[Zawgyi]

၂၀၁၈ ခုႏွစ္ထဲမွာ ASUS ကုမၸဏီမွ မိတ္ဆက္လာခဲ့တဲ့ ZenBook UX430 Laptop စီးရီးဟာ ပါးလႊာမႈ၊ လွပေခ်ာမြတ္တဲ့ ဒီဇုိင္းနဲ႔ ဂရပ္ဖစ္ပုိင္းတုိ႔ကို အဓိကဦးစားေပး ထုတ္လုပ္လာတဲ့ Laptop စီးရီးတစ္ခု ျဖစ္ပါတယ္။ ၁၄ လက္မအရြယ္ Laptop ေတြထဲမွာ အပါးလႊာဆုံးေတြထဲက တစ္ခုျဖစ္ေအာင္ ဖန္တီးထားတဲ့ Ultra-compact ကိုယ္ထည္နဲ႔ ZenBook UX430 ဟာ ကမာၻေပၚက ဂရပ္ဖစ္ကတ္ သီးသန္႔ပါရွိတဲ့ ခရီးေဆာင္ကြန္ျပဴတာေတြထဲမွာ အပါးလႊာဆုံးလုိ႔ ASUS ကဂုဏ္ယူစြာ ေၾကျငာထားခဲ့တာလည္း ျဖစ္တယ္။

ZenBook UX430 ဟာ အေပၚမွာေျပာခဲ့သလုိ 14” Display ပါဝင္ေပမယ့္ သူ႕ရဲ႕ပါးလႊာမႈက ပုံမွန္ 13” လက္မအရြယ္ Laptop ေတြနဲ႔ အတူတူပါပဲ။ အလြန္က်ဥ္းေျမာင္းတဲ့ 7.18mm Bezel ေဘးေဘာင္ေတြေၾကာင့္ Screen-to-Body အခ်ဳိးမွာ 80% ထိရွိၿပီး ၾကည့္ရတာ သက္ေတာင့္သက္သာရွိေစမွာပါ။ Display ပုိင္းကို Compact ျဖစ္ေအာင္ ဖန္တီးထားတာေၾကာင့္ ကိုယ္ထည္အရြယ္အစားကိုလည္း ေလ်ာ့ခ်ႏုိင္ၿပီး အလြယ္တကူ သယ္ယူသြားလုိ႔ရသလို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကိုလည္း ေပးစြမ္းႏုိင္မယ့္ ခရီးေဆာင္ကြန္ျပဴတာ မ်ဳိးပါ။

ဒါ့အျပင္ ကိုယ္ထည္ရဲ႕အတြင္းပိုင္းမွာလည္း ေနာက္ဆုံးေပၚ 8th Gen Intel Core i7 ပရုိဆက္ဆာကို အသုံးျပဳထားၿပီး RAM မန္မုိရီကလည္း 16GB ေတာင္ ပါဝင္ပါတယ္။ ဒီမန္မုိရီပမာဏဟာ Core i7 ပရုိဆက္ဆာရဲ႕ စြမ္းေဆာင္ရည္ကို အမ်ားႀကီး အေထာက္အကူျပဳေပးမွာ ျဖစ္သလို အေစာက ေျပာခဲ့သလို ဂရပ္ဖစ္ယူနစ္ပုိင္းမွာ Nvidia GeForce MX150 သီးသန္႔ဂရပ္ဖစ္ကတ္တစ္ခု ထည့္ထားပါေသးတယ္။ သူ႕ရဲ႕ Storage ပမာဏကေတာ့ 512GB SSD ပါ။ ပါးလႊာေပါ့ပါးၿပီး သယ္ယူရလြယ္ကူေအာင္ ဖန္တီးထားတဲ့ ဒီဇုိင္းမွာ သူ႕ရဲ႕ Specs ဟာ အပ်င္းေျပ ဂိမ္းကစားဖို႔ေရာ၊ လုိအပ္တဲ့ လုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ေရာ လုံေလာက္ေကာင္းမြန္ေနတာကို ေတြ႕ရမွာပါ။ အထူ 15.9mm သာရွိၿပီး အေလးခ်ိန္ 1.25 ကီလိုဂရမ္သာ ေလးတဲ့အတြက္ 14” Display နဲ႔ သူ႕စြမ္းေဆာင္ရည္ဟာ ေနရာမေရြး သယ္ယူအသုံးျပဳဖို႔ ေတာ္ေတာ္အဆင္ေျပမွာပါ။

