၂၀၁၆ တုန်းက အောင်မြင်ခဲ့တဲ့ Battlefield 1 ဟာ အခု ၂၀၁၈ မှာတော့ Battlefield V လို့ခေါ်တဲ့ Franchise အသစ် နဲ့ Gamer တွေဆီအရောက် ပြန်လာတော့မှာပါ။ ဒီဂိမ်းကို လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ LA မှာ ကျင်းပမယ့် EA Play 2018 မှာ ပါဝင်ပြသမယ် ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် ဒီဂိမ်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကောလဟာလတွေလည်း ရှိနေပါသေးတယ်။

Source : techradar.com

အခုထွက်ရှိမယ့် Battlefield V 2018 ဟာ World War 2 ကို အခြေခံထားမှာ ဖြစ်ပြီး Player တွေဟာ Single Player နဲ့ Multiplayer Missions တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် War Story တွေဟာ အရင်ထွက်ရှိထားတဲ့ Battlefield 1 အပေါ် အခြေခံထားမှာ ဖြစ်ပါတယ်။ Location တေကတော့ နော်ဝေး၊ မြောက်အာဖရိက နဲ့ ပြင်သစ်ကျေးလက်ဒေသတွေ ပါဝင်မှာပါ။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဒီ Battlefield V မှာ Combine Arms လို့ခေါ်တဲ့ Multiplayer Co-Op Mode အသစ်ပါဝင်လာတာပါ။ ဒီ Mode မှာ Player လေးယောက်အထိ ပါဝင်ကစားလို့ရပြီး Player တွေဟာ ရန်သူနဲ့ နီးကပ်နေတဲ့ အခြေအနေမှာ Team တစ်ခု အနေနဲ့ အတူတူကစားရမှာ ဖြစ်ပါတယ်။

Source : techradar.com

ဒီဂိမ်းကို PS4 ၊ Xbox One ၊ PC တို့နဲ့ ကစားလို့ရမှာဖြစ်ပြီး လာမယ့် October မှာ တရားဝင် Launch လုပ်မယ်လို့ သတင်းတွေထွက်နေပါတယ်။