မနှစ်က G5 စမတ်ဖုန်း ရောင်းအားကျဆင်းမှုကြောင့် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ LG ကုမ္ပဏီက ဒီနှစ်မှာတော့ တမူထူးခြားတဲ့ နည်းပညာတွေအသုံးပြုထားတဲ့ G6 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြန်ပါတယ်။

ဒါပေမယ့် G6 မိတ်ဆက်ပြီး ရက်သတ္တပတ်အနည်းငယ်မှာ Samsung ကုမ္ပဏီက Galaxy S8 ကို မိတ်ဆက်လိုက်ပြန်ပါတယ်။

Samsungကလည်း မနှစ်က ကဘဲ Galaxy Note 7 ကို မိတ်ဆက်ပြီး ၄ လအကြာမှာဘဲ ပေါက်ကွဲမှုတွေ ဖြစ်တဲ့အတွက် ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် မိုဘိုင်းဖုန်း ဈေးကွက်ကိုတော့ Galaxy S8 နဲ့ ပြန်လည် လှုပ်ခတ်လာပါတယ်။

ဈေးနှုန်း

ဈေးနှုန်းအားဖြင့်ဆိုရင် LG G6 က ဖုန်း Memory အပေါ်မူတည်ပြီး ဒေါ်လာ ၃၀ ကနေ ၁၀၀ ကြား Galaxy S8 ထက် သက်သာမှာ ဖြစ်ပါတယ်။ LG G6 က ဧပြီလ ၇ ရက်နေ့မှာ ဒေါ်လာ ၆၀၀ ကနေ ၇၀၀ ကြား ဈေးနှုန်းဖြင့် အမေရိကန်ပြည်ထောင်စုမှာ စတင်ဖြန့်ချီတော့မှာဖြစ်ပါတယ်။

Galaxy S8 ကတော့ အမေရိကန်ဒေါ်လာ ၇၅၀ လောက်နဲ့ ဧပြီလ အကုန်ပိုင်းလောက်မှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

ရေစိုခံ

LG G6 ဖုန်းကတော့ Samsung Galaxy S8 လိုဘဲ IP68 ရရှိပြီး ဒီ Unit က ရေအောက် ၁ မီတာ (၃ပေ) မှာ မိနစ် ၃၀ ကြာအထိ ထားရှိနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရပ် ရေကန်ထဲ ကျသွားတာမျိုး ဖုန်းအပေါ်ကို ကော်ဖီ မှောက်ကျတာမျိုးဆို စိုးရိမ်စရာ မရှိတော့ပါဘူး။

ဒီဇိုင်း

LG G6 ရဲ့ Display က Quad HD 5.7 လက်မ ရှိပြီး 18:9 Ratio ရှိတာကြောင့် ပုံမှန် 16:9 ထက်တော့ အနည်းငယ် ရှည်လာပါတယ်။

Galaxy S8 ကတော့ ခါတိုင်းလို မှန်အခုံးဖြစ်တဲ့အပြင် စခရင် ရဲ့ အရွယ်အစားကလည်း 5.1 လက်မ ကနေ 5.8 လက်မကို တိုးမြှင့်ထားပါတယ်။ ဖုန်းရဲ့ ဆိုဒ်ကို ကြီးလိုက်တာမဟုတ်ဘဲ အရင်ဖုန်းတွေရှိနေတဲ့ Home Button ကို သီးသန့်နေရာမထားတော့ဘဲနဲ့ ဖုန်စခရင်ထဲကို ထည့်သွင်းလိုက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

Galaxy S8 က ဒီဇိုင်းလှလှနဲ့ ပိုမို ပါးလွှာကာ အလေးချိန် 155 g သာ ရှိပါတယ်။ LG G6 ကတော့ ဒီဇိုင်းရိုးပေမယ့် လွတ်ကျနိုင်တဲ့ အခွင့်အရေးနည်းပြီး ကိုင်ရတာ ဆီးဆီးပိုင်ပိုင်ရှိကာ အလေးချိန်ကတော့ 163 g ရှိပါတယ်။

ကင်မရာ

LG G6 မှာက အနောက် ကင်မရာ ၂ လုံးရှိပါတယ်။ 13 Megapixel ကင်မရာတစ်လုံးနဲ့ 120 ဒီဂရီ မှန်ဘီလူးကျယ်ကို သုံးထားတဲ့ ကင်မရာ ၂လုံးပါဝင်တာကြောင့် ဓာတ်ပုံရိုက်ရာမှာ လွယ်ကူလှပစေမှာဖြစ်ပါတယ်။ အရှေ့ကင်မရာက 5 Megapixel ရှိပါတယ်။

LG G6 ကင်မရာရဲ့ ထူးခြားချက်က ကင်မရာ ရိုက်နေချိန်အတွင်းမှာဘဲ စခရင်ပေါ်မှာ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ၅ ပုံကို တပြိုင်နက်တည်း ပြသနေမှာဖြစ်ပါတယ်။ Instagram အသုံးပြုသူတွေ လွယ်ကူစေဖို့ Square Camera App ပါဝင်ပြီး လေးထောင့်ပုံစံ ဓာတ်ပုံတွေ ဖြစ်အောင် ရိုက်ကူးနိုင်ပါတယ်။

Galaxy S8 ရဲ့ အရှေ့ကင်မရာက 8 megapixel ရှိပြီး အနောက် ကင်မရာက 12 Megapixel ပါဝင်ကာ Storage ကတော့ 64g ဖြစ်ပါတယ်။

Bixby

Samsung ကုမ္ပဏီက ထုတ်လိုက်တဲ့ Galaxy S8 ရဲ့ ထူးခြားချက်တစ်ခုလည်းဖြစ်ပါတယ်။ Bixby Voice က ကိုယ်ဖုန်းမှာ touch လုပ်ပြီး ခိုင်းစေလို့ရသမျှကို ဖုန်းမှာ Touch မထိဘဲ အသံနဲ့ ဘဲ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

Bixby Vision ကတော့ ကိုယ်သိချင်တဲ့ ပစ္စည်းတွေကို ဓာတ်ပုံရိုက်လိုက်ပြီး Bixby Vision သုံးလိုက်တာနဲ့ အဲ့ဒီပစ္စည်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ချက်ခြင်းရှာပေးနိုင်ပါတယ်။ QR Codes တွေရော ဘာသာစကားတွေကိုပါ Google Translate အလိုအလျောက်သုံးပြီး ရှာဖွေပေးနိုင်ပါတယ်။ Bixby တစ်ခုလုံးက ကိုယ့်ရဲ့ ကိုယ်ရေးအရာရှိ (Personal Assistance) လို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

နည်းပညာ ကုမ္ပဏီကြီး ၂ခုရဲ့ ပြိုင်ဆိုင်မှုတွေရဲ့ အနိုင်အရှုံးကိုတော့ ဧပြီလကုန်လောက်မှာ စတင်စောင့်ကြည့်လို့ ရတော့မှာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=D8Ert5yjMV4

https://www.youtube.com/watch?v=841dtKrpz5U