားေတြ႔လိုက္ရပါျပီ။ (အဲ့ေလာက္အျပတ္အသတ္ကြာလိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့တာအမွန္ပါ) ရလဒ္ေလးေတြကို မေျပာခင္ သူတို႔ရဲ႕ Specs ေလးေတြ ကြာျခားခ်က္ေလးေတြကိုယွဥ္ျပီး အက်ဥ္းခ်ံဳးေျပာျပခ်င္ပါေသးတယ္။

Razer 2 မွာေတာ့ Original Razer ရဲ႕ မူမပ်က္ 16:9 ratio ေဘာင္ၾကီးၾကီးနဲ႔ပဲဆက္ထြက္လာျပီး Screen Size ကေတာ့ 5.72-inch, Resolution 1440 x 2560p LCD Display နဲ႔ Razer ရဲ႕အားသာခ်က္လို႔ေျပာရမယ့္ 120Hz Screen Refresh Rate ၾကီးနဲ႔ပါ။ Asus ROG မွာေတာ့ 18:9 Ratio နဲ႔ Screen Size 6.0 inch, Resolution 1080 x 2160p, သူကေတာ့ AMOLED နဲ႔လာျပီး သူ႔ရဲ႕ Refresh Rate က 90Hz နဲ႔ပါ။ Body ကေတာ့ Razer 2 မွာ Aluminium Body, ROG မွာေတာ့ Glass Back နဲ႔လာပါတယ္။

Chipset မွာေတာ့ ၂လံုးလံုးမွာ Qualcomm Snapdragon 845 သံုးထားျပီး Asus ROG ကေတာ့ Performance Core ရဲ႕ Clock Speed ေလးကို နည္းနည္းေလး တိုးထားပါေသးတယ္။ ကင္မရာေတြကေတာ့ Razer (12MP+12MP Main), 8MP Selfie, Asus ROG မွာ (12MP+8MP Main), 8MP Selfie ပါ။

Chipset ေတြကေတာ့ ၂ခုလံုး Snapdragon 845 ေတြျဖစ္ျပီး   ROG မွာေတာ့ Clock Speed ေလးကို မသိမသာေလးတိုးထားပါတယ္။ Battery ပမာဏခ်င္းကလည္း 4000 mAh ခ်င္းတူတူပါပဲ။ ေစ်းႏႈန္းေလးေတာ့ နည္းနည္းေလးကြာပါမယ္။ ဆိုေတာ့ ဒါက ဂိမ္းနဲ႔သက္ဆုိင္တဲ့ တစ္ခ်ိဳ႕ေသာအခ်က္ေတြတင္ပါ။ Razer 2 နဲ႔ Asus ROG ၂ခုအေပၚမွာ User ေတြရဲ႕ အားေပးမႈရလဒ္ကေတာ့

ကိုယ္တုိင္ကေရာ ဘယ္ဖုန္းကိုပိုသေဘာက်မိပါသလဲ? ဒီႏွစ္ခုမဟုတ္ဘဲ တျခားပိုသေဘာက်တဲ့ Gaming ဖုန္းမ်ားရိွခဲ့ရင္ ေျပာျပခဲ့လို႔ရပါတယ္ 😉

Photo Credit: Phone Arena

[Unicode]

ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေက Gaming ဘက်ကို တစ်ဖြည်းဖြည်းရောက်လာတာကို တွေ့ရပါတယ်။ ပြောခဲ့ဖူးသလို Gaming Phone တွေလည်း အပြိုင်အဆိုင် ထွက်ခဲ့သလို ထပ်လည်း ထွက်နေဦးမှာပါပဲ။ မနှစ်က Razer  ဖုန်းစထွက်တော့ အရမ်းစိတ်လှုပ်ရှားခဲ့ရသလို Razer 2 ထွက်လာတော့လည်း Hype ခဲ့တာတွေနဲ့ ထပ်တူကျရဲ့လား ရင်မောရပြန်ပါတယ်။ နောက်တော့ ဟိုဟိုဒီဒီကနေ Gaming ဖုန်းတွေထုတ်လာရင်းနဲ့ PC Gaming လောကမှာ ဆရာဖြစ်ဆဲ Asus ကနေ ROG ဖုန်းထုတ်တော့လည်း အရမ်းမျှော်လင့်ခဲ့မိပြန်ပါတယ်။

