ခရီးတစ်ခုခုသွားဖို့ စဉ်းစားလိုက်တဲ့အချိန်မှာ Google ကိုအသုံးပြုပြီးတော့ ဟိုတယ်တွေနဲ့ လေယာဉ်ချိန်တွေကို ရှာဖွေတဲ့အချိန်တတ်ကြပါသလား? အဲ့ဒါဆိုရင်တော့ Google ကနေ သူရဲ့ Google Search Service ကို အသုံးပြုသူတွေ အဆင်ပြေဖို့အတွက် Feature အသစ်တစ်ခုကို ထည့်သွင်းထားတယ်ဆိုတာကိုရော သင်သိပါသလား?

အခုအသစ်ထည့်သွင်းပေးလိုက်တဲ့ Feature ကတော့ အသုံးပြုသူတွေက Google Search ကနေ ရရှိလာတဲ့ ရှာဖွေမှုရလဒ်တွေအရ ဟိုတယ်နဲ့ လေယာဉ်တွေကို တခါတည်း Booking ပြုလုပ်လို့ရပါတယ်။ အဲ့ဒီအပြင် အဆိုပါ ဟိုတယ်နဲ့ လေကြောင်းလိုင်းတွေရဲ့ ဓါတ်ပုံတွေကိုလည်း အလွယ်တကူကြည့်ရှုနိုင်ဦးမယ်လို့ သိရပါတယ်။

Google ကတော့ အခု Features ကို အသုံးပြုသူတွေအနေနဲ့ Flight နဲ့ Hotels နှစ်ခုမှာ နှစ်သက်သလို အသစ်ပါဝင်လာတဲ့ Tab မှာ ကြိုက်သလို Toggle ပြုလုပ်ပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Google ရဲ့ အခုလိုမျိုး ပြုလုပ်လာမှုက ခရီးသွားလာမယ့်သူတွေအတွက် အခြားသော Travel Website တွေ၊ Airline Booking Website တွေကို သွားရောက်စရာမလိုပဲ အလွန်လွယ်ကူစေမှာဖြစ်ပါတယ်။ Google ကနေ အခု Feature အပြင် “More Destinations” Tab ကိုလည်း အသုံးပြုနိုင်အောင် ထုတ်ပေးခဲ့ပြီးတော့ အနီးအနားမှာရှိတဲ့ Destinations တွေကို အလွယ်တကူ သွားရောက်နိုင်အောင် တွန်းအားပေးခဲ့တာပဲဖြစ်ပါတယ်။

ကဲ… နောက် ခရီးသွားမယ်ဆိုရင် ဟိုတယ်တွေ၊ လေယာဉ်လတ်မှတ်တွေကို Google ကနေပဲ Booking လုပ်ကြတာပေါ့။