Zawgyi Font Version

Android ဟာ လူသိအမ်ားဆံုး Operating System တစ္ခုျဖစ္လာျပီး Smartphone ေတြနဲ႔ Tablet ေတြေပၚမွာတင္မကပဲ ကားေတြမွာ Smart Display ေတြေပၚမွာနဲ႔ Smart TV ေတြေပၚမွာပါ အသံုးျပဳလာၾကပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ PC ေတြေပၚမွာ Android Emulator ေတြသံုးျပီး PUBG လို Android Game ေတြေဆာ့ကစားတာကေတာ္ေတာ္ေခတ္စားလာပါတယ္။ GenyMotion, Android X86, Anbox, Console OS, and Remix OS အစရွိတဲ့ Android Emulator ေတြမ်ိဳးစံုရွိေပမယ့္လည္း နာမည္ေက်ာ္ Bluestacks ေလာက္ေတာ့ လူသိမမ်ားပါဘူး။

BlueStacks ကို (၂၀၀၉) ခုႏွစ္မွာ Jay Vaishnav, Suman Saraf နဲ႔ Rosen Sharma တို႔ကစတင္တီထြင္ခဲ့တာျဖစ္ျပီး PC ေပၚမွာ Android App ေတြကိုအလြယ္တကူ အသံုးျပဳဖို႔နည္းလမ္းတစ္ခုျဖစ္လာပါတယ္။ အခုဆိုရင္ Bluestacks ရဲဲ႕ Version 4 ထြက္လာျပီး Performance ပိုင္းအဆင့္ျမွင့္တင္မွုေတြလုပ္ထားပါတယ္။

Anderssen Horowitz, Redpoint, Samsung, Intel, Qualcomm, AMD, နဲ႔ တစ္ျခား ရင္းႏွီးျမဳပ္ႏွံတဲ့ ကုမၸဏီေတြေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမွ် BlueStacks ဟာ ပိုအဆင့္ျမင့္လာပါတယ္။ BlueStack ဟာ တစ္ျခား Android Emulator ေတြကိုေက်ာ္လြန္ျပီး Windows OS နဲ႔ macOS ေတြေပၚမွာ Android App ေတြကိုအလြယ္တကူအသံုးျပဳလိုသူေတြအတြက္ တစ္ခုတည္းေသာေရြးခ်ယ္စရာျဖစ္လာပါတယ္။

BlueStacks Version 4 မွာ Update အသစ္မ်ားစြာပါဝင္ေပမယ့္လည္း Performance ျမင့္လာတဲ့အေၾကာင္းကိုပဲ အသားေပးျပီးေၾကညာခဲ့ပါတယ္။ အခု Update အသစ္ဟာဆိုရင္ Galaxy S9+ ရဲ႕ စြမ္းေဆာင္ရည္ထက္ ေျခာက္ဆ ပိုမိုျမန္ဆန္ျပီး အရင္ထြက္ခဲ့တဲ့ BlueStacks 3 ထက္ ရွစ္ဆ ပိုမိုျမန္ဆန္တယ္လို႔သိရပါတယ္။ Performance ျမန္ဆန္ေနရတဲ့ အခ်က္က Android Version ေပၚမမူတည္ပဲ BlueStacks ရဲ႕ ကိုယ္ပိုင္ဖြဲ႔စည္းပံုေၾကာင့္သာျဖစ္ျပီး BlueStacks 4 မွာ Android 7.1.2 ကိုသာ အသံုးျပဳထားပါတယ္။ Update အသစ္မွာ အသံုးျပဳရပိုမိုလြယ္ကူေစတဲ့ UI အေျပာင္းအလဲေတြပါဝင္ျပီး Gaming ပိုင္းကိုအသားေပးထားပါတယ္။ Game ေဆာ့ရာမွာအဆင္ေျပေစဖို႔ Key Mapping Feature ကို အဆင့္ျမွင့္တင္ေပးထားျပီး PUBG လိုဂိမ္းေတြမွာ Shooting Button အတြက္ ကိုယ္အဆင္ေျပတဲ့ Keyboard Shortcut ကိုထားႏိုင္ပါတယ္။

“Multi-instances” လို႔ေခၚတဲ့ Feature တစ္ခုလည္းပါဝင္လာျပီး တစ္ခ်ိန္တည္းမွာပဲ Google Account အမ်ားၾကီးနဲ႔ Game ေပါင္းမ်ားစြာကိုေဆာ့ႏိုင္ပါတယ္။ BlueStacks Store နဲ႔ BlueStacks Points ဆိုတာလည္းပါဝင္လာျပီး BlueStacks ေပၚမွာ Game ကစားရံုနဲ႔ Point ေတြရရွိမွာျဖစ္ပါတယ္။ Game ေပါင္းမ်ိဳးစံုေဆာ့ျပီး ရရွိလာတဲ့ Point ေတြကိုစုကာ BlueStacks Store မွာရွိတဲ့ Item ေတြကိုဝယ္ယူႏိုင္မွာပါ။

