ကိုယ်ရဲ့ Android ဖုန်းတွေနဲ့ ဗီဒီယိုတွေရိုက်ပြီးပြီဆိုရင် ဘယ်သူမှတော့ ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုအလန်းတွေကို Edit မလုပ်ပဲ Facebook ပေါ်တင်မယ့်သူမရှိလောက်ပါဘူး။ အဲ့ဒီအတွက် ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုတွေကို လုံးဝအလန်းဖြစ်သွားအောင် Edit လုပ်ပေးမယ့် Video Editor App ၅ ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

1. Magisto

Magisto Video Editor ကတော့ ကိုယ့်ရဲ့ ဗီဒီယိုတွေကို မျက်လှည့်ပြလိုက်သလိုမျိုး အကောင်းဆုံးဗီဒီယိုတစ်ခုဖြစ်သွားအောင် Edit လုပ်ပေးမှာဖြစ်ပါတယ်။ Magisto နဲ့ Edit လုပ်မယ်ဆိုရင် လုပ်စရာက Video တစ်ခုကို ရွေး၊ ကိုယ်ကြိုက်နှစ်သက်တဲ့ Theme ကို ရွေးပြီး နောက်ခံထားချင်တဲ့ သီချင်းကို ရွေးပေးလိုက်တာနဲ့ အစအဆုံးကို Magisto ကနေ Edit ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

2. VidTrim

VidTrim Application ကတော့ ရိုက်ကူးထားတဲ့ ဗီဒီယို Clips တွေကို ဖြတ်ညှပ်ကပ်လုပ်ပေးမယ့် App တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဖြတ်ညှပ်ကပ်လုပ်မယ့် ဗီဒီယိုတွေကိုလည်း Filters တွေ၊ Effects တွေထည့်သွင်းထားနိုင်တဲ့အပြင် အခြားသော Features တွေဖြစ်တဲ့ ဗီဒီယိုဖိုင်ကို အသံ mp3 အဖြစ်ပြောင်းလဲတာတို့၊ ဗီဒီယိုရဲ့ Frame တစ်ခုထဲကို ရယူပြီး ဓါတ်ပုံအနေနဲ့ Instagram မှာ Share နိုင်တဲ့ Features တွေပါ ပါဝင်မှာဖြစ်ပါတယ်။

3. PowerDirector Video Editor

PowerDirector Video Editor က Android အတွက် Video Editor App တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး User Interface က အခုမှစတင်သုံးစွဲတဲ့သူတွေအတွက် အနည်းငယ်ရှုပ်ထွေးနိုင်ပေမယ့် ပါဝင်တဲ့ Features တွေကလည်း အလွန်များပြားတယ်လို့ ပြောလို့ရပါတယ်။ အခု PowerDirector App မှာ Video Clip တွေပေါင်းစပ်တာ၊ စာကြောင်းတွေထည့်သွင်းတာ၊ သီချင်းနဲ့ အခြား Sound Effects တွေထည့်သွင်းတာတွေကို မျိုးစုံပြုလုပ်နိုင်မှာဖြစ်ပါတယ်။

4. VideoShow

Setting မရှုပ်ထွေးပဲ Video Edit ကို လွယ်လွယ်ကူကူပြုလုပ်ချင်ရင်တော့ VideoShow Editor ကအကောင်းဆုံးဖြစ်မှာပါ။ လွယ်ကူရိုးရှင်းတဲ့ Interface မပြင် Video မှာ Stickers တွေကိုပါ ထည့်သွင်းနိုင်တဲ့အတွက် တော်တော်လေးကို သုံးပျော်တယ်လို့ ပြောလို့ရပါတယ်။

5. Adobe Premier Clip

ကွန်ပျူတာမှာ နာမည်ကြီး Adobe Premier Pro Software ကို Mobile Version အနေနဲ့ ထုတ်ပေးထားတဲ့ ဒီ Adobe Premier Clip App က ဘယ်လိုမျိုး Video Editing ကိုမဆိုအလွယ်တကူပြုလုပ်နိုင်မှာပါ။ Color, Exposure နဲ့ Filters တွေကိုလည်း စိတ်ကူးရှိသလိုထည့်သွင်းနိုင်ပြီး ဖန်တီးနိုင်သလောက်ကို အကန့်အသတ်မရှိပဲ Edit ပြုလုပ်နိုင်မှာပါ။ ဒါပေမယ့် Adobe ID Account တစ်ခုဖွင့်ပြီး ဝင်ရောက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။