[Zawgyi]

ASUS ရဲ႕ Republic of Gamers (ROG) Laptops ေတြဟာဆိုရင္ Gaming ေလာကမွာ နာမည္ တစ္လုံးနဲ႔ရပ္တည္ေနတာ ျဖစ္ပါတယ္။ Gaming ေလာကမွာ ROG အျဖစ္ ရပ္တည္ႏိုင္တဲ့အျပင္ Gamer ေတြ ၾကားမွာလည္း ေရပန္းစားေနတဲ့ Laptops မ်ား ျဖစ္ပါတယ္။ ယခုအခါမွာလည္း ROG Gaming Laptops ေတြသာမက The Ultimate Force (TUF) Gaming Laptops အသစ္ေတြကိုပါ ASUS ကေန ထပ္မံ ထုတ္လုပ္လိုက္ၿပီ ျဖစ္ပါတယ္။ ROG Series ေတြက Essential Gaming Laptop အမ်ိဴးအစားမ်ား ျဖစ္ၿပီး TUF Series ေတြကေတာ့ Entry Level (Budget) Gaming Laptop မ်ား ျဖစ္ပါတယ္။

ASUS အေနနဲ႔ TUF Series ေတြထဲက ေမာ္ဒယ္တစ္ခု ျဖစ္တဲ့ FX504GD-E4381T ကို မၾကာေသးမီက မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီ FX504GD-E4381T ေမာ္ဒယ္က Core i5 8th Generation Processor ကို အသုံးျပဳထားတဲ့ Gaming Laptop ျဖစ္ၿပီး သူရဲ႕ တန္ဖိုးကေတာ့ ကန္ေဒၚလာ ၉၅၉ ေဒၚလာ ျဖစ္ပါတယ္။ ဒီေတာ့ ေဒၚလာ ၁၀၀၀ ေအာက္ Gaming Laptop ေတြကို ႀကိဳက္ႏွစ္သက္တဲ့ Gamer ေတြအတြက္ ASUS ရဲ႕ TUF Gaming FX504GD-E4831T က ေ႐ြးခ်ယ္စရာ တစ္ခု ျဖစ္လာပါတယ္။

FX504GD-E4381T ရဲ႕ Processor အပိုင္းအတြက္ Intel ရဲ႕ 8th Gen H Hexa Core Processor ေတြကို အသုံးျပဳထားတာေၾကာင့္ ယခင္ 7th Gen H Quad Core Processor ေတြထက္ Performance အပိုင္းမွာ 23% အထိ ပိုမိုေကာင္းမြန္လာပါတယ္။ GPU အပိုင္းအတြက္ NVIDIA ရဲ႕ GeForce GTX 1050 ကို ထည့္သြင္းေပးထားၿပီး Graphics Memory ကေတာ့ GDDR5 4GB ပါဝင္မွာပါ။ Storage အပိုင္းမွာလည္း 7200RPM HDD အစား SATA 1TB 5400RPM 2.5’ SSHD (FireCuda) ကို အသုံးျပဳထားတဲ့အတြက္ Benchmark Scores ေတြအရဆိုရင္ Boost အပိုင္းမွာ ၇ဆနဲ႔ Game Loading အပိုင္းမွာ ၂.၂၅ဆ အထိ ပိုမို ျမန္ဆန္လာတာကို ေတြ႕ရပါတယ္။ SSD ထပ္စိုက္လိုပါက 256GB SATA3 M.2 SSD ထပ္စိုက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Memory Module အတြက္ DRAM DDR4 2666MHz 8G ကို ထည့္သြင္းေပးထားတာေၾကာင့္ DDR4 2400MHz ေတြထက္ Memory Performance အပိုင္းမွာ 11% အထိ ပိုမိုေကာင္းမြန္လာပါတယ္။ SO-DIMM Socket ၂ခုပါဝင္တဲ့အတြက္ စုစုေပါင္း RAM 32GB အထိ ထပ္စိုက္ႏိုင္မွာပါ။

FX504GD-E4381T မွာ အပူစြန႔္ထုတ္ဖို႔အတြက္ Fan ၂လုံး တပ္ဆင္ေပးထားပါတယ္။ အဲ့ဒီ Fan ေတြက HyperCool Heat Dissipation ဒီဇိုင္းနဲ႔ ဖြဲ႕စည္းတည္ေဆာက္ထားတဲ့အတြက္ အပူ စုပ္ယူမႈအပိုင္းမွာ 25% အထိ ပိုမိုေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Anti-Dust Thermal Tunnel ပါဝင္လာတာေၾကာင့္ အပူနဲ႔အတူ Laptop ထဲရွိ ဖုန္ႏွင့္အမႈံ အညစ္အေၾကးမ်ားကိုပါ စုပ္ယူ စြန႔္ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ 3.5mm Audio Jack, 2 x USB 3.0, 1 x USB 2.0, HDMI 1.4, RJ-45 အေပါက္ေတြကို Laptop ရဲ႕ ဘယ္ဘက္မွာဘဲ တပ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။ I/O ေတြကို ဘယ္ဘက္ တစ္ဖက္တည္းမွာဘဲ တပ္ဆင္ေပးထားတဲ့အတြက္ Game ေဆာ့တဲ့အခါမွာ Mouse ကို လြပ္လြပ္လပ္လပ္ ေ႐ြ႕လ်ားႏိုင္တာကို ေတြ႕ရပါတယ္။ Keyboard အပိုင္းမွာလည္း Illuminated Chicklet Keyboard အမ်ိဴးအစားကို တပ္ဆင္ေပးထားၿပီး အနီေရာင္ Backllit Keyboard အျဖစ္ အသုံးျပဳႏိုင္မွာပါ။

