Asus ကနေ Xiaomi ကို ယှဉ်ပြိုင်ဖို့အတွက် Zenfone Max Pro M1 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ အခု Asus Zenfone Max Pro ဟာ 6″ 18:9 Ratio Display ကို အသုံးပြုထားပြီး Battery ကလည်း 5000mAh Battery ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းလို့ပြောလို့ရပါတယ်။

Asus Zenfone Max Pro M1 ဟာ စွမ်းဆောင်ရည်ပိုင်းလည်း မြင့်မားပြီးတော့ Qualcomm Snapdragon 636 Processor ကို RAM 3GB ကနေ 6GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Asus Zenfone Max Pro M1 စမတ်ဖုန်းမှာ ကင်မရာကိုတော့ ၂ မျိုးထုတ်လုပ်ထားတာဖြစ်ပြီးတော့ RAM 3GB နဲ့ RAM 4GB Version မှာ 13MP + 5MP Back Camera နဲ့ 8MP Front Camera တွေပါဝင်မှာဖြစ်ပါတယ်။ RAM 6GB မှာတော့ ပိုပြီးကောင်းမွန်တဲ့ 16MP+5MP Back Camrea နဲ့အတူ 16MP Selfie Camaera ပါဝင်မှာဖြစ်ပါတယ်။

Asus Zenfone Max Pro M1 စမတ်ဖုန်းရဲ့ အားသာချက်ကတော့ Battery ပဲဖြစ်ပြီးတော့ 5000mAh Battery ပါဝင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အနိမ့်ဆုံး RAM 3GB ၊ 32GB Version ကို ဒေါ်လာ ၁၃၀ ဝန်းကျင်နဲ့ အမြင့်ဆုံး RAM 6GB Version ကိုတောင်မှ ဒေါ်လာ ၁၈၅ ပဲရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Redmi Note 5 Pro စမတ်ဖုန်းထက်တောင် ဈေးသက်သာတယ်လို့ ပြောလို့ရပါတယ်။