အျပင္ပိုင္း ဒီဇုိင္းအျမင္မွာလည္း Laptop ေတြဟာ ပိုၿပီးအေရးႀကီးတာမုိ႔ Asus က ZenBook UX430 ကုိ Flagship စမတ္ဖုန္းေတြလို လွပေခ်ာမြတ္ၿပီး Premium ဆန္တဲ့ ကိုယ္ထည္ဒီဇုိင္းမွာ ေရြးခ်ယ္စရာ အေရာင္ေလးမ်ဳိး ေပးထားၿပီး Royal Blue, Shimmer Gold, Quartz Grey နဲ႔ Rose Gold ကာလာေတြ ျဖစ္ပါတယ္။ နာမည္ေတြကိုက Flagship စမတ္ဖုန္းကာလာေတြနဲ႔ ခပ္ဆင္ဆင္ပါပဲ။ ေတာက္ပတဲ့ သတၳဳအနားသတ္နဲ႔ UX430 ေတြမွာ အဆင့္ျမင့္ Nano-imprinting Lithography (NIL) နည္းစနစ္နဲ႔ Crystal လို ေတာက္ပတဲ့ Coating ဖုံးအုပ္ထားတယ္။

ဘကၳရီပိုင္းမွာလည္း ခရီးေဆာင္သယ္ယူသုံးစြဲဖို႔ ပူစရာမရွိေအာင္ ကုိးနာရီၾကာ အသုံးေတာ္ခံႏုိင္တဲ့ 50Wh လီသီယန္ပုိလီမာ ဘကၳရီႀကီး ပါဝင္ပါတယ္။ သူ႕ရဲ႕ ပါးလႊာေပါ့ပါးတဲ့ ဒီဇုိင္းကေန ဘကၳရီအထိ အားလုံးဟာ အလြယ္တကူ သယ္ေဆာင္ၿပီး အဆင္ေျပေျပ သုံးစြဲႏုိင္တဲ့ Laptop တစ္လုံးအျဖစ္ကိုပဲ ပံ့ပုိးေပးေနတာကို ေတြ႕ရမယ္။

ထပ္ၿပီးေတာ့ အျပင္မွာ အသုံးျပဳခ်ိန္မ်ားမယ့္ သူေတြအတြက္ Display မွာလည္း အေရာင္ျပန္ျခင္းကို ေလွ်ာ့ခ်ေပးမယ့္ Anti-glare စနစ္ကို အသုံးျပဳထားတယ္။ Display မွာ Ultra-wide 100% sRGB ကာလာစနစ္ကို အသုံးျပဳထားၿပီး ပုံမွန္ Standard Display တစ္ခုထက္ အေရာင္ပုိတိက်စုိလဲ့တဲ့ အေရာင္ကို ေပးႏုိင္မွာပါ။ မ်က္လုံးကို Display နဲ႔ အတင္းလုိက္ခ်ိန္စရာ မလိုဖုိ႔ 178° ဒီဂရီထိ ပတ္ပတ္လည္ကေန ၾကည့္ရႈႏုိင္ၿပီး ကာလာ ေလ်ာ့က်မသြားတဲ့ Wide-Viewing-Angle နည္းပညာလည္း ပါဝင္တယ္။ ဒါ့ေၾကာင့္ တစ္ကိုယ္ေရသုံးသာမက အျပင္သြားရင္း အသိမိတ္ေဆြေတြနဲ႔ပါ အဆင္ေျပေျပ ေဝမွ်ၾကည့္ရႈႏုိင္မွာပါ။