ဘက္ထရီ သိုေလွာင္မႈ ပမာဏအတြက္ 3 Cells 48Whr Battery ကိုထည့္သြင္းေပးထားၿပီး အေလးခ်ိန္ကေတာ့ 2.3 Kg ရွိပါတယ္။ FX504GD-E4381T ရဲ႕ Display အပိုင္းအတြက္ ၁၅.၆ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1920 x 1080 pixels ရွိပါတယ္။ 16:9 Aspect ratio Display အမ်ိဴးအစားျဖစ္ၿပီး Refresh rate ကေတာ့ 60Hz ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Game ဘဲေဆာ့ေဆာ့၊ Video ဘဲၾကည့္ၾကည့္ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ေတြကို အျပည့္အဝ ခံစားႏိုင္မွာပါ။ Audio အပိုင္းအတြက္ DTS Headphone: X ရဲ႕ 7.1-Channel Surround Sound နည္းပညာေၾကာင့္ ၾကည္လင္ျပတ္သားတဲ့အသံေတြကို ႐ုပ္ရွင္႐ုံထဲမွာ နားေထာင္ေနရသလိုမ်ိဴး ခံစားရပါတယ္။ Connectivity အပိုင္းမွာလည္း 802.11ac Wave 2 ကို တပ္ဆင္ထားတဲ့အတြက္ 802.11n ထက္ ၁၂ဆ အထိ ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ASUS ရဲ႕ TUF Gaming Laptop FX504GD ဟာဆိုရင္ လွပဆန္းသစ္တဲ့ ဒီဇိုင္းေတြနဲ႔အတူ ေျပာင္းလဲမႈ မ်ားစြာျပဳလုပ္ထားတဲ့ Gaming Laptop တစ္လုံးျဖစ္သလို Budget Gamer ေတြေ႐ြးခ်ယ္သင့္တဲ့ Gaming Laptop တစ္လုံးလို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

[Unicode]

Budget Gamer တွေအတွက် ရွေးချယ်စရာ ဖြစ်လာတဲ့ ASUS ရဲ့ TUF Gaming FX504GD

ASUS ရဲ့ Republic of Gamers (ROG) Laptops တွေဟာဆိုရင် Gaming လောကမှာ နာမည် တစ်လုံးနဲ့ရပ်တည်နေတာ ဖြစ်ပါတယ်။ Gaming လောကမှာ ROG အဖြစ် ရပ်တည်နိုင်တဲ့အပြင် Gamer တွေ ကြားမှာလည်း ရေပန်းစားနေတဲ့ Laptops များ ဖြစ်ပါတယ်။ ယခုအခါမှာလည်း ROG Gaming Laptops တွေသာမက The Ultimate Force (TUF) Gaming Laptops အသစ်တွေကိုပါ ASUS ကနေ ထပ်မံ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ROG Series တွေက Essential Gaming Laptop အမျိူးအစားများ ဖြစ်ပြီး TUF Series တွေကတော့ Entry Level (Budget) Gaming Laptop များ ဖြစ်ပါတယ်။

ASUS အနေနဲ့ TUF Series တွေထဲက မော်ဒယ်တစ်ခု ဖြစ်တဲ့ FX504GD-E4381T ကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ FX504GD-E4381T မော်ဒယ်က Core i5 8th Generation Processor ကို အသုံးပြုထားတဲ့ Gaming Laptop ဖြစ်ပြီး သူရဲ့ တန်ဖိုးကတော့ ကန်ဒေါ်လာ ၉၅၉ ဒေါ်လာ ဖြစ်ပါတယ်။ ဒီတော့ ဒေါ်လာ ၁၀၀၀ အောက် Gaming Laptop တွေကို ကြိုက်နှစ်သက်တဲ့ Gamer တွေအတွက် ASUS ရဲ့ TUF Gaming FX504GD-E4831T က ရွေးချယ်စရာ တစ်ခု ဖြစ်လာပါတယ်။

