နာမည္ေက်ာ္ စာအုပ္ျဖန္႔ခ်ိေရးနဲ႔ အြန္လုိင္းဝန္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ့ Barnes & Noble ဟာ စာဖတ္သူေတြအတြက္ တက္ဘလက္လည္းထုတ္ပါတယ္။ ယခုတစ္ခါ ပုံမွန္အရြယ္အစားထက္ ပိုၾကီးတဲ့ 10.1” လက္မအရြယ္ Nook Tablet အသစ္ကို မိတ္ဆက္ခဲ့ျပီး ထုံးစံအတုိင္း စာဖတ္ဖို႔နဲ႔ မီဒီယာသုံးစြဲဖို႔ကို အဓိက ဦးတည္တဲ့ ေစ်းႏႈန္းခ်ဳိသာတဲ့ ထုတ္ကုန္အသစ္ပါပဲ။

လက္ရွိအခ်ိန္မွာ Pre-order မွာယူမႈေစ်းႏႈန္း ေဒၚလာ ၁၃၀ သာရွိတဲ့ ဆယ္လက္မ တက္ဘလက္ၾကီးမွာ အေကာင္းဆုံး အစိတ္အပုိင္းကေတာ့ Screen ပါပဲ။ ၄င္းမွာ 1920 x 1200p Resolution ရွိတဲ့ IPS Panel ကို သုံးစြဲထားျပီး Density ကေတာ့ 224ppi ရွိတယ္။ သူ႕ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္ရင္ အင္မတန္ေကာင္းတဲ့ Display လို႔ ေျပာရမွာျဖစ္ျပီး သူ႕ျပိဳင္ဘက္ Amazon ရဲ႕ Fire HD 10 တက္ဘလက္ဆုိရင္ ေဒၚလာ ၁၅၀ ျဖစ္ပါတယ္။

Kindle Fire ေတြနဲ႔ မတူတာက Nook မွာ ပုံမွန္ Android ကုိပဲ အသုံးျပဳထားတဲ့အတြက္ Play Store ကုိ အသုံးျပဳႏုိင္သလို B&N Ebook Store ကိုလည္း သုံးစြဲႏုိင္မယ္။ ခက္တာက ေလာေလာဆယ္ Specs ေၾကျငာခ်က္ ထဲမွာ Android OS ဗားရွင္းသာမက ဘာခ်စ္ပ္ဆက္၊ ပရိုဆက္ဆာ သုံးထားတယ္ ဆုိတာေတာင္ မပါလာေသးဘူး။

သူ႕ရဲ႕အဓိကရည္ရြယ္ခ်က္က အြန္လိုင္းစာဖတ္သူေတြ အဆင္ေျပေစဖို႔ ျဖစ္တဲ့အတြက္ မိသားစုအတြင္း ေဝမွ်သုံးစြဲႏုိင္ကာ တစ္ေယာက္ခ်င္းစီမွာ မတူညီတဲ့ Virtual စာအုပ္စင္ေတြ စီစဥ္ထားႏုိင္တယ္။ ကေလးေတြကို မသင့္ေတာ္တဲ့ စာအုပ္ေတြ မဖတ္ႏုိင္ေအာင္ တားျမစ္ေပးႏုိင္တဲ့ စနစ္ပါတယ္။ တက္ဘလက္ကို မာလ္တီမီဒီယာ အတြက္ အၾကီးအက်ယ္သုံးစြဲေနတဲ့ ေခတ္ထဲမွာ စာဖတ္ျခင္းကိုပါ အားေပးတဲ့ တက္ဘလက္ေတြဟာလည္း သူ႕အားသာခ်က္နဲ႔ သူရွိေနတုန္းပါပဲ။

Nook အသစ္မွာ ကီးဘုတ္ကာဗာ တစ္ခုလည္း ေရြးခ်ယ္ႏုိင္တဲ့အတြက္ Typing အတြက္လည္း ပူစရာ မလိုပါဘူး။ ဒါေပမယ့္ ကီးဘုတ္ကာဗာရဲ႕ ေစ်းႏႈန္းကိုေတာ့ မေၾကျငာေသးဘူး။ သူ႕ရဲ႕ကိုယ္ထည္ကို အေပ်ာ့ Coating တစ္ထပ္ခံထားတဲ့အတြက္ လက္က အၾကာၾကီးကိုင္ထားရင္လည္း မေညာင္းညာေအာင္ ကူညီေပးႏုိင္တယ္။ စာၾကီးပဲ ဖတ္မယ္ဆုိရင္ ၇ နာရီဆက္တုိက္ အသုံးျပဳႏုိင္မယ္လို႔ ဆုိေပမယ့္ ဘကၳရီပမာဏ ကိုလည္း ထည့္မေၾကညာထားျပန္ပါဘူး။ Storage ကေတာ့ 32GB ျဖစ္ျပီး MicroSD ကတ္နဲ႔ 256GB ထိ တုိးျမွင့္ႏုိင္တယ္။ သီခ်င္းနားေထာင္ဖို႔ 3.5mm Jack ေပါက္လဲ ပါဝင္ပါတယ္။ Barnes & Noble Nook Tablet အသစ္ကိုေတာ့ ႏုိဝင္ဘာ ၁၄ ရက္ေန႔မွာ စတင္ေရာင္းခ်မွာပါ။

