ကိုယ့် Facebook အကောင့်ကို Hack ပြီး ၀င်သုံးကာ ကိုယ့်အဖိုးတန် အချက်အလက်တွေ၊ ဓာတ်ပုံတွေ အလွဲသုံးစားလုပ်ခံရလေ့ရှိပါတယ်။

ဒီလို အခြေအနေမျိုးတွေဖြစ်နိုင်တာကြောင့် ကိုယ့် Facebook Account ကို ဘယ်ကွန်ပျုတာကနေ ၀င်လဲဆိုတာ သိအောင် လုပ်ထားဖို့အရေးကြီးပါတယ်။

Newsfeed ထဲကနေ Account Settings ထဲကို ၀င်ပါ။

Account Setting ထဲကနေ Security ထဲကို ၀င်ပါ။

ကိုယ်မသိတဲ့ ကွန်ပျုတာ၊ ဖုန်းတို့ကနေ Facebook ထဲ ၀င်ရင် အသိပေးတဲ့ Login Alerts ကို Edit လုပ်ပြီး ဖွင့်လိုက်ပါ။

ကိုယ့်အကောင့် တစ်ခုခုဖြစ်ရင် လှမ်းပြီး ဆက်သွယ်လို့ရတဲ့ ယုံကြည်ရတဲ့ Contacts တွေကို ထည့်ထားပေးပါ။ Trusted Contacts ကို Edit လုပ်ပြီး ထည့်လိုက်ပါ။

ကိုယ်အကောင့်ကို ဘယ်နေရာက၊ ဘယ်ကွန်ပျုတာက ၀င်လဲဆိုတာကို သိနိုင်မယ့် “Where You’re Logged in” ကို Edit လုပ်လိုက်ပါ။

ဒါဆိုရင်တော့ ကိုယ့် Facebook အကောင့် လုံခြုံရေး ပိုခိုင်မာသွားပါပြီ။

ကိုယ့် အနီးအနားမှာလုပ်မယ့် ပွဲတွေကို ကြည့်ချင်တယ်ဆိုရင်

ကိုယ့်ကို Facebook ကနေ တစ်ဆင့် ဖိတ်ထားတဲ့ ပွဲတွေကို မသွားချင်ဘဲ၊ တခြား ကိုယ့်အနီးအနားမှာ ဘာပွဲတွေရှိလဲ သိချင်ပါသလား။

Newsfeed ကနေ Events ထဲကို ၀င်လိုက်ပါ။

အဲ့ဒီမှာ မကျင်းပရသေးတဲ့ပွဲများ ကို (Upcoming Events) ထဲမှာ ရှာတွေ့နိုင်ပြီး၊ ကိုယ့်ကို ဖိတ်ထားတဲ့ပွဲတွေကိုတော့ (Invites) ထဲမှာ ရှာတွေ့နိုင်ပါတယ်။

အဲ့ဒီထဲမှာဘဲ ကိုယ့်သူငယ်ချင်းမွေးနေ့တွေကို သိချင်ရင် (Birthdays) ထဲ ၀င်ကြည့်လို့ရပါတယ်။

ပြီးသွားတဲ့ ပွဲတွေကို သိချင်ရင်တော့ (Past Events) ထဲမှာ ကြည့်လို့ရပါတယ်။