ASUS ရဲ႕ Display နည္းပညာဟာ Casual သုံးစြဲသူကို အဆင္ေျပေစဖို႔ ရည္ရြယ္ထားၿပီး အလင္းေရာင္ နည္းပါးတဲ့ေနရာေတြ သို႔မဟုတ္ ၾကာၾကာစုိက္ၾကည့္ၿပီး အလုပ္လုပ္ရသူေတြအတြက္ Eye Care Mode ဆုိတာ ပါပါတယ္။ Eye Care Mode ကေတာ့ စကရင္ကေန ထြက္လာတဲ့ အျပာေရာင္အလင္းရဲ႕ ၃၀% ထိ ေလ်ာ့ခ်ေပးၿပီး ၾကည့္ရႈသူကို သက္သာရာ ရေစတာပါ။ Display နဲ႔အတူ Audio ပုိင္းမွာလည္း ASUS Golden Ear အဖြဲ႕က နာမည္ေက်ာ္ Audio ကၽြမ္းက်င္သူ Harman Kardon နဲ႔လက္တြဲထားတဲ့အတြက္ ZenBook UX430 ဟာ သာမာန္ထက္ ပိုက်ယ္ေလာင္ရွင္းလင္းတဲ့ Audio ရသကို ေပးႏုိင္မွာျဖစ္ပါတယ္။

၂၀၁၈ ထဲမွာ အသစ္ထြက္လာတဲ့ထဲက ASUS ZenBook UX430 ခရီးေဆာင္ကြန္ျပဴတာဟာ Laptop တစ္လုံးရဲ႕ လိုအပ္ခ်က္ေတြကို ေတာ္ေတာ္ေလး ျပည့္ျပည့္စုံစုံ ဖန္တီးတည္ေဆာက္ထားတာကို ေတြ႕ရမွာပါ။ ဒါ့ေၾကာင့္ 2018 ေမာ္ဒယ္ Ultrabook ေကာင္းေကာင္း တစ္ခုကို ဝယ္ယူခ်င္တယ္၊ ဒီဇုိင္းကလည္း လွရမယ္၊ ဘကၳရီသက္တမ္းေကာင္းၿပီး ဂိမ္းေဆာ့တာလိုမ်ဳိး သုံးခ်င္တာမွန္သမွ် ေနရာမေရြး သယ္ယူသြားၿပီး ေအးေအးေဆးေဆး ကိုယ့္ေနာက္ပါေစခ်င္ရင္ေတာ့ ASUS ZenBook UX430 ကို ထည့္စဥ္းစားသင့္တာ အမွန္ပါပဲ။

ZenBook UX430 ရဲ႕တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၁၃၀၀ ျဖစ္ပါတယ္။ ကိုယ္ေရြးခ်ယ္တဲ့ အေရာင္ေပၚမူတည္ၿပီးေတာ့လည္း Royal Blue နဲ႔ Quartz Grey တုိ႔မွာ Fingerprint Reader ပါဝင္မွာျဖစ္ကာ Rose နဲ႔ Shimmer Gold တုိ႔မွာေတာ့ Fingerprint မပါပါဘူး။

[Unicode]

၂၀၁၈ ခုနှစ်ထဲမှာ ASUS ကုမ္ပဏီမှ မိတ်ဆက်လာခဲ့တဲ့ ZenBook UX430 Laptop စီးရီးဟာ ပါးလွှာမှု၊ လှပချောမွတ်တဲ့ ဒီဇိုင်းနဲ့ ဂရပ်ဖစ်ပိုင်းတို့ကို အဓိကဦးစားပေး ထုတ်လုပ်လာတဲ့ Laptop စီးရီးတစ်ခု ဖြစ်ပါတယ်။ ၁၄ လက်မအရွယ် Laptop တွေထဲမှာ အပါးလွှာဆုံးတွေထဲက တစ်ခုဖြစ်အောင် ဖန်တီးထားတဲ့ Ultra-compact ကိုယ်ထည်နဲ့ ZenBook UX430 ဟာ ကမ္ဘာပေါ်က ဂရပ်ဖစ်ကတ် သီးသန့်ပါရှိတဲ့ ခရီးဆောင်ကွန်ပြူတာတွေထဲမှာ အပါးလွှာဆုံးလို့ ASUS ကဂုဏ်ယူစွာ ကြေငြာထားခဲ့တာလည်း ဖြစ်တယ်။