Ref – GSM Arena

Unicode

နာမည်ကျော် စာအုပ်ဖြန့်ချိရေးနဲ့ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Barnes & Noble ဟာ စာဖတ်သူတွေအတွက် တက်ဘလက်လည်းထုတ်ပါတယ်။ ယခုတစ်ခါ ပုံမှန်အရွယ်အစားထက် ပိုကြီးတဲ့ 10.1” လက်မအရွယ် Nook Tablet အသစ်ကို မိတ်ဆက်ခဲ့ပြီး ထုံးစံအတိုင်း စာဖတ်ဖို့နဲ့ မီဒီယာသုံးစွဲဖို့ကို အဓိက ဦးတည်တဲ့ ဈေးနှုန်းချိုသာတဲ့ ထုတ်ကုန်အသစ်ပါပဲ။

လက်ရှိအချိန်မှာ Pre-order မှာယူမှုဈေးနှုန်း ဒေါ်လာ ၁၃၀ သာရှိတဲ့ ဆယ်လက်မ တက်ဘလက်ကြီးမှာ အကောင်းဆုံး အစိတ်အပိုင်းကတော့ Screen ပါပဲ။ ၎င်းမှာ 1920 x 1200p Resolution ရှိတဲ့ IPS Panel ကို သုံးစွဲထားပြီး Density ကတော့ 224ppi ရှိတယ်။ သူ့ဈေးနှုန်းနဲ့ ယှဉ်ကြည့်ရင် အင်မတန်ကောင်းတဲ့ Display လို့ ပြောရမှာဖြစ်ပြီး သူ့ပြိုင်ဘက် Amazon ရဲ့ Fire HD 10 တက်ဘလက်ဆိုရင် ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။

Kindle Fire တွေနဲ့ မတူတာက Nook မှာ ပုံမှန် Android ကိုပဲ အသုံးပြုထားတဲ့အတွက် Play Store ကို အသုံးပြုနိုင်သလို B&N Ebook Store ကိုလည်း သုံးစွဲနိုင်မယ်။ ခက်တာက လောလောဆယ် Specs ကြေငြာချက် ထဲမှာ Android OS ဗားရှင်းသာမက ဘာချစ်ပ်ဆက်၊ ပရိုဆက်ဆာ သုံးထားတယ် ဆိုတာတောင် မပါလာသေးဘူး။

သူ့ရဲ့အဓိကရည်ရွယ်ချက်က အွန်လိုင်းစာဖတ်သူတွေ အဆင်ပြေစေဖို့ ဖြစ်တဲ့အတွက် မိသားစုအတွင်း ဝေမျှသုံးစွဲနိုင်ကာ တစ်ယောက်ချင်းစီမှာ မတူညီတဲ့ Virtual စာအုပ်စင်တွေ စီစဉ်ထားနိုင်တယ်။ ကလေးတွေကို မသင့်တော်တဲ့ စာအုပ်တွေ မဖတ်နိုင်အောင် တားမြစ်ပေးနိုင်တဲ့ စနစ်ပါတယ်။ တက်ဘလက်ကို မာလ်တီမီဒီယာ အတွက် အကြီးအကျယ်သုံးစွဲနေတဲ့ ခေတ်ထဲမှာ စာဖတ်ခြင်းကိုပါ အားပေးတဲ့ တက်ဘလက်တွေဟာလည်း သူ့အားသာချက်နဲ့ သူရှိနေတုန်းပါပဲ။

Nook အသစ်မှာ ကီးဘုတ်ကာဗာ တစ်ခုလည်း ရွေးချယ်နိုင်တဲ့အတွက် Typing အတွက်လည်း ပူစရာ မလိုပါဘူး။ ဒါပေမယ့် ကီးဘုတ်ကာဗာရဲ့ ဈေးနှုန်းကိုတော့ မကြေငြာသေးဘူး။ သူ့ရဲ့ကိုယ်ထည်ကို အပျော့ Coating တစ်ထပ်ခံထားတဲ့အတွက် လက်က အကြာကြီးကိုင်ထားရင်လည်း မညောင်းညာအောင် ကူညီပေးနိုင်တယ်။ စာကြီးပဲ ဖတ်မယ်ဆိုရင် ၇ နာရီဆက်တိုက် အသုံးပြုနိုင်မယ်လို့ ဆိုပေမယ့် ဘက္ထရီပမာဏ ကိုလည်း ထည့်မကြေညာထားပြန်ပါဘူး။ Storage ကတော့ 32GB ဖြစ်ပြီး MicroSD ကတ်နဲ့ 256GB ထိ တိုးမြှင့်နိုင်တယ်။ သီချင်းနားထောင်ဖို့ 3.5mm Jack ပေါက်လဲ ပါဝင်ပါတယ်။ Barnes & Noble Nook Tablet အသစ်ကိုတော့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်ရောင်းချမှာပါ။

Ref – GSM Arena