[Zawgyi]

 

ဒီတစ္လလံုးကေတာ့ လံုးဝကို Product Launch ပြဲေတြနဲ႔ ျပည့္ေနတဲ့ လတစ္လပါပဲ။ အခုလည္း ASUS ကေန Zenfone အသစ္တစ္လံုး မိတ္ဆက္လာေတာ့မယ္လို႔ ေၾကညာလိုက္ပါျပီ။ ထိုင္ဝမ္ဖုန္းကုမၸဏီၾကီး ASUS ကေတာ့  ေအာက္တိုဘာ ၁၇ ရက္ေန႔ အိႏိၵယမွာမိတ္ဆက္ေတာ့မယ့္ ဖုန္းအတြက္ ဖိတ္ၾကားစာေတြ ပို႔လိုက္ပါျပီ။

အေပၚမွာ ျပထားတဲ့အတုိင္းဆိုရင္ ASUS က သူ႔ရဲ႕ Zenfone အသစ္ကို ေအာက္တိုဘာ ၁၇ Delhi ျမိဳ႕မွာ 12:30 PM က စျပီး မိတ္ဆက္ျပသမွာပါ။

ASUS အေနနဲ႔ ဘယ္လိုဖုန္းမ်ိဳးကို မိတ္ဆက္လာမွာလဲ မေသခ်ာေသးပါဘူး။ ASUS က သူ႔ရဲ႕ ROG ဖုန္းကို အိႏိၵယမွာမိတ္ဆက္မယ္လို႔လည္း ဆိုထားခဲ့ဖူးေပမယ့္ Invite မွာပါတဲ့အတုိင္းဆိုရင္ေတာ့ လံုးဝအသစ္စက္စက္ Zenfone တစ္လံုးပဲ ျဖစ္မွာပါ။

ေျပာရရင္ ASUS အေနနဲ႔ Zenfone Max Pro (M1) နဲ႔တင္ ေတာ္ေတာ္လူၾကိဳက္မ်ားခဲ့တာျဖစ္ျပီး အခု သူ႔ရဲ႕ေနာက္မ်ိဳးဆက္ဖုနး္ကလည္း အရင္တစ္ပတ္ကပဲ အတည္ျပဳခ်က္ရခဲ့ျပီျဖစ္ပါတယ္။ ဆုိေတာ့ လာမယ့္အပတ္ ASUS မိတ္ဆက္ပြဲမွာေတာ့ Zenfone Max Pro (M2) ကို ျမင္ရဖို႔ ေသခ်ာသေလာက္နီးနီးကို ျဖစ္ေနပါျပီ။

Ref: GizmoChina

 

[Unicode]

ဒီတစ်လလုံးကတော့ လုံးဝကို Product Launch ပွဲတွေနဲ့ ပြည့်နေတဲ့ လတစ်လပါပဲ။ အခုလည်း ASUS ကနေ Zenfone အသစ်တစ်လုံး မိတ်ဆက်လာတော့မယ်လို့ ကြေညာလိုက်ပါပြီ။ ထိုင်ဝမ်ဖုန်းကုမ္ပဏီကြီးကတော့  အောက်တိုဘာ ၁၇ရက်နေ့ အိန္ဒိယမှာမိတ်ဆက်တော့မယ့် ဖုန်းအတွက် ဖိတ်ကြားစာတွေ ပို့လိုက်ပါပြီ။

အပေါ်မှာ ပြထားတဲ့အတိုင်းဆိုရင် ASUS က သူ့ရဲ့ Zenfone အသစ်ကို အောက်တိုဘာ ၁၇ Delhi မြို့မှာ 12:30 PM က စပြီး မိတ်ဆက်ပြသမှာပါ။

ASUS အနေနဲ့ ဘယ်လိုဖုန်းမျိုးကို မိတ်ဆက်လာမှာလဲ မသေချာသေးပါဘူး။ ASUS က သူ့ရဲ့ ROG ဖုန်းကို အိန္ဒိယမှာမိတ်ဆက်မယ်လို့လည်း ဆိုထားခဲ့ဖူးပေမယ့် Invite မှာပါတဲ့အတိုင်းဆိုရင်တော့ လုံးဝအသစ်စက်စက် Zenfone တစ်လုံးပဲ ဖြစ်မှာပါ။

ပြောရရင် ASUS အနေနဲ့ Zenfone Max Pro (M1) နဲ့တင် တော်တော်လူကြိုက်များခဲ့တာဖြစ်ပြီး အခု သူ့ရဲ့နောက်မျိုးဆက်ဖုန်းကလည်း အရင်တစ်ပတ်ကပဲ အတည်ပြုချက်ရခဲ့ပြီဖြစ်ပါတယ်။ ဆိုတော့ လာမယ့်အပတ် ASUS မိတ်ဆက်ပွဲမှာတော့ Zenfone Max Pro (M2) ကို မြင်ရဖို့ သေချာသလောက်နီးနီးကို ဖြစ်နေပါပြီ။

Ref: GizmoChina