BlackBerry ကနေ ယခုနှစ်မှာ အဆင့်မြှင့်စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီးတော့ Highend စမတ်ဖုန်းဈေးကွက်ကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ပုံပါပဲ။ အခုနောက်ဆုံး သိရတဲ့သတင်းတွေအရ BlackBerry ကနေ Ghost စမတ်ဖုန်းကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။

Ghost စမတ်ဖုန်းဟာ BlackBerry ရဲ့ ပထမဆုံးသော Full Screen Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီးတော့ အရင်ဆုံးအနေနဲ့ အိန္ဒိယဈေးကွက်ကို စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

နာမည်ကြီး ဖုန်းအကြောင်းတွေကို Leak လုပ်တဲ့ Evan Blass ရဲ့ ပြောကြားချက်အရ အခု BlackBerry Ghost စမတ်ဖုန်းဟာ ပိုပြီးကောင်းမွန်တဲ့ Pro Version ပါရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Qualcomm Snapdragon 845 Processor ၊ RAM 6GB တွေပါဝင်မှာဖြစ်တယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း အခုအချိန်အထိတော့ BlackBerry Ghost ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဈေးကြီးမှာသေချာပါတယ်။