FX504GD-E4381T ရဲ့ Processor အပိုင်းအတွက် Intel ရဲ့ 8th Gen H Hexa Core Processor တွေကို အသုံးပြုထားတာကြောင့် ယခင် 7th Gen H Quad Core Processor တွေထက် Performance အပိုင်းမှာ 23% အထိ ပိုမိုကောင်းမွန်လာပါတယ်။ GPU အပိုင်းအတွက် NVIDIA ရဲ့ GeForce GTX 1050 ကို ထည့်သွင်းပေးထားပြီး Graphics Memory ကတော့ GDDR5 4GB ပါဝင်မှာပါ။ Storage အပိုင်းမှာလည်း 7200RPM HDD အစား SATA 1TB 5400RPM 2.5’ SSHD (FireCuda) ကို အသုံးပြုထားတဲ့အတွက် Benchmark Scores တွေအရဆိုရင် Boost အပိုင်းမှာ ၇ဆနဲ့ Game Loading အပိုင်းမှာ ၂.၂၅ဆ အထိ ပိုမို မြန်ဆန်လာတာကို တွေ့ရပါတယ်။ SSD ထပ်စိုက်လိုပါက 256GB SATA3 M.2 SSD ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Memory Module အတွက် DRAM DDR4 2666MHz 8G ကို ထည့်သွင်းပေးထားတာကြောင့် DDR4 2400MHz တွေထက် Memory Performance အပိုင်းမှာ 11% အထိ ပိုမိုကောင်းမွန်လာပါတယ်။ SO-DIMM Socket ၂ခုပါဝင်တဲ့အတွက် စုစုပေါင်း RAM 32GB အထိ ထပ်စိုက်နိုင်မှာပါ။

FX504GD-E4381T မှာ အပူစွန့်ထုတ်ဖို့အတွက် Fan ၂လုံး တပ်ဆင်ပေးထားပါတယ်။ အဲ့ဒီ Fan တွေက HyperCool Heat Dissipation ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အတွက် အပူ စုပ်ယူမှုအပိုင်းမှာ 25% အထိ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် Anti-Dust Thermal Tunnel ပါဝင်လာတာကြောင့် အပူနဲ့အတူ Laptop ထဲရှိ ဖုန်နှင့်အမှုံ အညစ်အကြေးများကိုပါ စုပ်ယူ စွန့်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ 3.5mm Audio Jack, 2 x USB 3.0, 1 x USB 2.0, HDMI 1.4, RJ-45 အပေါက်တွေကို Laptop ရဲ့ ဘယ်ဘက်မှာဘဲ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ I/O တွေကို ဘယ်ဘက် တစ်ဖက်တည်းမှာဘဲ တပ်ဆင်ပေးထားတဲ့အတွက် Game ဆော့တဲ့အခါမှာ Mouse ကို လွပ်လွပ်လပ်လပ် ရွေ့လျားနိုင်တာကို တွေ့ရပါတယ်။ Keyboard အပိုင်းမှာလည်း Illuminated Chicklet Keyboard အမျိူးအစားကို တပ်ဆင်ပေးထားပြီး အနီရောင် Backllit Keyboard အဖြစ် အသုံးပြုနိုင်မှာပါ။

ဘက်ထရီ သိုလှောင်မှု ပမာဏအတွက် 3 Cells 48Whr Battery ကိုထည့်သွင်းပေးထားပြီး အလေးချိန်ကတော့ 2.3 Kg ရှိပါတယ်။ FX504GD-E4381T ရဲ့ Display အပိုင်းအတွက် ၁၅.၆ လက်မ မျက်နှာပြင် အကျယ်ရှိ FHD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1920 x 1080 pixels ရှိပါတယ်။ 16:9 Aspect ratio Display အမျိူးအစားဖြစ်ပြီး Refresh rate ကတော့ 60Hz ဖြစ်ပါတယ်။ ဒါ့ကြောင့် Game ဘဲဆော့ဆော့၊ Video ဘဲကြည့်ကြည့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို အပြည့်အဝ ခံစားနိုင်မှာပါ။ Audio အပိုင်းအတွက် DTS Headphone: X ရဲ့ 7.1-Channel Surround Sound နည်းပညာကြောင့် ကြည်လင်ပြတ်သားတဲ့အသံတွေကို ရုပ်ရှင်ရုံထဲမှာ နားထောင်နေရသလိုမျိူး ခံစားရပါတယ်။ Connectivity အပိုင်းမှာလည်း 802.11ac Wave 2 ကို တပ်ဆင်ထားတဲ့အတွက် 802.11n ထက် ၁၂ဆ အထိ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ASUS ရဲ့ TUF Gaming Laptop FX504GD ဟာဆိုရင် လှပဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့အတူ ပြောင်းလဲမှု များစွာပြုလုပ်ထားတဲ့ Gaming Laptop တစ်လုံးဖြစ်သလို Budget Gamer တွေရွေးချယ်သင့်တဲ့ Gaming Laptop တစ်လုံးလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။