Casio ဆိုတဲ့နာမည်ကတော့ နာရီပတ်လေ့ရှိတဲ့သူတွေအတွက်တော့ ရင်းနှီးပြီးသား နာမည်တစ်ခုဖြစ်မှာပါ။ Casio က ထုတ်လုပ်နေတဲ့ G Shock နာရီတွေနဲ့ Edifice Series နာရီတွေက အမြဲတမ်း နာမည်ကြီး Product တွေဖြစ်သလိုပဲ အခုအချိန်မှာလည်း Casio ကနေ အလန်းစား Smartwatch အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပါပြီ။

အခု Casio ကနေ ထုတ်လုပ်လိုက်တဲ့ Smartwatch ကိုတော့ Pro Trek Smart WSD-F30 လို့ နာမည်ပေးထားပြီးတော့ မနှစ်ကထုတ်လုပ်ထားတဲ့ WSD-F20 ရဲ့ မျိုးဆက်အနေနဲ့ ဖြစ်လာတာဖြစ်ပါတယ်။ အခု Smartwatch ဟာ တောင်တက်သမားတွေအတွက် ရည်ရွယ်ထားတဲ့အတွက် ဒီဇိုင်းကတော့ လုံးဝကို အကြမ်းခံနေအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ အကြမ်းခံနိုင်မှုအနေနဲ့ MIL-STE-810G ရှိမှာဖြစ်ပြီးတော့ 50m အထိကို ရေထဲကို ယူဆောင်သွားနိုင်မှာလည်းဖစ်ပါတယ်။

Screen ကိုလည်း ပိုကြီးအကြမ်းခံအောင် Dual-layer Display နည်းပညာကို အသုံးပြုထားပြီးတော့ 390×390 Pixels OLED Panel ကိုမှ အပေါ်ကနေ Monochrome LCD Display နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် OLED Display ကိုလည်း အသုံးပြုပြီး Smartwatch တစ်ခုလို ဖြစ်နိုင်သလို Monochrome Display နဲ့လည်း သာမန် နာရီလိုသုံးစွဲနိုင်မှာပါ။

အခု Casio ရဲ့ Smartwatch ဟာ Feature တွေအနေနဲ့လည်း စုံလင်ပြီးတော့ Google ရဲ့ Wear OS ကို အသုံးပြုထားတဲ့အပြင် Atmospheric Pressure တွေ ၊ Altitude Meter နဲ့ Compass Bearing တွေကိုပါ အသုံးပြုနိုင်မှာပါ။

Battery Life အနေနဲ့ကတော့ ပုံမှန်အားဖြင့် ၁ ရက်ခွဲခံမှာဖြစ်ပြီးတော့ Extended Mode မှာတော့ ၃ ရက်အထိ အသုံးပြုလို့ရမှာပါ။ ဒါမှမဟုတ် Monochrome LCD Display ကိုပဲ အသုံးပြုပြီးတော့ Mulit Timepiece Mode နဲ့ပဲ အသုံးပြုမယ်ဆိုရင်တော့ ၁ လကျော်လောက်အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Casio ဟာ အခု Pro Trek Smartwatch WSD-F30 ကို ဒေါ်လာ ၅၄၉ နဲ့ လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။