[Zawgyi]

AT&T ကေတာ့ 5G ရတဲ့ Samsung Galaxy စမတ္ဖုန္းကို ၂၀၁၉ ပထမႏွစ္ဝက္မွာပဲ ျဖန႔္ခ်ိမယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အေမရိကန္ Carrier ႀကီးကေတာ့ ဘယ္လိုဖုန္းအမ်ိဳးအစားလဲဆိုတာကို ထည့္သြင္းေၾကညာသြားျခင္းမရွိပါဘူး။ ဒါေပမယ့္ Samsung Galaxy S10 ေရွ႕ေျပးပုံစံက ပ်ံ႕ႏွံ႔ေနၿပီးသားျဖစ္ေနပါၿပီ။

AT&T ဟာ ပထမတုန္းကလည္း mmWave နည္းပညာအသုံးျပဳထားတဲ့ Netgear Nighthawk 5G Mobile Hotspot ကို ထုတ္ျပန္ေၾကညာခဲ့ပါေသးတယ္။ သူ႔ရဲ႕ လုပ္ငန္းစဥ္ေတြကေတာ့ ဒီလကုန္ၿပီး လာမယ့္ႏွစ္ဆန္းမွာ စတင္မယ္လို႔ သိရပါတယ္။ လာမယ့္ ၂၀၁၉ ႏွစ္ကုန္ဆုံးခ်ိန္မွာေတာ့ ၿမိဳ႕ေတာ္ ၁၂ ၿမိဳ႕နယ္မွာ 5G ကြန္ရက္ျဖန႔္က်က္ႏိုင္မယ္လို႔ သိရပါတယ္။

ဒီႏွစ္ထဲမွာေတာ့ Atlanta, Charlotte, N.C. Dallas, Houston, Indianapolis, Jacksonville, Fla., Louisville, Ky., Oklahoma City, New Orleans, Raleigh, N.C., San Antonio နဲ႔ Waco, Texas စတဲ့ ၿမိဳ႕ေတြမွာ အစီအစဥ္ေတြခ်ၿပီး လိုအပ္တဲ့ ပစၥည္းကိရိယာေတြ တပ္ဆင္ေနၿပီလို႔လည္း သိရပါတယ္။ ၂၀၁၉ ပထမႏွစ္ဝက္မွာေတာ့ Las Vegas, Los Angeles, Nashville, Orlando, San Diego, San Francisco, နဲ႔ San Jose, Calif စတဲ့ေနရာေတြကို တိုးခ်ဲ႕မယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တာပါ။

ကိုရီးယား အီလက္ထေရာနစ္ကုမၸဏီႀကီးဟာ ၿပီးခဲ့တဲ့ ရက္ေတြတုန္းကလည္း Verizon နဲ႔ မိတ္ဖက္အျဖစ္ပူးေပါင္းၿပီး 5G စမတ္ဖုန္းကို ၂၀၁၉ ရဲ႕ ပထမေျခာက္လအတြင္း ျဖန႔္ခ်ိမယ္လို႔ ေၾကညာခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္အထိ ထြက္ေပၚလာတဲ့ သတင္းေတြအရဆိုရင္ေတာ့ Samsung Galaxy S10 ကိုပဲ ကမာၻတစ္ဝန္းက 5G ကြန္ရက္ေတြအတြက္ အလုံးအရင္း ျဖန႔္ခ်ိသြားဖြယ္ရွိပါတယ္။ ဒါ့အျပင္ AT&T နဲ႔ Samsung တို႔ဟာ 5G ကိုအသုံးျပဳၿပီး အျခား လုပ္ငန္းေတြကိုလည္း ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Ref: GSMarena

[Unicode]

AT&T ကတော့ 5G ရတဲ့ Samsung Galaxy စမတ်ဖုန်းကို ၂၀၁၉ ပထမနှစ်ဝက်မှာပဲ ဖြန့်ချိမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် Carrier ကြီးကတော့ ဘယ်လိုဖုန်းအမျိုးအစားလဲဆိုတာကို ထည့်သွင်းကြေညာသွားခြင်းမရှိပါဘူး။ ဒါပေမယ့် Samsung Galaxy S10 ရှေ့ပြေးပုံစံက ပျံ့နှံ့နေပြီးသားဖြစ်နေပါပြီ။

AT&T ဟာ ပထမတုန်းကလည်း mmWave နည်းပညာအသုံးပြုထားတဲ့ Netgear Nighthawk 5G Mobile hotspot ကို ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ သူ့ရဲ့ လုပ်ငန်းစဉ်တွေကတော့ ဒီလကုန်ပြီး လာမယ့်နှစ်ဆန်းမှာ စတင်မယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၉ နှစ်ကုန်ဆုံးချိန်မှာတော့ မြို့တော် ၁၂ မြို့နယ်မှာ 5G ကွန်ရက်ဖြန့်ကျက်နိုင်မယ်လို့ သိရပါတယ်။

ဒီနှစ်ထဲမှာတော့ Atlanta, Charlotte, N.C. Dallas, Houston, Indianapolis, Jacksonville, Fla., Louisville, Ky., Oklahoma City, New Orleans, Raleigh, N.C., San Antonio နဲ့ Waco, Texas စတဲ့ မြို့တွေမှာ အစီအစဉ်တွေချပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်နေပြီလို့လည်း သိရပါတယ်။ ၂၀၁၉ ပထမနှစ်ဝက်မှာတော့ Las Vegas, Los Angeles, Nashville, Orlando, San Diego, San Francisco, နဲ့ San Jose, Calif စတဲ့နေရာတွေကို တိုးချဲ့မယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း Verizon နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းပြီး 5G စမတ်ဖုန်းကို ၂၀၁၉ ရဲ့ ပထမခြောက်လအတွင်း ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါသေးတယ်။ လက်ရှိအချိန်အထိ ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင်တော့ Samsung Galaxy S10 ကိုပဲ ကမ္ဘာတစ်ဝန်းက 5G ကွန်ရက်တွေအတွက် အလုံးအရင်း ဖြန့်ချိသွားဖွယ်ရှိပါတယ်။ ဒါ့အပြင် AT&T နဲ့ Samsung တို့ဟာ 5G ကိုအသုံးပြုပြီး အခြား လုပ်ငန်းတွေကိုလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref: GSMarena