ZenBook UX430 ဟာ အပေါ်မှာပြောခဲ့သလို 14” Display ပါဝင်ပေမယ့် သူ့ရဲ့ပါးလွှာမှုက ပုံမှန် 13” လက်မအရွယ် Laptop တွေနဲ့ အတူတူပါပဲ။ အလွန်ကျဉ်းမြောင်းတဲ့ 7.18mm Bezel ဘေးဘောင်တွေကြောင့် Screen-to-Body အချိုးမှာ 80% ထိရှိပြီး ကြည့်ရတာ သက်တောင့်သက်သာရှိစေမှာပါ။ Display ပိုင်းကို Compact ဖြစ်အောင် ဖန်တီးထားတာကြောင့် ကိုယ်ထည်အရွယ်အစားကိုလည်း လျော့ချနိုင်ပြီး အလွယ်တကူ သယ်ယူသွားလို့ရသလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပေးစွမ်းနိုင်မယ့် ခရီးဆောင်ကွန်ပြူတာ မျိုးပါ။

ဒါ့အပြင် ကိုယ်ထည်ရဲ့အတွင်းပိုင်းမှာလည်း နောက်ဆုံးပေါ် 8th Gen Intel Core i7 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM မန်မိုရီကလည်း 16GB တောင် ပါဝင်ပါတယ်။ ဒီမန်မိုရီပမာဏဟာ Core i7 ပရိုဆက်ဆာရဲ့ စွမ်းဆောင်ရည်ကို အများကြီး အထောက်အကူပြုပေးမှာ ဖြစ်သလို အစောက ပြောခဲ့သလို ဂရပ်ဖစ်ယူနစ်ပိုင်းမှာ Nvidia GeForce MX150 သီးသန့်ဂရပ်ဖစ်ကတ်တစ်ခု ထည့်ထားပါသေးတယ်။ သူ့ရဲ့ Storage ပမာဏကတော့ 512GB SSD ပါ။ ပါးလွှာပေါ့ပါးပြီး သယ်ယူရလွယ်ကူအောင် ဖန်တီးထားတဲ့ ဒီဇိုင်းမှာ သူ့ရဲ့ Specs ဟာ အပျင်းပြေ ဂိမ်းကစားဖို့ရော၊ လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ရော လုံလောက်ကောင်းမွန်နေတာကို တွေ့ရမှာပါ။ အထူ 15.9mm သာရှိပြီး အလေးချိန် 1.25 ကီလိုဂရမ်သာ လေးတဲ့အတွက် 14” Display နဲ့ သူ့စွမ်းဆောင်ရည်ဟာ နေရာမရွေး သယ်ယူအသုံးပြုဖို့ တော်တော်အဆင်ပြေမှာပါ။

အပြင်ပိုင်း ဒီဇိုင်းအမြင်မှာလည်း Laptop တွေဟာ ပိုပြီးအရေးကြီးတာမို့ Asus က ZenBook UX430 ကို Flagship စမတ်ဖုန်းတွေလို လှပချောမွတ်ပြီး Premium ဆန်တဲ့ ကိုယ်ထည်ဒီဇိုင်းမှာ ရွေးချယ်စရာ အရောင်လေးမျိုး ပေးထားပြီး Royal Blue, Shimmer Gold, Quartz Grey နဲ့ Rose Gold ကာလာတွေ ဖြစ်ပါတယ်။ နာမည်တွေကိုက Flagship စမတ်ဖုန်းကာလာတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ တောက်ပတဲ့ သတ္ထုအနားသတ်နဲ့ UX430 တွေမှာ အဆင့်မြင့် Nano-imprinting Lithography (NIL) နည်းစနစ်နဲ့ Crystal လို တောက်ပတဲ့ Coating ဖုံးအုပ်ထားတယ်။

ဘက္ထရီပိုင်းမှာလည်း ခရီးဆောင်သယ်ယူသုံးစွဲဖို့ ပူစရာမရှိအောင် ကိုးနာရီကြာ အသုံးတော်ခံနိုင်တဲ့ 50Wh လီသီယန်ပိုလီမာ ဘက္ထရီကြီး ပါဝင်ပါတယ်။ သူ့ရဲ့ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းကနေ ဘက္ထရီအထိ အားလုံးဟာ အလွယ်တကူ သယ်ဆောင်ပြီး အဆင်ပြေပြေ သုံးစွဲနိုင်တဲ့ Laptop တစ်လုံးအဖြစ်ကိုပဲ ပံ့ပိုးပေးနေတာကို တွေ့ရမယ်။

