Android Applications တွေအကုန်လုံးက Social Media Apps တွေနဲ့ ဂိမ်းတွေချည်းပဲမဟုတ်ပါဘူး။ တစ်ချို့သော Application တွေဆိုရင် သင့်ကိုအများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်။ အခုပြောသွားမယ့် Applications တွေက ကိုယ့်ဖုန်းထဲမှာရှိထားမယ်ဆိုရင် အရေးအကြောင်းကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်၊ ပုံမှန်အတိုင်းအသုံးပြုနေဖို့ပဲဖြစ်ဖြစ် ကိုယ့်ကိုပိုပြီးတိုးတက်လာစေမယ့် Applications တွေပဲဖြစ်ပါတယ်။

(1) Socratic

ဒီ Application ကတော့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနေရတဲ့သူတွေအတွက် အသင့်တော်ဆုံး App တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ရဲ့ မေးခွန်းကို ဒီ App ကနေ ဓါတ်ပုံရိုက်လိုက်တာနဲ့ အဲ့ဒီပုစ္တာရဲ့ အဖြေနဲ့ ဘယ်လိုမျိုး တွက်ချက်ရတယ်ဆိုတဲ့ တွက်ချက်နည်းတွေကိုပါ ဖော်ပြသွားမှာဖြစ်လို့ပါ။

(2) Learn inFact

ဒီ Application ကတော့ သင့်ကို အထွေထွေဗဟုသုတကြွယ်ဝစေမယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာပါဝင်တဲ့ သင်သိချင်တဲ့ Topic တစ်ခုကို ရွေးချယ်ပေးလိုက်တာနဲ့ သင်မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(3) Vocabulary Builder

ဒီ App ကတော့ အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေ မဖြစ်မနေဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပြီး နေ့စဉ်အသုံးပြုနေရတဲ့ အင်္ဂလိပ်စာလုံး Vocabulary တွေကို အခုထက်ပိုပြီး သိနေအောင် ပြောပြပေးသွားမှာဖြစ်ပါတယ်။

(4) A Fastest Reader

သင်က စာဖတ်နှေးတဲ့သူဆိုရင် ဒီ App ကို အသုံးပြုလိုက်တာနဲ့ သင့်ရဲ့ စာဖတ်နိုင်စွမ်းက အလွန်မြန်ဆန်လာမှာဖြစ်ပါတယ်။ အခု App ဟာ ရှည်လျားတဲ့စာပုဒ်တွေကို ဘယ်လိုမျိုး ဖတ်ရမလဲဆိုတာကို အကောင်းဆုံး သင်ပေးနိုင်တဲ့ Application တစ်ခုဖြစ်လို့ပါ။

(5) Reverse Dictionary

တခါတလေမှာ စာလုံးရဲ့ အဓိပ္ပါယ်ကိုပဲ သိပြီး စာလုံးကို သိချင်တဲ့အချိန်မျိုးမှာ Dictionary ရှာရတာအလွန်ခက်ခဲပါတယ်။ အဲ့လိုမျိုး ကြုံနေရပြီဆိုရင် အခု App က ကိုယ်သိချင်တဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို ရိုက်လိုက်ရုံနဲ့ အဖြစ်နိုင်ဆုံး စကားလုံးတွေကို ဖော်ပြပေးတဲ့အတွက် အသုံးအဝင်ဆုံး App တစ်ခုဖြစ်မှာပါ။