Razer 2ကိုလည်း အကြိုက်တစ်မျိုး ROG ကိုလည်း အကြိုက်တစ်မျိုး၊ ဒီလိုမျိုးနဲ့ နိုင်ငံခြားမှာ Fan ခွဲကြချိန်မှာတော့ ဘယ်သူက လူကြိုက်အများဆုံး Gaming ဖုန်းဖြစ်နေသလဲဆိုတာ အထင်းသားတွေ့လိုက်ရပါပြီ။ (အဲ့လောက်အပြတ်အသတ်ကွာလိမ့်မယ်လို့တော့ မထင်ထားခဲ့တာအမှန်ပါ) ရလဒ်လေးတွေကို မပြောခင် သူတို့ရဲ့ Specs လေးတွေ ကွာခြားချက်လေးတွေကိုယှဉ်ပြီး အကျဉ်းချုံးပြောပြချင်ပါသေးတယ်။

Razer 2 မှာတော့ Original Razer ရဲ့ မူမပျက် 16:9 ratio ဘောင်ကြီးကြီးနဲ့ပဲဆက်ထွက်လာပြီး Screen Size ကတော့ 5.72-inch, Resolution 1440 x 2560p LCD Display နဲ့ Razer ရဲ့အားသာချက်လို့ပြောရမယ့် 120Hz Screen Refresh Rate ကြီးနဲ့ပါ။ Asus ROG မှာတော့ 18:9 Ratio နဲ့ Screen Size 6.0 inch, Resolution 1080 x 2160p, သူကတော့ AMOLED နဲ့လာပြီး သူ့ရဲ့ Refresh Rate က 90Hz နဲ့ပါ။ Body ကတော့ Razer 2 မှာ Aluminium Body, ROG မှာတော့ Glass Back နဲ့လာပါတယ်။

Chipset မှာတော့ ၂လုံးလုံးမှာ Qualcomm Snapdragon 845 သုံးထားပြီး Asus ROG ကတော့ Performance Core ရဲ့ Clock Speed လေးကို နည်းနည်းလေး တိုးထားပါသေးတယ်။ ကင်မရာတွေကတော့ Razer (12MP+12MP Main), 8MP Selfie, Asus ROG မှာ (12MP+8MP Main), 8MP Selfie ပါ။

Chipset တွေကတော့ ၂ခုလုံး Snapdragon 845 တွေဖြစ်ပြီး   ROG မှာတော့ Clock Speed လေးကို မသိမသာလေးတိုးထားပါတယ်။ Battery ပမာဏချင်းကလည်း 4000 mAh ချင်းတူတူပါပဲ။ ဈေးနှုန်းလေးတော့ နည်းနည်းလေးကွာပါမယ်။ ဆိုတော့ ဒါက ဂိမ်းနဲ့သက်ဆိုင်တဲ့ တစ်ချို့သောအချက်တွေတင်ပါ။ Razer 2 နဲ့ Asus ROG ၂ခုအပေါ်မှာ User တွေရဲ့ အားပေးမှုရလဒ်ကတော့

ကိုယ်တိုင်ကရော ဘယ်ဖုန်းကိုပိုသဘောကျမိပါသလဲ? ဒီနှစ်ခုမဟုတ်ဘဲ တခြားပိုသဘောကျတဲ့ Gaming ဖုန်းများရှိခဲ့ရင် ပြောပြခဲ့လို့ရပါတယ် 😉

Photo Credit: Phone Arena