ထပ်ပြီးတော့ အပြင်မှာ အသုံးပြုချိန်များမယ့် သူတွေအတွက် Display မှာလည်း အရောင်ပြန်ခြင်းကို လျှော့ချပေးမယ့် Anti-glare စနစ်ကို အသုံးပြုထားတယ်။ Display မှာ Ultra-wide 100% sRGB ကာလာစနစ်ကို အသုံးပြုထားပြီး ပုံမှန် Standard Display တစ်ခုထက် အရောင်ပိုတိကျစိုလဲ့တဲ့ အရောင်ကို ပေးနိုင်မှာပါ။ မျက်လုံးကို Display နဲ့ အတင်းလိုက်ချိန်စရာ မလိုဖို့ 178° ဒီဂရီထိ ပတ်ပတ်လည်ကနေ ကြည့်ရှုနိုင်ပြီး ကာလာ လျော့ကျမသွားတဲ့ Wide-Viewing-Angle နည်းပညာလည်း ပါဝင်တယ်။ ဒါ့ကြောင့် တစ်ကိုယ်ရေသုံးသာမက အပြင်သွားရင်း အသိမိတ်ဆွေတွေနဲ့ပါ အဆင်ပြေပြေ ဝေမျှကြည့်ရှုနိုင်မှာပါ။

ASUS ရဲ့ Display နည်းပညာဟာ Casual သုံးစွဲသူကို အဆင်ပြေစေဖို့ ရည်ရွယ်ထားပြီး အလင်းရောင် နည်းပါးတဲ့နေရာတွေ သို့မဟုတ် ကြာကြာစိုက်ကြည့်ပြီး အလုပ်လုပ်ရသူတွေအတွက် Eye Care Mode ဆိုတာ ပါပါတယ်။ Eye Care Mode ကတော့ စကရင်ကနေ ထွက်လာတဲ့ အပြာရောင်အလင်းရဲ့ ၃၀% ထိ လျော့ချပေးပြီး ကြည့်ရှုသူကို သက်သာရာ ရစေတာပါ။ Display နဲ့အတူ Audio ပိုင်းမှာလည်း ASUS Golden Ear အဖွဲ့က နာမည်ကျော် Audio ကျွမ်းကျင်သူ Harman Kardon နဲ့လက်တွဲထားတဲ့အတွက် ZenBook UX430 ဟာ သာမာန်ထက် ပိုကျယ်လောင်ရှင်းလင်းတဲ့ Audio ရသကို ပေးနိုင်မှာဖြစ်ပါတယ်။

၂၀၁၈ ထဲမှာ အသစ်ထွက်လာတဲ့ထဲက ASUS ZenBook UX430 ခရီးဆောင်ကွန်ပြူတာဟာ Laptop တစ်လုံးရဲ့ လိုအပ်ချက်တွေကို တော်တော်လေး ပြည့်ပြည့်စုံစုံ ဖန်တီးတည်ဆောက်ထားတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် 2018 မော်ဒယ် Ultrabook ကောင်းကောင်း တစ်ခုကို ဝယ်ယူချင်တယ်၊ ဒီဇိုင်းကလည်း လှရမယ်၊ ဘက္ထရီသက်တမ်းကောင်းပြီး ဂိမ်းဆော့တာလိုမျိုး သုံးချင်တာမှန်သမျှ နေရာမရွေး သယ်ယူသွားပြီး အေးအေးဆေးဆေး ကိုယ့်နောက်ပါစေချင်ရင်တော့ ASUS ZenBook UX430 ကို ထည့်စဉ်းစားသင့်တာ အမှန်ပါပဲ။

ZenBook UX430 ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၃၀၀ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း Royal Blue နဲ့ Quartz Grey တို့မှာ Fingerprint Reader ပါဝင်မှာဖြစ်ကာ Rose နဲ့ Shimmer Gold တို့မှာတော့ Fingerprint မပါပါဘူး။