Mobile Phones

2017 ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေထဲက နံပါတ်ငါးနေရာမှာ ရှိတဲ့ iPhone 7 Plus

August 7, 2017

2017 ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေထဲက နံပါတ်ငါးနေရာမှာ ရှိတဲ့ iPhone 7 Plus


Share this on:

နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေကို စာရင်းလုပ်လိုက်တဲ့အခါမှာ ဒီဖုန်းတွေက နံပါတ်စဉ်အလိုက် နေရာယူထားပါတယ်။

Samsung Galaxy S8

လှပဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် 2017 အတွက် ထိပ်ဆုံးက ရပ်တည်သွားပါတယ်။ ကင်မရာအရည်အသွေးကလည်း သာလွန်နေသလို Battery သက်တမ်းလည်း ပိုကြာရှည်ခံပါတယ်။

OnePlus 5

သူကလည်း ကင်မရာအရည်အသွေး ကောင်းပါတယ်။ စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့အရာတိုင်း သူက ပြည့်စုံအောင် ပါဝင်နေပြီး အကြမ်းခံတဲ့ ဖုန်းတစ်လုံးအနေနဲ့ ယူဆနိုင်ပါတယ်။

LG G5

Budget Smartphone ထဲကနေ လှစ်ခနဲ နေရာယူလာတဲ့ ဖုန်းဖြစ်ပါတယ်။ လျင်မြန်တဲ့ လုပ်ဆောင်မှုတွေက Galaxy S7 ကို ယှဉ်လို့ရပါတယ်။ Dual Camera ပါဝင်လို့ ပုံလှလှလေးတွေလည်း ထုတ်ပေးနိုင်မှာပါ။

Motorola Moto X Force

Screen ကွဲတတ်လို့ စိတ်ပူနေရတဲ့သူတွေ အတွက် ဖုန်းမှန်သားတောင့်တင်းတဲ့ X Force လာပါပြီ။ Baseball နဲ့ပစ်ပစ် ကြမ်းပေါ်ပဲကျကျ မှန်က အက်မသွားလို့နာမည်ကြီးလာရတာပဲ ဖြစ်ပါတယ်။ Octa-Core, Fantastic Camera, Battery ကလည်း ကြာရှည်ခံတာမို့လို့ နံပါတ်လေးနေရာမှာ ခပ်တည်တည် ဝင်ယူထားပါတယ်။

iPhone 7 Plus

Apple ကတော့ iPhone ကို မြင့်သထက်မြင့်အောင် မြှင့်နေပေမယ့် သင်ထင်ထားသလောက် ဖုန်းက သိသိသာသာ ပြောင်းလဲမသွားသေးပါဘူး။ ဒါပေမယ့် ထုတ်ခဲ့သမျှ iPhone တွေထဲမှာတော့ အကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

Review

User Rating

4.1 (19 Votes)
error: Alert: Copyright © 2018. MyTech Myanmar