[Zawgyi]

Huawei ဟာ အေမရိကန္ႏိုင္ငံရဲ႕ ပိတ္ပင္မႈကို ခံခဲ့ရၿပီးတဲ့ေနာက္ အခုလည္း အျခားဥေရာပႏိုင္ငံအခ်ိဳ႕ရဲ႕ ပိတ္ပင္မႈကို ႀကဳံေတြ႕လာရဖြယ္ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Australia, New Zeland အပါအဝင္ ၿဗိတိန္ႏိုင္ငံတို႔က 5G ကြန္ရက္ျဖန႔္က်က္မႈေတြမွာ Huawei အသုံးအေဆာင္ေတြကို ပိတ္ပင္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အေမရိကန္ရဲ႕ ထရန႔္အစိုးရက Huawei ပစၥည္းေတြမသုံးဖို႔ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္အပါအဝင္ အျခားမဟာမိတ္ႏိုင္ငံေတြကို စည္း႐ုံးေနတဲ့သတင္း ေဖာ္ျပခဲ့ဖူးပါတယ္။ အခုေတာ့ ၿဗိတိန္ရဲ႕ MI6 ကလည္း ပါဝင္ပတ္သက္လာၿပီး ေတာင္းဆိုမႈကို တုံ႔ျပန္လိုက္တဲ့သေဘာလို႔ ဆိုရမွာျဖစ္ပါတယ္။

BT Telecom ကေတာ့ သူတို႔ရဲ႕ အဓိကကြန္ရက္ ဧရိယာေတြမွာ Huawei ရဲ႕ 3G နဲ႔ 4G အစိတ္အပိုင္းေတြကို ဖယ္ရွားခဲ့တယ္လို႔ တရားဝင္အတည္ျပဳခ်က္ေပးခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ ဒီအစိတ္အပိုင္းေတြရဲ႕ေနာက္မွာ တ႐ုတ္အစိုးရရဲ႕ ပတ္သက္မႈလည္း ရွိေနတယ္လို႔ MI6 က သံသယျဖစ္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေတြဟာ အီရန္ဆန႔္က်င္ေရး ကုန္သြယ္ေရးပိတ္ပင္မႈကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီး ကေနဒါမွာ Huawei ရဲ႕ CFO ဖမ္းဆီးခံရၿပီးတဲ့ေနာက္ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။ တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ ZTE ကလည္း အလားတူပဲ အေမရိကန္ႏိုင္ငံမွာ ပိတ္ပင္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

Huawei နဲ႔ ZTE တို႔ကို အေမရိကန္က ပိတ္ပင္ခဲ့တုန္းက တ႐ုတ္နဲ႔ အေမရိကန္ရဲ႕ ကုန္သြယ္ေရးစစ္ပြဲအသြင္ေဆာင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ကုန္သြယ္ေရးစစ္ပြဲထက္ပိုတဲ့ ႏိုင္ငံေတာ္လုံၿခဳံေရးပိုင္းဆိုင္ရာ ကိစၥရပ္အသြင္ ပိုၿပီးသက္ေရာက္လာခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Huawei ကို တည္ေထာင္ခဲ့တာဟာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္အရာရွိေဟာင္း အခ်ိဳ႕ျဖစ္ေနတာေၾကာင့္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္ ကုမၸဏီနဲ႔ လက္ရွိတ႐ုတ္အစိုးရတို႔ရဲ႕ ပက္သတ္မႈဟာ ေမးခြန္းထုတ္စရာ မ်ားစြာနဲ႔ ျဖစ္ေနရပါတယ္။ လက္ရွိျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး Huawei ကေတာ့ တစ္စုံတစ္ရာ တုံ႔ျပန္မႈ မျပဳလုပ္ေသးတာကိုလည္း ေတြ႕ျမင္ရပါတယ္။

Ref: GSMarena

 

[Unicode]

Huawei ဟာ အမေရိကန်နိုင်ငံရဲ့ ပိတ်ပင်မှုကို ခံခဲ့ရပြီးတဲ့နောက် အခုလည်း အခြားဥရောပနိုင်ငံအချို့ရဲ့ ပိတ်ပင်မှုကို ကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ Australia, New Zeland အပါအဝင် ဗြိတိန်နိုင်ငံတို့က 5G ကွန်ရက်ဖြန့်ကျက်မှုတွေမှာ Huawei အသုံးအဆောင်တွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်ရဲ့ ထရန့်အစိုးရက Huawei ပစ္စည်းတွေမသုံးဖို့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်အပါအဝင် အခြားမဟာမိတ်နိုင်ငံတွေကို စည်းရုံးနေတဲ့သတင်း ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ ဗြိတိန်ရဲ့ MI6 ကလည်း ပါဝင်ပတ်သက်လာပြီး တောင်းဆိုမှုကို တုံ့ပြန်လိုက်တဲ့သဘောလို့ ဆိုရမှာဖြစ်ပါတယ်။

BT Telecom ကတော့ သူတို့ရဲ့ အဓိကကွန်ရက် ဧရိယာတွေမှာ Huawei ရဲ့ 3G နဲ့ 4G အစိတ်အပိုင်းတွေကို ဖယ်ရှားခဲ့တယ်လို့ တရားဝင်အတည်ပြုချက်ပေးခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီအစိတ်အပိုင်းတွေရဲ့နောက်မှာ တရုတ်အစိုးရရဲ့ ပတ်သက်မှုလည်း ရှိနေတယ်လို့ MI6 က သံသယဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေဟာ အီရန်ဆန့်ကျင်ရေး ကုန်သွယ်ရေးပိတ်ပင်မှုကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ကနေဒါမှာ Huawei ရဲ့ CFO ဖမ်းဆီးခံရပြီးတဲ့နောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ကလည်း အလားတူပဲ အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Huawei နဲ့ ZTE တို့ကို အမေရိကန်က ပိတ်ပင်ခဲ့တုန်းက တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကုန်သွယ်ရေးစစ်ပွဲထက်ပိုတဲ့ နိုင်ငံတော်လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်အသွင် ပိုပြီးသက်ရောက်လာခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Huawei ကို တည်ထောင်ခဲ့တာဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိဟောင်း အချို့ဖြစ်နေတာကြောင့်လို့ ဆိုရမှာပါ။ ဒါကြောင့် ကုမ္ပဏီနဲ့ လက်ရှိတရုတ်အစိုးရတို့ရဲ့ ပက်သတ်မှုဟာ မေးခွန်းထုတ်စရာ များစွာနဲ့ ဖြစ်နေရပါတယ်။ လက်ရှိဖြစ်ရပ်နဲ့ ပတ်သက်ပြီး Huawei ကတော့ တစ်စုံတစ်ရာ တုံ့ပြန်မှု မပြုလုပ်သေးတာကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSMarena