စမတ်ဖုန်းတွေထဲမှာ ဂိမ်းဆော့မယ်ဆိုရင် ကားပြိုင်တာ၊ စစ်တိုက်တာတွေထက် Fighting Games တွေကို ကြိုက်တဲ့သူတွေပိုများမှာပါ။ ရိုးရိုးရှင်းရှင်းနဲ့ ဆော့ကစားရတာအဆင်ပြေသလို အခုနောက်ပိုင်း Fighting Games တွေကလည်း ဂရပ်ဖစ်အလန်းစားတွေဖြစ်နေပါပြီ။ အဲ့ဒီအတွက် Android ဖုန်းတွေအတွက် အကောင်းဆုံး Fighting Game အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. Shadow Fight 3

Shadow Fight ဂိမ်းဟာ စတင်ထွက်ရှိချိန်ထဲက နာမည်ကြီးခဲ့တဲ့ Fighting ဂိမ်းတစ်ခုဖြစ်ပါတယ်။ အခု တတိယမြောက်ဂိမ်းဟာလည်း ယခင်ထက်ပိုကောင်းလာပြီး Graphic ပိုင်းအရရော၊ ချတဲ့နည်းစနစ်တွေ လက်နက်တွေဟာလည်း ယခင်ထက်ပိုအဆင့်မြင့်လာပြီး အခုတစ်ကြိမ်မှာတော့ Online ကနေ အချင်းချင်းချလို့ရတဲ့ Duel Mode လည်း ပါဝင်လာပြီဖြစ်ပါတယ်။

2. The King of Fighters ’97

သင်က Fighting Games တွေကို ဆော့ကစားရတာကြိုက်တဲ့သူတစ်ယောက်ဆိုရင် The King of Fighter ဂိမ်းကို မှတ်မိနေဦးမှာပါ။ အရင်တုန်းက PlayStation ဂိမ်းစက်တွေပေါ်မှာ ဆော့ကစားခဲ့တဲ့ ဂိမ်းက အခု Android ဖုန်းတွေမှာ ဆော့လို့ရနေပါပြီ။

3. Mortal Kombat X

Fighting Game လို့ ပြောလိုက်ရင် Mortal Kombat X က မပါမဖြစ်ပါ။ ဒါပေမယ့် ဒီဂိမ်းမှာ ပါဝင်တဲ့ ချတဲ့အခန်းတွေက အရမ်းကို ကြမ်းတမ်းလွန်းတဲ့အတွက် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကိုတောင် ဆော့ကစားခွင့်မပေးထားပါဘူး။

4. Injustice 2 : Gods Among Us

Injustice ဂိမ်းတွေဟာ DC Comics တွေထဲက Superman ၊ Batman ၊ Flash ၊ Wonder Woman စတဲ့ ဇတ်ကောင်တွေနေရာက ဆော့ကစားလို့ရတဲ့အတွက် နာမည်ကြီးဂိမ်းတစ်ခုပါ။ ဒါပေမယ့် Game Graphic တွေက အလွန်ကောင်းမွန်တဲ့အတွက် Download ဆွဲရတဲ့ File Size ကလည်း ပိုများမှာပါ။

5. Real Boxing 2 Rocky

ဒီဂိမ်းကတော့ ဘောင်ဆင်ထိုးရတာကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးဂိမ်းတစ်ခုဖြစ်မှာပါ။ ဂိမ်းဂရပ်ဖစ်တွေက အလွန်ကောင်းမွန်သလို ထိုးကွက်တွေကလည်း သဘာဝကျတဲ့အတွက်ကြောင့် ဒီဂိမ်းက Controller တပ်ဆော့လို့ အကောင်းဆုံး Android ဂိမ်းတစ်ခုဖြစ်လာပါတယ်။

ဒီဂိမ်းတွေကတော့ လက်ရှိအကောင်းဆုံးလို့ ပြောလို့ရတဲ့ Fighting Game တွေပါ။ တကယ်လို့ ကိုယ်ဆော့နေတဲ့ ဂိမ်းရှိရင်လည်း Share ပေးသွားပါဦး။