[Zawgyi]

Gsmarena ကေနၿပီးေတာ့ ၂၀၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံး စမတ္ဖုန္းေတြကို ေ႐ြးခ်ယ္ဖို႔အတြက္ ဒီဇင္ဘာလ အေစာပိုင္းတုန္းက Poll ေလးတစ္ခုကို ဖန္တီးခဲ့ပါတယ္။ အဆိုပါ Poll ကို Flagships : Best Phones of 2018, Mid-Rangers : Best Phones of 2018 နဲ႔ Entry Level : Best Phones of 2018 ဆိုၿပီး ၃မ်ိဴး ခြဲျခားထားတာပါ။ မည္သူမဆို မိမိႀကိဳက္ႏွစ္သက္ရာ စမတ္ဖုန္းေတြကို ေ႐ြးခ်ယ္ၿပီး ဝင္ေရာက္ Vote (ဆႏၵမဲ) ေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Gsmarena က ဆႏၵမဲရလဒ္ေတြကို တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ၿပီး၊ ၂၀၁၈ခုႏွစ္အတြက္ အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ ဖုန္းေတြကိုလည္း သူတို႔ရဲ႕ဝက္ဆိုက္မွာ ေဖာ္ျပလာပါတယ္။

Best Flagship of 2018

၂၀၁၈ခုႏွစ္အတြက္ အေကာင္းဆုံး Flagship စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ခံရသူကေတာ့ Samsung Galaxy Note 9 ျဖစ္ပါတယ္။ Huawei Mate 20 Pro ကေတာ့ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ Leica Triple Camera ထက္ S Pen က ပိုၿပီးအစြမ္းထက္တာ ျဖစ္ႏိုင္ေၾကာင္း Gsmarena က သုံးသပ္ထားပါတယ္။

Best Mid-Ranger of 2018

၂၀၁၈ခုႏွစ္အတြက္ အေကာင္းဆုံး Mid-Range စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ခံရသူကေတာ့ Nokia 8.1 (Nokia X7) ျဖစ္ပါတယ္။ Xiaomi ရဲ႕ Mi A2 (Mi 6X) က ဒုတိယေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက အဆိုပါ ဖုန္း ၂လုံးစလုံးဟာ Android One စမတ္ဖုန္းေတြ ျဖစ္ၾကပါတယ္။

Best Entry Level Phone of 2018

Budget ေခၚ Entry Level ထဲမွာေတာ့ Xiaomi ရဲ႕ Mi A2 Lite (Redmi 6 Pro) က ဘုရင္လို႔ ေျပာရမွာပါ။ ၂၀၁၈ခုႏွစ္အတြက္ အေကာင္းဆုံး Entry Level စမတ္ဖုန္းအျဖစ္ ေ႐ြးခ်ယ္ခံရတာျဖစ္ၿပီး ဒုတိယေနရာမွာေတာ့ Motorola One (P30 Play) က ရပ္တည္ေနပါတယ္။ လူႀကိဳက္အမ်ားဆုံး Entry Level ဖုန္း ၂လုံးကလည္း Android One စမတ္ဖုန္းေတြ ျဖစ္ၾကပါတယ္။

Ref : gsmarena

[Unicode]

၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းများ

Gsmarena ကနေပြီးတော့ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေကို ရွေးချယ်ဖို့အတွက် ဒီဇင်ဘာလ အစောပိုင်းတုန်းက Poll လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ Poll ကို Flagships : Best Phones of 2018, Mid-Rangers : Best Phones of 2018 နဲ့ Entry level : Best Phones of 2018 ဆိုပြီး ၃မျိူး ခွဲခြားထားတာပါ။ မည်သူမဆို မိမိကြိုက်နှစ်သက်ရာ စမတ်ဖုန်းတွေကို ရွေးချယ်ပြီး ဝင်ရောက် Vote (ဆန္ဒမဲ) ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Gsmarena က ဆန္ဒမဲရလဒ်တွေကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီး၊ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရွေးချယ်ခံရတဲ့ ဖုန်းတွေကိုလည်း သူတို့ရဲ့ဝက်ဆိုက်မှာ ဖော်ပြလာပါတယ်။

Best Flagship of 2018

၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး Flagship စမတ်ဖုန်းအဖြစ် ရွေးချယ်ခံရသူကတော့ Samsung Galaxy Note 9 ဖြစ်ပါတယ်။ Huawei Mate 20 Pro ကတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ Leica Triple Camera ထက် S Pen က ပိုပြီးအစွမ်းထက်တာ ဖြစ်နိုင်ကြောင်း Gsmarena က သုံးသပ်ထားပါတယ်။

Best Mid-Ranger of 2018

၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး Mid-range စမတ်ဖုန်းအဖြစ် ရွေးချယ်ခံရသူကတော့ Nokia 8.1 (Nokia X7) ဖြစ်ပါတယ်။ Xiaomi ရဲ့ Mi A2 (Mi 6X) က ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဆိုပါ ဖုန်း ၂လုံးစလုံးဟာ Android One စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။

Best Entry level phone of 2018

Budget ခေါ် Entry level ထဲမှာတော့ Xiaomi ရဲ့ Mi A2 Lite (Redmi 6 Pro) က ဘုရင်လို့ ပြောရမှာပါ။ ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး Entry level စမတ်ဖုန်းအဖြစ် ရွေးချယ်ခံရတာဖြစ်ပြီး ဒုတိယနေရာမှာတော့ Motorola One (P30 Play) က ရပ်တည်နေပါတယ်။ လူကြိုက်အများဆုံး Entry level ဖုန်း ၂လုံးကလည်း Android One စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။

Ref : gsmarena