နာမည္ေက်ာ္ကားထုတ္လုပ္သူ BMW ဟာ ယေန႔မွာ မိမိယာဥ္ရဲ႕ Setting ကို အသံျဖင့္ ထိန္းခ်ဳပ္ေစခုိင္း ႏုိင္မယ့္ Intelligent Personal Assistant ကြန္ျပဴတာ ဥာဏ္ရည္တုစနစ္ကို မိတ္ဆက္ခဲ့ျပီး ေမာင္းႏွင္သူဟာ စမတ္ဂတ္ဂ်က္ေတြလိုပဲ ကားကိုလည္း အသံျဖင့္ အမိန္႔ေပးခုိင္းေစႏုိင္မွာျဖစ္သလို ကားရဲ႕ အေျခအေနကိုပါ ေမးျမန္းေျဖၾကားေစႏုိင္မွာပါ။

Intelligent Personal Assistant လို႔ပဲ ရုိးရိုးရွင္းရွင္း နာမည္ေပးထားတဲ့ အဆုိပါ စနစ္ကို လာမယ့္ ၂၀၁၉ ခုႏွစ္မွာ BMW OS 7.0 စက္ႏွင္စနစ္သစ္ ပါဝင္တဲ့ BMW ကားတုိင္း ရရွိႏုိင္မွာျဖစ္ပါတယ္။ “အျမဲအသင့္ျဖစ္ေနမယ့္ နည္းပညာ ပလက္ေဖာင္းဟာ အသိဥာဏ္ရွိတဲ့ ဒစ္ဂ်စ္တယ္ကာရုိက္တာ တစ္ေယာက္ျဖစ္ျပီး ‘ေဟး BMW’ ဆုိတဲ့ စကားလုံးကို စလိုက္တာနဲ႔ ေမာင္းႏွင္သူအား ယာဥ္ရဲ႕ ထိန္းခ်ဳပ္စနစ္၊ လမ္းညႊန္စနစ္နဲ႔ ေဖ်ာ္ေျဖေရး စတဲ့ ဆက္တင္ေတြကို ခ်ိန္ညွိေျပာင္းလဲရာမွာ ဝန္ေဆာင္ေပးဖို႔ နည္းလမ္းမ်ားစြာ ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္သလို စကားဝါက်ကိုလည္း ဦးေဆာင္တည္ေဆာက္ႏုိင္မွာပါ” လို႔ BMW က ဆုိပါတယ္။

‘ေဟး BMW’ ဆုိတဲ့ လွ်ဳိ႕ဝွက္ကုဒ္ကို မၾကိဳက္ရင္လည္း ကိုယ္ၾကိဳက္တဲ့ နာမည္ကို ေျပာင္းလဲသတ္မွတ္ေပး ႏုိင္ျပီး ကြန္ျပဴတာ လက္ေထာက္ဟာ သုံးစြဲသူရဲ႕ အၾကိဳက္ကို အခ်ိန္နဲ႔အမွ် ေလ့လာသင္ယူေပးႏုိင္စြမ္း ရွိတယ္လို႔ BMW ကဆုိပါတယ္။ သုံးစြဲသူရဲ႕ ေန႔စဥ္အခ်ိန္ဇယားနဲ႔ အေလ့အထေတြကို မွတ္သားထားႏုိင္တဲ့အတြက္ “အိမ္ျပန္ရေအာင္”၊ “ေအးလုိက္တာ”၊ “ပင္ပန္းေနျပီ” စတဲ့ စကားလုံးေတြနဲ႔တင္ ကားရဲ႕ အပူခ်ိန္၊ အလင္းေပးစနစ္၊ မီးလုံးအဖြင့္အပိတ္၊ ဂီတေရြးခ်ယ္ဖြင့္ေပးတာ စတဲ့ လုပ္ငန္းေတြကို သူ႕ဟာနဲ႔သူ အလိုအေလွ်ာက္ ခ်ိန္ညွိလုပ္ေဆာင္ေပးႏုိင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကားရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ျပီးေတာ့လည္း ကားတာယာေလ နည္းေနတာ စတဲ့ ျပႆနာေတြနဲ႔အတူ ေလာင္စာေခၽြတာေရး Tip ေတြ ကိုယ့္ကိုျပေပးတာ၊ ကားျပင္ဆင္ေရးကို အလိုအေလွ်ာက္ ခ်ိတ္ဆက္ေပးတာ စတာေတြ ျပဳလုပ္ေပးႏုိင္မယ္လုိ႔ ဆုိပါတယ္။ အျခား ဒစ္ဂ်စ္တယ္ Assistant စနစ္ေတြနဲ႔လဲ တြဲဖက္အသုံးျပဳႏုိင္ျပီး စမတ္ဖုန္းနဲ႔ စပီကာလို ဂတ္ဂ်က္ေတြကို သိမွတ္ႏုိင္တယ္။

စစထြက္ခ်င္းမွာေတာ့ Intelligent Personal Assistant ဟာ အေမရိကန္၊ ဂ်ာမနီ၊ ယူေက၊ အီတလီ၊ ျပင္သစ္၊ စပိန္၊ ဆြစ္ဇာလန္၊ ၾသစၾတီးယား၊ ဘရာေဇးလ္နဲ႔ ဂ်ပန္ႏုိင္ငံတုိ႔မွာသာ ရရွိႏုိင္ဦးမွာျဖစ္ျပီး ဘာသာစကား ၂၃ မ်ဳိးနဲ႔ အသုံးျပဳႏုိင္မွာပါ။ တရုတ္ႏုိင္ငံကိုေတာ့ ၂၀၁၉ ေမလမွာ ေရာက္လာမွာျဖစ္ျပီး ေစ်းကြက္ေပၚလုိက္ကာ ေဆာင္ရြက္ႏုိင္တဲ့ လုပ္ငန္းအဆင့္ ကြာျခားမႈေတြ ရွိႏုိင္ပါတယ္။

