ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်ခဲ့ကြပြီး Battery ပမာဏကလည်း အများအားဖြင့် 3000mAh ဝန်းကျင်ပဲရှိကြတဲ့အတွက် ဘယ်ဖုန်းက Battery ဘယ်လောက်ခံသလဲဆိုတာကို သိဖို့ခက်ခဲခဲ့ပါတယ်။

အဲ့ဒါကြောင့် Phone Arena Website ကနေ မနှစ်က ထွက်ရှိခဲ့တဲ့ Flagship နဲ့ High End ဖုန်းတွေရဲ့ အမှန်တကယ် Battery အသုံးခံချိန်ကို တိုင်းတာခဲ့တာဖြစ်ပါတယ်။ Battery သက်တမ်း ၈ နာရီနဲ့ ၉ နာရီကြားရလဒ်က ကောင်းမွန်တယ်လို့ ပြောလို့ရပြီးတော့ ၉ နာရီအထက် အသုံးပြုနိုင်ရင်တော့ အဲ့ဒီဖုန်းကို Battery တော်တော်လေးကို ကြာကြာခံတယ်လို့ ပြောရမှာပါ။ တကယ်လို့ ၇ နာရီကျော်ပဲ Battery သက်တမ်းရှိတယ်ဆိုရင်တော့ ဒါက Battery ပိုင်း အားနည်းတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ်မှာ ထွက်ခဲ့တဲစမတ်ဖုန်းတွေထဲမှာ BlackBerry KEYone, iPhone 8 Plus နဲ့ Samsung Galaxy S8 Active ဖုန်းတွေက Battery သက်တမ်းအကောင်းဆုံးသောဖုန်းတွေထဲမှာ ပါဝင်ခဲ့ပြီးတော့ LG G6 က ၆ နာရီဝန်းကျင်နဲ့ အနည်းဆုံးဖြစ်ခဲ့တာကို တွေ့ရမှာပါ။

သင့်ဖုန်းကရော Battery ဘယ်လောက်ခံပါသလဲ?