Ref: XDA News

Unicode Version

Android ဟာ လူသိအများဆုံး Operating System တစ်ခုဖြစ်လာပြီး Smartphone တွေနဲ့ Tablet တွေပေါ်မှာတင်မကပဲ ကားတွေမှာ Smart Display တွေပေါ်မှာနဲ့ Smart TV တွေပေါ်မှာပါ အသုံးပြုလာကြပါတယ်။ အခုနောက်ပိုင်းမှာတော့ PC တွေပေါ်မှာ Android Emulator တွေသုံးပြီး PUBG လို Android Game တွေဆော့ကစားတာကတော်တော်ခေတ်စားလာပါတယ်။ GenyMotion, Android X86, Anbox, Console OS, and Remix OS အစရှိတဲ့ Android Emulator တွေမျိုးစုံရှိပေမယ့်လည်း နာမည်ကျော် Bluestacks လောက်တော့ လူသိမများပါဘူး။

BlueStacks ကို (၂၀၀၉) ခုနှစ်မှာ Jay Vaishnav, Suman Saraf နဲ့ Rosen Sharma တို့ကစတင်တီထွင်ခဲ့တာဖြစ်ပြီး PC ပေါ်မှာ Android App တွေကိုအလွယ်တကူ အသုံးပြုဖို့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ အခုဆိုရင် Bluestacks ရဲ့ Version 4 ထွက်လာပြီး Performance ပိုင်းအဆင့်မြှင့်တင်မှုတွေလုပ်ထားပါတယ်။

Anderssen Horowitz, Redpoint, Samsung, Intel, Qualcomm, AMD, နဲ့ တစ်ခြား ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ BlueStacks ဟာ ပိုအဆင့်မြင့်လာပါတယ်။ BlueStack ဟာ တစ်ခြား Android Emulator တွေကိုကျော်လွန်ပြီး Windows OS နဲ့ macOS တွေပေါ်မှာ Android App တွေကိုအလွယ်တကူအသုံးပြုလိုသူတွေအတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်လာပါတယ်။

BlueStacks Version 4 မှာ Update အသစ်များစွာပါဝင်ပေမယ့်လည်း Performance မြင့်လာတဲ့အကြောင်းကိုပဲ အသားပေးပြီးကြေညာခဲ့ပါတယ်။ အခု Update အသစ်ဟာဆိုရင် Galaxy S9+ ရဲ့ စွမ်းဆောင်ရည်ထက် ခြောက်ဆ ပိုမိုမြန်ဆန်ပြီး အရင်ထွက်ခဲ့တဲ့ BlueStacks 3 ထက် ရှစ်ဆ ပိုမိုမြန်ဆန်တယ်လို့သိရပါတယ်။ Performance မြန်ဆန်နေရတဲ့ အချက်က Android Version ပေါ်မမူတည်ပဲ BlueStacks ရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံကြောင့်သာဖြစ်ပြီး BlueStacks 4 မှာ Android 7.1.2 ကိုသာ အသုံးပြုထားပါတယ်။ Update အသစ်မှာ အသုံးပြုရပိုမိုလွယ်ကူစေတဲ့ UI အပြောင်းအလဲတွေပါဝင်ပြီး Gaming ပိုင်းကိုအသားပေးထားပါတယ်။ Game ဆော့ရာမှာအဆင်ပြေစေဖို့ Key Mapping Feature ကို အဆင့်မြှင့်တင်ပေးထားပြီး PUBG လိုဂိမ်းတွေမှာ Shooting Button အတွက် ကိုယ်အဆင်ပြေတဲ့ Keyboard Shortcut ကိုထားနိုင်ပါတယ်။

“Multi-instances” လို့ခေါ်တဲ့ Feature တစ်ခုလည်းပါဝင်လာပြီး တစ်ချိန်တည်းမှာပဲ Google Account အများကြီးနဲ့ Game ပေါင်းများစွာကိုဆော့နိုင်ပါတယ်။ BlueStacks Store နဲ့ BlueStacks Points ဆိုတာလည်းပါဝင်လာပြီး BlueStacks ပေါ်မှာ Game ကစားရုံနဲ့ Point တွေရရှိမှာဖြစ်ပါတယ်။ Game ပေါင်းမျိုးစုံဆော့ျပီး ရရှိလာတဲ့ Point တွေကိုစုကာ BlueStacks Store မှာရှိတဲ့ Item တွေကိုဝယ်ယူနိုင်မှာပါ။

Ref: XDA News