“Beats By Dre” Headphone တွေဟာ စတင် Launch လုပ်ခဲ့တဲ့ ၂၀၀၈ ကနေ အခုချိန်ထိ အနီရောင် ‘b’ ဆိုတဲ့ Logo နဲ့ ကမ္ဘာမှာ ရေပန်းအစားဆုံး Headphone တွေအဖြစ် ၁၀ နှစ်ကြာ ရပ်တည်နေခဲ့ပါတယ်။

Source: Famouslogo.net

ကျွန်တော်တို့ဟာ ‘Beats’ နဲ့ Apple ပူးပေါင်းခဲ့တဲ့ ၂၀၁၄ ကစပြီး အနီရောင် Logo ‘b’ ကို သိပ်မရင်းနှီး ကြတော့ပါဘူး။ ဒါပေမယ့် အခုလာမယ့် ‘Beats’ ရဲ့ ၁၀ နှစ်ပြည့် ‘Beats Decade Collection’ မှာတော့ အနီရောင် ‘b’ Logo ကို အားရပါးရ ပြန်မြင်ကြရတော့မှာပါ။ အဆိုပါ Decade Collection မှာ ပါမယ့် Beats ရဲ့ ပစ္စည်းတွေကတော့ Beats Studio 3 Wireless, Beats Solo 3 Wireless, Beats X Wireless, Powerbeats 3 Wireless နဲ့ urBeats3 တို့ဖြစ်ပြီး အားလုံးကို Beats ရဲ့ ကိုယ်ပိုင်အရောင်လို့ ဆိုလို့ရမယ့် အနီနဲ့ အနက် နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Source: Mactrast.com

Beats ၁၀ နှစ်ပြည့် Decade Collection မှာ ပါဝင်တဲ့ Item တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ အရင်ဈေးနှုန်းတွေ အတိုင်း Apple Online Store နဲ့ Authorized Reseller တွေမှာ ရရှိနိုင်ပါတယ်။ Beats By Dre မှ ကြိုက်တယ်ဆိုတဲ့ Fan တွေလည်း ဒီ ၁၀ နှစ်ပြည့် Decade Collection ကနေ တစ်ခုခု ဝယ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။