[Zawgyi]







[Unicode]

 
မနေ့ကပဲ ASUS ကနေ ထွက်လာမယ့်ဖုန်းအသစ်တွေရဲ့ မော်ဒယ်လ်နံပါတ်နဲ့ ChromeOS Tablet အကြောင်း အနည်းအကျဉ်းသိခဲ့ရပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ ASUS ဖုန်းအသစ်တွေရဲ့ ပိုအသေးစိတ်ကျတဲ့ Specs တွေကို သိလိုက်ရပါပြီ။ အဲဒီ ၂လုံးကတော့ ASUS ZenFone Max Pro (M2) နဲ့ ZenFone Max M2 တွေပဲ ဖြစ်ပါတယ်။

အခု ZenFone Max Pro (M2) တော့ မော်ဒယ်လ်နံပါတ် ZB631 KL ဖြစ်ပြီးတော့ 6-inch Full HD+ Screen, 4GB RAM, storage 64GB/128GB နဲ့လာမှာဖြစ်ပါတယ်။ Snapdragon 660 သုံးထားပြီး ZenFone Max Pro (M1) တွေတုန်းက Snapdragon 636 ကို သုံးထားခဲ့တာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ ကင်မရာ Sensor ၃ခုပါပြီး ရေးထားတဲ့အတိုင်း 13MP ဆိုတာက ရှေ့ကင်မရာဖြစ်ဖို့များပါတယ်။

နောက် ZenFone Max M2 ကတော့ မော်ဒယ်လ်နံပါတ် ZB633KL ဖြစ်ပြီး 6″ FullHD+ Display ကို Snapdragon 636 နဲ့ RAM 4GB, Storage 32GB/64GB ပါပါမယ်။ သူ့မှာတော့ 13MP Selfie Camera နဲ့ ကျောဘက်မှာတော့ Dual Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။

ဒါကတော့ အရင်နှစ်က ရေပန်းစားခဲ့တဲ့ Asus Zenfone Max Pro M1 ရဲ့ နောက်ထွက် M2 လေးနဲ့ ပတ်သတ်ပြီး သိရသမျှသတင်းတွေပါ…အတိအကျထွက်လာရင်တော့ ပြန်လာပါဦးမယ်..