Zawgyi

ထိုင္ဝမ္ႏိုင္ငံ အေျခစိုက္ နည္းပညာ ကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ Asus အေနနဲ႔ ZenFone Max Pro M1 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ZenFone Max Pro M2 ကို မၾကာခင္ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Asus ZenFone Max M2 နဲ႔ ZenFone Max Pro M2 စမတ္ဖုန္းေတြရဲ႕ အခ်က္အလက္ေတြဟာ ႐ုရွားႏိုင္ငံ အေျခစိုက္ Eurasian Economic Commission (ECC) ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ ZenFone Max M2 ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ ZB633KL ျဖစ္ၿပီး ZenFone Max Pro M2 ရဲ႕ ေမာ္ဒယ္နံပါတ္ကေတာ့ ZB631KL ျဖစ္ပါတယ္။ ဒါ့အျပင္ Operating System အပိုင္းအတြက္ Android Oreo ကို ထည့္သြင္းေမာင္းႏွင္ထားတာကိုလည္း ေတြ႕ရမွာပါ။ Pure Android ဖုန္းေတြ ျဖစ္တဲ့အတြက္ Android 9.0 Pie နဲ႔ ပြဲထြက္သင့္တယ္လို႔ ျမင္မိပါတယ္။

တျခား Specification ေတြကိုေတာ့ အတိအက် မသိရေသးေပမယ့္ အခု M2 ေမာ္ဒယ္ေတြမွာ Notch ပါဝင္လာႏိုင္တယ္လို႔ ခန႔္မွန္းေျပာဆိုထားၾကပါတယ္။ Processor အပိုင္းနဲ႔ ကင္မရာ အပိုင္းေတြကို အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားႏိုင္ၿပီး ဘက္ထရီ သိုေလွာင္မႈ ပမာဏကေတာ့ M1 တုန္းကလိုမ်ိဴး 5000mAh ပါဝင္ႏိုင္ပါတယ္။ ECC ရဲ႕ အသိအမွတ္ျပဳ လက္မွတ္ကို ရရွိသြားၿပီ ျဖစ္တဲ့အတြက္ Asus ZenFone Max M2 နဲ႔ Max Pro M2 စမတ္ဖုန္းေတြကို မၾကာခင္မွာ ျမင္ေတြ႕ႏိုင္ဖြယ္ ရွိပါတယ္။

Ref:gizmochina

Unicode

ZenFone Max M2 နဲ့ Max Pro M2 တွေကို ထုတ်လုပ်နေပြီ ဖြစ်တဲ့ Asus

ထိုင်ဝမ်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Asus အနေနဲ့ ZenFone Max Pro M1 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ZenFone Max Pro M2 ကို မကြာခင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Asus ZenFone Max M2 နဲ့ ZenFone Max Pro M2 စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေဟာ ရုရှားနိုင်ငံ အခြေစိုက် Eurasian Economic Commission (ECC) ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် ZenFone Max M2 ရဲ့ မော်ဒယ်နံပါတ်ဟာ ZB633KL ဖြစ်ပြီး ZenFone Max Pro M2 ရဲ့ မော်ဒယ်နံပါတ်ကတော့ ZB631KL ဖြစ်ပါတယ်။ ဒါ့အပြင် Operating System အပိုင်းအတွက် Android Oreo ကို ထည့်သွင်းမောင်းနှင်ထားတာကိုလည်း တွေ့ရမှာပါ။ Pure Android ဖုန်းတွေ ဖြစ်တဲ့အတွက် Android 9.0 Pie နဲ့ ပွဲထွက်သင့်တယ်လို့ မြင်မိပါတယ်။

 

တခြား Specification တွေကိုတော့ အတိအကျ မသိရသေးပေမယ့် အခု M2 မော်ဒယ်တွေမှာ Notch ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။ Processor အပိုင်းနဲ့ ကင်မရာ အပိုင်းတွေကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားနိုင်ပြီး ဘက်ထရီ သိုလှောင်မှု ပမာဏကတော့ M1 တုန်းကလိုမျိူး 5000mAh ပါဝင်နိုင်ပါတယ်။ ECC ရဲ့ အသိအမှတ်ပြု လက်မှတ်ကို ရရှိသွားပြီ ဖြစ်တဲ့အတွက် Asus ZenFone Max M2 နဲ့ Max Pro M2 စမတ်ဖုန်းတွေကို မကြာခင်မှာ မြင်တွေ့နိုင်ဖွယ် ရှိပါတယ်။

Ref:gizmochina