စမတ်ဖုန်းကြော်ငြာတွေက တစ်ခါတလေမှာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် တချို့သော ကြော်ငြာတွေက ရိုးရှင်းမှုကိုအသားပေးတယ်၊ တချို့ကြတော့လည်း တခြား ပြိုင်ဘက် Brand တစ်ခုကို တိုက်ခိုက်ပြီး ကြော်ငြာကြပါတယ်။

ဒါပေမယ့် အခု Asus Zenfone 5 ရဲ့ ကြော်ငြာလိုတော့ ကြော်ငြာကြသေးတဲ့သူရှိမှာမဟုတ်ဘူး။ Asus ကနေ ဒီတကြိမ် Zenfone 5 ကြော်ငြာမှာ YouTube က ထူးခြားတဲ့ Music Video တွေကို ရိုက်ကူးတတ်တဲ့ OK Go အဖွဲ့သားတွေနဲ့ပူးပေါင်းပြီးတော့ ဖုန်းရဲ့ကြော်ငြာကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အခုကြော်ငြာကို ဒီလိုမျိုးရိုက်ကူးခဲ့တာက Asus Zenfone 5 ရဲ့ ကြီးမားတဲ့ 6.2″ Display နဲ့ 90% Screen to Body Ratio တွေကို အဓိက ပြသချင်လို့ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ခံ Music အလန်းစားနဲ့ Asus Zenfone 5 ရဲ့ ကြော်ငြာကို ကြည့်လိုက်ရအောင်လား။