Samsung စမတ်ဖုန်း ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Samsung Galaxy Note 8 ကို မြန်မာနိုင်ငံမှာ ယနေ့ မိတ်ဆက်လိုက်ပါတယ်။
စမတ်ဖုန်း မှာယူမှု Pre-order ကို ယနေ့ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၇ ရက်အတွင်း တင်လို့ရနေပြီး စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁ရက်အတွင်း စမတ်ဖုန်းတွေ ကိုရရှိမှာဖြစ်ပါတယ်။

Samsung Galaxy Note 8 ကို မြန်မာငွေ ၁၂သိန်း ၇သောင်း ၅ ထောင်ကျပ်နဲ့ pre order တင်လို့ရပါပြီ
အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နဲ့ မီးခိုးရောင် (Orchid Grey) တို့ကို Pre-Order မှာယူလို့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ စတင်ဝယ်ယူလို့ရမှာပါ။

Galaxy Note 8 က ၆.၃ လက်မ အရွယ်အစားရှိ Quad HD+ Super AMOLED Infinity မျက်နှာပြင်နဲ့ ပြုလုပ်ထားပါတယ်။
Note Series တွေမှာပါဝင်နေကျ S Pen ကိုလည်း ဖုန်းအတွင်း ရေးသားရန်၊ ပုံဆွဲရန်၊ အသုံးပြုရန်နဲ့ မိတ်ဆွေသူငယ်ချင်းများ ချိတ်ဆက်ရန် နည်းလမ်းသစ်များစွာဖြင့် အဆင့်မြင့် ဖန်တီးထားပါတယ်။


Pre-order များအတွက်
Pre-Order တင်သူများအတွက် မြန်မာကျပ်ငွေ ၁ သိန်းကျော် တန်ဖိုးရှိတဲ့ Wireless Charger နဲ့ Clear View Standing Cover တို့ကို လက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်။

Premium Care Service
Samsung Note 8 ၀ယ်ယူသူများကို Premium Care ၀န်ဆောင်မှုပေးမှာဖြစ်ပြီး Note 8 ၀ယ်ပြီး ၆လအတွင်း မှန်ကွဲတာတို့ဖြစ်ရင် အခမဲ့လဲလှယ်ပေးမှာဖြစ်ပါတယ်။


S Pen Translate
အဲ့ဒီအပြင် S Pen Translate လုပ်ဆောင်ချက်ဖြင့် ဘာသာပြန်လိုသည့် စာသားများကို တစ်လုံးချင်းစီသာမက တစ်ပိုဒ်ချင်းစီ ကို ဘာသာစကား ၇၁ မျိုးအထိ ဘာသာပြန်ပေးရမှာဖြစ်ပါတယ်။ မြန်မာမှာတော့ Unicode နဲ့ ရေးထားမှ ဘာသာပြန်ပေးနိုင်မှာဖြစ်ပါတယ်။

ကင်မရာ


မြင်ကွင်းကျယ်ပုံ (Wide-Angle) နဲ့ အဝေးမှ နေပြီး အနီးကပ်ပုံများရိုက်ကူးနိုင်တဲ့ (Telephoto Lens) ၂ မျိုးတို့ပါဝင်တဲ့အပြင် ၂ မျိုးလုံးမှာ Optical Image Stabilization (OIS) နဲ့ အတူ 12 Megapixel အနောက်ကင်မရာ ၂လုံးပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။
ပိုမိုအဆင့်မြင့်သော ဓာတ်ပုံရိုက်ကူးခြင်းများအတွက် Live Focus လုပ်ဆောင်ချက်နဲ့ ဓာတ်ပုံရိုက်ကူးပြီးတဲ့အခါ ပြန်လည်ကြည့်ရှုနိုင်တဲ့ Preview Mode တွင် Bokeh Effect အား ချိန်ညှိပြီး နောက်ခံအရောင်အား ထိန်းညှိစေနိုင်မှာဖြစ်ပါတယ်။


KBZ Bank နဲ့ အရစ်ကျ ချိတ်ဆက်ဝယ်လို့ရ
ပိုက်ဆံ တစ်လုံးတစ်ခဲတည်း ပေးပြီး မ၀ယ်ချင်သူတွေအတွက်လည်း Samsung က လုပ်နေကျ ပုံစံအတိုင်း KBZ Bank မှာ ပိုက်ဆံ ထည့်ထားရင် ၆လအတွင်း အရစ်ကျ အတိုးမဲ့ ၀ယ်ယူလို့ရမှာဖြစ်ပါတယ်။