ကောင်းတဲ့အချက်

Zenfone 3 Dual ကင်မရာတွေက တခြား စမတ်ဖုန်းကင်မရာတွေထက် Zoom ပိုဆွဲလို့ကောင်းပါတယ်။ ဖုန်းဘက်ထရီက အရမ်းကောင်းပါတယ်။

မကောင်းတဲ့အချက်

စမတ်ဖုန်း ဒီဇိုင်းက iPhone ဒီဇိုင်းနဲ့အရမ်း ဆင်တူပါတယ်။

Asus ZenFone 3 က Zoom ကို ၂ ဆ၊ ၂ ဆခွဲလောက် Zoom ဆွဲနိုင်ပါတယ်။ တခြား စမတ်ဖုန်းတွေဆို Zoom ဆွဲလိုက်ရင် ၀ါးသွားပေမယ့် Asus ZenFone 3 ကတော့ ကြည်ကြည်လင်လင်ပါဘဲ။ လက်ပွေရာ စနစ်ကလည်း ဖုန်းရဲ့ အနောက်ဘက်မှာပါဝင်ပါတယ်။

Asus ZenFone 3 Zoom က ဘယ်လောက်လဲ။

Asus ZenFone 3 Zoom က အမေရိကန်ဒေါ်လာ ၃၂၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။

ဘက်ထရီရဲ့ ခံနိုင်ရည်အားက ဘယ်လိုလဲ။

စမတ်ဖုန်းမှာ ဗီဒီယိုတွေဖွင့်တယ်၊ application တွေသုံးတယ် စတဲ့ စမတ်ဖုန်းကို တောက်လျောက်အသုံးပြုတာတောင် နာရီ ၂၀ လောက်ခံနိုင်ရည်ရှိပါတယ်။

ZenFone 3 Zoom ရဲ့ စွမ်းဆောင်ရည် (Performance)က မြန်ရဲ့လား။

လေးလံတဲ့ 3D Heavy Games တွေဖြစ်တဲ့ Dynasty Warriors: Unleased and Asphalt 8 တို့ ပေါ့ပေါ့ပါးပါး အဆင်ပြေပြေဆော့လို့ရပါတယ်။ Qualcomm Snapdragon 625 Processor ကိုအသုံးပြုထားတာကြောင့် စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ အသုံးပြုနိုင်ပါတယ်။

Storage ဘယ်လောက်ပါသလဲ။

Storage ကို 32 GB၊ 64 GB နဲ့ 128 GB ဆိုပြီး ၃ မျိုးနဲ့ လာပါတယ်။ အဲ့ဒီအပြင် Micro SD ကဒ်ထပ်စိုက်ပြီး Storage ကို 256 GB အထိ မြှင့်လို့ရပါတယ်။

Asus ZenFone 3 Zoom ရဲ့ အားနည်းချက်ကဘာလဲ။

Asus ရဲ့ Bloat Software က Spam Notifications တွေ အများကြီးရောက်လာတာကတော့ စိတ်ရှုပ်စရာပါဘဲ။ ဒါကြောင့် Android 6.0 နဲ့ အသုံးပြုနိုင်ရင်တော့ ကောင်းပါတယ်။

Android 7 Nougat ကို Install လို့ မရဘူးလား။

အခုလောလောဆယ်တော့ Install လုပ်လို့မရသေးပေမယ့် လုပ်လို့ရအောင်တော့ ကြိုးစားနေတယ်လို့ Asus က ပြောပါတယ်။

Asus ZenFone 3 Zoom စမတ်ဖုန်းက ဈေးအလယ်အလတ်စမတ်ဖုန်းတွေထဲမှာပါဝင်ပြီး သူ့ Software Bloadware ကတော့ စိတ်ပျက်စရာပါဘဲ။ ဒါပေမယ့် ဈေးအလယ်အလတ်စမတ်ဖုန်းတွေထဲမှာမှ ကင်မရာ ကောင်းကောင်းသုံးချင်သူတွေအတွက်ဆိုရင်တော့ Asus ZenFone 3 ကရွေးချယ်သင့်တဲ့စမတ်ဖုန်းဖြစ်ပါတယ်။

Asus ZenFone 3 Zoom ရဲ့ Specification တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။