Ref – https://www.engadget.com/2018/09/06/bmw-in-car-voice-controlled-assistant-next-year

Unicode

နာမည်ကျော်ကားထုတ်လုပ်သူ BMW ဟာ ယနေ့မှာ မိမိယာဉ်ရဲ့ Setting ကို အသံဖြင့် ထိန်းချုပ်စေခိုင်း နိုင်မယ့် Intelligent Personal Assistant ကွန်ပြူတာ ဉာဏ်ရည်တုစနစ်ကို မိတ်ဆက်ခဲ့ပြီး မောင်းနှင်သူဟာ စမတ်ဂတ်ဂျက်တွေလိုပဲ ကားကိုလည်း အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်မှာဖြစ်သလို ကားရဲ့ အခြေအနေကိုပါ မေးမြန်းဖြေကြားစေနိုင်မှာပါ။

Intelligent Personal Assistant လို့ပဲ ရိုးရိုးရှင်းရှင်း နာမည်ပေးထားတဲ့ အဆိုပါ စနစ်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ BMW OS 7.0 စက်နှင်စနစ်သစ် ပါဝင်တဲ့ BMW ကားတိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။ “အမြဲအသင့်ဖြစ်နေမယ့် နည်းပညာ ပလက်ဖောင်းဟာ အသိဉာဏ်ရှိတဲ့ ဒစ်ဂျစ်တယ်ကာရိုက်တာ တစ်ယောက်ဖြစ်ပြီး ‘ဟေး BMW’ ဆိုတဲ့ စကားလုံးကို စလိုက်တာနဲ့ မောင်းနှင်သူအား ယာဉ်ရဲ့ ထိန်းချုပ်စနစ်၊ လမ်းညွှန်စနစ်နဲ့ ဖျော်ဖြေရေး စတဲ့ ဆက်တင်တွေကို ချိန်ညှိပြောင်းလဲရာမှာ ဝန်ဆောင်ပေးဖို့ နည်းလမ်းများစွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်သလို စကားဝါကျကိုလည်း ဦးဆောင်တည်ဆောက်နိုင်မှာပါ” လို့ BMW က ဆိုပါတယ်။

‘ဟေး BMW’ ဆိုတဲ့ လျှို့ဝှက်ကုဒ်ကို မကြိုက်ရင်လည်း ကိုယ်ကြိုက်တဲ့ နာမည်ကို ပြောင်းလဲသတ်မှတ်ပေး နိုင်ပြီး ကွန်ပြူတာ လက်ထောက်ဟာ သုံးစွဲသူရဲ့ အကြိုက်ကို အချိန်နဲ့အမျှ လေ့လာသင်ယူပေးနိုင်စွမ်း ရှိတယ်လို့ BMW ကဆိုပါတယ်။ သုံးစွဲသူရဲ့ နေ့စဉ်အချိန်ဇယားနဲ့ အလေ့အထတွေကို မှတ်သားထားနိုင်တဲ့အတွက် “အိမ်ပြန်ရအောင်”၊ “အေးလိုက်တာ”၊ “ပင်ပန်းနေပြီ” စတဲ့ စကားလုံးတွေနဲ့တင် ကားရဲ့ အပူချိန်၊ အလင်းပေးစနစ်၊ မီးလုံးအဖွင့်အပိတ်၊ ဂီတရွေးချယ်ဖွင့်ပေးတာ စတဲ့ လုပ်ငန်းတွေကို သူ့ဟာနဲ့သူ အလိုအလျှောက် ချိန်ညှိလုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ကားတာယာလေ နည်းနေတာ စတဲ့ ပြဿနာတွေနဲ့အတူ လောင်စာချွေတာရေး Tip တွေ ကိုယ့်ကိုပြပေးတာ၊ ကားပြင်ဆင်ရေးကို အလိုအလျှောက် ချိတ်ဆက်ပေးတာ စတာတွေ ပြုလုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အခြား ဒစ်ဂျစ်တယ် Assistant စနစ်တွေနဲ့လဲ တွဲဖက်အသုံးပြုနိုင်ပြီး စမတ်ဖုန်းနဲ့ စပီကာလို ဂတ်ဂျက်တွေကို သိမှတ်နိုင်တယ်။

စစထွက်ချင်းမှာတော့ Intelligent Personal Assistant ဟာ အမေရိကန်၊ ဂျာမနီ၊ ယူကေ၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ဘရာဇေးလ်နဲ့ ဂျပန်နိုင်ငံတို့မှာသာ ရရှိနိုင်ဦးမှာဖြစ်ပြီး ဘာသာစကား ၂၃ မျိုးနဲ့ အသုံးပြုနိုင်မှာပါ။ တရုတ်နိုင်ငံကိုတော့ ၂၀၁၉ မေလမှာ ရောက်လာမှာဖြစ်ပြီး ဈေးကွက်ပေါ်လိုက်ကာ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းအဆင့် ကွာခြားမှုတွေ ရှိနိုင်ပါတယ်။